Skip to main content

Oct 16, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများသို့ရောက်ရှိပြီး ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ယန္တရားဂိုဒေါင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ သင်တန်းခန်းမ၊ စာသင်ဆောင်များအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 14, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ထားဝယ်)သို့ ရောက်ရှိပြီး သင်တန်းကျောင်းရှိ အုပ်ချုပ်မှုရုံး၊ စားရိပ်သာ၊ ကျောင်းသားနှစ်ထပ်အိပ်ဆောင်၊ ခြောက်ခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 14, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကကျောင်းသို့ သွားရောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက်၏ ပဓာနနာယကဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ ဒုတိယအဖွဲ့ခွဲ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ပိဋကတ်သုံးပုံအဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်နှင့် ဋီကာ ၁၈ အုပ်တို့ကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူမပျက် ပုံနှိပ်ထုတ်ဝေဖြန့်ချိနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို လျှောက်ထားပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူသည်၊၊

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 14, 2023

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 11, 2023

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ UMFCCI Office Tower မင်္ဂလာခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 11, 2023

ပြည်သူများ၏အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ပြည်တွင်း၊ ပြည်ပကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက တိုက်တွန်း ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 11, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန် - မန္တလေးအမြန်လမ်း ၃၉ မိုင် ဘောနက်ကြီး Rest Camp တွင် ပဲခူးမြစ်ရေကြီးမှုကြောင့် ရပ်နားထားသည့်ယာဉ်များ လိုရာခရီးသွားလာနိုင်ရေး၊ ယာဉ်များပိတ်ဆို့ မှုမရှိစေရေးနှင့် ယာဉ်လမ်းကြောင်းများ ပြတ်တောက်မှုမရှိစေရေးအတွက် လိုအပ်သည်များ ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 11, 2023

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းတွင် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှု များပြားခဲ့ခြင်းတို့ကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိရာ ဆည်တမံများထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့နယ်သို့ သွားရောက်ဆောင်ရွက်လျက်ရှိသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 05, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့်အတူ အောက်တိုဘာ ၁ ရက်က ဘားအံမြို့နယ် ဇာသပြင်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးနိုင်ဝင်းအောင်၏ ကာကီကင်း (ဥစားဘဲ) အကောင်ရေ ၁၃၇၀၀ နှင့် CP-ဝက်များ မွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုပြီး မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှု၊ အစားအစာဘေးကင်း လုံခြုံသော ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 05, 2023

ပဲမျိုးစုံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်