Skip to main content

ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ထားဝယ်)သို့ ရောက်ရှိပြီး သင်တန်းကျောင်းရှိ အုပ်ချုပ်မှုရုံး၊ စားရိပ်သာ၊ ကျောင်းသားနှစ်ထပ်အိပ်ဆောင်၊ ခြောက်ခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ လေးခန်းတွဲနှင့် နှစ်ခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာများ၊ ကော့သောင်းမြို့ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများကို  လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျေးရွာ ကျွန်းပတ်လမ်း ၁၄ မိုင် ဖောက်လုပ်ပြီးစီးမှုနှင့် အဆိုပါလမ်းပေါ်တွင် ပေ ၆၀ နှင့် ပေ ၇၀ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်မည့် နေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၃ ရက်တွင် ဇာဒက်ကြီးကျွန်း အရှေ့ဘက်ခြမ်း ကျွန်းပတ်လမ်း မြေသားလမ်း ၂၆ မိုင် ၁ ဖာလုံ ဖောက်လုပ်နေမှု Box Culvert ၂၆ စင်း တည်ဆောက်နေမှု၊ ပေ ၁၀၀ ၊ ပေ ၈၀ ၊ ပေ ၅၀ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်မည့် နေရာများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသော ၂၀ မိုင် ၁ ဖာလုံ အနက် ၁၀ မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 သတင်းစဉ်