Oct 26, 2025
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သင်တန်း ၁၈ ခု ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်စဉ် (၁၅) အထိ သင်တန်းဆင်းခဲ့ပြီးဖြစ်ရာ ကျရာတပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 24, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ ယမန်နေ့က မွန်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် လမ်းလုပ်ငန်းများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့အား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 24, 2025
ခွေးရူးရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရုံးအမှတ် (၃၆) အစည်းဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 23, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် သတင်းအရ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာ အနီးတွင် ငြိမ်းချမ်းမောင် (ခ) ကုလားလေး မောင်းနှင်လာသော FORLAND အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန် ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ထူးအောင်ကျော်အား စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စင်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ မန်တုံမြို့နယ်နေ ယောရှု (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း၊
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 19, 2025
ရေဆင်းတက္ကသိုလ်များနယ်မြေ တက္ကသိုလ်အားကစားကွင်း၏ မီတာ ၄ဝဝ ပြေးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ပရိသတ် ၅၂၀ ဆံ့ ပွဲကြည့်စင်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအားကစားကွင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒေါက်တာတင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်တို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 19, 2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြန်မာ-ထိုင်းနယ်စပ် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်းတစ်လျှောက် တူးဖော်ရေးနှင့် မြေထိန်းနံရံပြုလုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 19, 2025
(၈၇) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 19, 2025
ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်နှင့် ဖော်ထုတ်ထိန်းသိမ်းထားသော ဟံသာဝတီမြို့ဟောင်း ကျုံးနှင့် မြို့ရိုးတို့ကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 14, 2025
ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လုပ်ငန်းကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Oct 03, 2025
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 30, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစားသမားများ၏ လက်ရည်စမ်း (Sparring) ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 30, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာရှိ တောင်သူ ဦးမောင်သင်၏ ပေါင်းစည်းလယ်ယာဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် နို့စားနွား၊ ဒေသနွား၊ ဆိတ်နှင့် ဥဘဲမွေးမြူထားရှိမှု၊ ငါးမွေးမြူထားရှိမှုနှင့် အောင်နိုင်တိုး စပါး ၈၁ ဧက စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် မွေးမြူရေးသမားများကို စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆိုင်ရာ လိုက်နာဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 30, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေ တစ်သက်တာဆု စိစစ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဆုရွေးချယ်ရေးနှင့် စာပေဆုချီးမြှင့်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 28, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကျောက်ဆည်ကန် ယာယီအစီအစဉ်ဖြင့် မိုးစပါးဧက ၁၅၀၀ ကျော်အား စိုက်ပျိုးရေပေးဝေနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 27, 2025
လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း (မိတ္ထီလာ) ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 27, 2025
ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းမှ သင်ကြားရေးနှင့် ရုံးလုပ်ငန်းပစ္စည်းကိရိယာများ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Mongkol Visitstump နှင့် သံရုံးတာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 26, 2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အမျိုးသားစီမံကိန်းဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများဖြစ်သည့် ကျောင်းသား ကျောင်းသူများ၊ လူရည်ချွန်ဆုရကျောင်းသားနှင့် သင်တန်းထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ချီးမြှင့်ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစီမံကိန်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 25, 2025
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အဖွဲ့ဝင်များ၊ ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ ပိုးသတ်ဆေးတင်သွင်းရောင်းချသူများ၊ သီးနှံတင်ပို့ရောင်းချသည့် လုပ်ငန်းရှင်နှင့် တောင်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 25, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားဥယျာဉ်စီမံကိန်းတွင် ဆောက်လုပ်လျက်ရှိသော အားကစားရုံနှင့် ဘောလုံးကွင်း၊ အားကစားသမားအိပ်ဆောင်များ၊ စားရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး အားကစားဥယျာဉ်လုံခြုံရေးကိစ္စရပ်များ၊ အားကစားခန်းမအချိန်မီပြီးစီးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးမှာကြားကာ ကားရပ်နားရန်နေရာနှင့် ရေကူးကန်ဆောက်လုပ်ရန် လျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 25, 2025
“မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး မဲခေါင်-လန်ချန်း နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှု လွယ်ကူချောမွေ့မှုမြှင့်တင်ခြင်းစီမံကိန်း” ၏ သုတေသနရလဒ်များ မျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ဟိုတယ်ဇုန်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
