Skip to main content
Nov 30, 2020
“နတ္ထိဝိဇ္ဇာ သမံမိတ္တံ” ၊ “ပညာနှင့်တူသော မိတ်ဆွေမရှိ” ဆောင်ပုဒ်နှင့်အညီ မိမိရင်ခွင်တွင် ခိုလှုံပညာသင်ကြားသူအားလုံးကို ပညာရပ်မိတ်ဆွေအသီးသီးနှင့် တွေ့ဆုံပေးရာ ရန်ကုန် တက္ကသိုလ်ကြီးသည် ယခုအချိန်၌ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ခေတ်စနစ်အမျိုးမျိုးကို မည်သို့ပင် ဖြတ်သန်းခဲ့ရသည်ဖြစ်စေ အမိတက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားသူ ကျောင်းသား ကျောင်းသူများ၊ တာဝန်ထမ်းဆောင်သူ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ အားလုံးသည် အမိတက္ကသိုလ်ရှင်သန်ဖွံ့ဖြိုးနိုင်ရန် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည်။ ပညာရပ်ဆိုင်ရာပွဲများ၊ အားကစား၊ အနုပညာ၊ လူမှုရေး၊ ပညာရပ် အသင်းအဖွဲ့လှုပ်ရှားမှုများ စသည့် ကျောင်းခန်းပြင်ပ လှုပ်ရှားမှုများသည် အမိတက္ကသိုလ်၏ အနှစ်သာရကို ပါဝင်ဖော်ဆောင်ပေးနေသော အရာများဖြစ်ပါသည်။
Nov 30, 2020
ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် အချိန် အခါသမယမှာ ရာပြည့်အထိမ်းအမှတ် စာစောင်တွေ ကိုဖတ်ရင်း အမိတက္ကသိုလ် မှာသူငယ်ချင်းများနဲ့ ပျော်ပါးစွာ ကျောင်းတက်ခဲ့ပုံ အကြောင်း ပြန်ပြောင်းတွေးတော မိပါတယ်။
Nov 30, 2020
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ သူ ဒေါက်တာစိုးရင် ပါမောက္ခချုပ်(ငြိမ်း)အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်-
Nov 30, 2020
ကျွန်မ ရန်ကုန်တက္ကသိုလ်ကို ၁၉၆၆ ခုနှစ်မှာ စတင်ရောက်ပါသည်။ နယ်ကောလိပ်မှာ ဒုတိယ နှစ်အောင်ပြီးမှ တတိယနှစ် ကျောင်းသူအဖြစ် ရောက်ရှိခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍ ဘွဲ့ရ အလုပ်ဝင်ပြီး ၂၀၀၆ ခုနှစ် အငြိမ်းစား ယူပြီးသော်လည်း ပါရဂူတန်းများ စာပြခြင်း၊ ပါရဂူ ကျမ်းများ ကြီးကြပ်ခြင်း၊ ကျမ်းစစ်ဆေးခြင်းများဖြင့် ယနေ့တိုင် ရန်ကုန်တက္ကသိုလ်အရိပ် ခိုလှုံနေဆဲ ဖြစ်ပါသည်။
Nov 30, 2020
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အနေဖြင့် ကြေးမုံသတင်းစာအထူးကဏ္ဍတွင် ကျောင်းသား‌‌ ကျောင်းသူ ဟောင်းများက ဆောင်းပါးပေါင်းစုံ‌ရေးသားကြရာ အားပါတရ တဝကြီးဖတ်ရသဖြင့် များစွာဝမ်းသာ ကျေးဇူးတင်မိပါသည်။ ရသစုံခံစားရပါသည်။ ရန်ကုန် တက္ကသိုလ်၏ သမိုင်း၊ မြကျွန်းညိုတက္ကသိုလ်၏ အလှ၊ ပျော်ရွှင်ဖွယ်ရာ၊ လွမ်းဆွတ်ဖွယ်ရာ အဖြစ်အပျက်များကို ပြန်ပြောင်းသတိရမိပါသည်။ ပြန်မရနိုင်သော အချိန်အခါ များဖြစ်သည်မို့ မြတ်နိုးစွာ တန်ဖိုးထားမိပါသည်။
Nov 29, 2020

ဟေမန္တဆောင်းရာသီ၏ အအေးဓာတ်က အင်းလျား ကန်ပေါင်တစ်လျှောက်တွင် နံနက်ခင်း နေခြည်နုနု အောက်၌ ကျန်းမာရေးအတွက် လမ်းလျှောက်ကြသူများ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း လုပ်နေကြသူများ၊ အပြေးလေ့ကျင့်နေသူများဖြင့် စည်ကားလျက်ရှိသည်။ အရောင်အသွေးမျိုးစုံတို့ဖြင့် အင်းလျားကန်ကို အလှ ဆင်၍နေသည်၊၊ ကန်ပေါင်ပေါ်ရှိ ခုံတန်းလျားများပေါ် တွင်လည်း အမောအပန်းဖြေနေကြသူများ၊ မြက်ခင်း ပေါ်ရှိ စိုစွတ်နေသော နှင်းစက်များပေါ်တွင် ထိုင်နေကြသူ များဖြင့် ပနံရ၍နေသည်။

Nov 29, 2020
အမိရန်ကုန်တက္ကသိုလ်ကြီး အသက်တစ်ရာပြည့်ချိန်တွင် ကျွန်တော်သည် အသက် ၈၀ ပြည့်ပြီး ဖြစ်နေပါသည်။ အမိတက္ကသိုလ်နှင့် ကျွန်တော်သည် အသက် ၂၀ မျှသာ ကွာသဖြင့် အတန်းပညာအစဉ်အတိုင်းတွက်လျှင် ၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ်ဘွဲ့ရရမည် ဖြစ်သည်။ သို့သော် ကျွန်တော်၏ ပညာရေးဘဝက ဤသို့ မဖြစ်ခဲ့ပါ။
Nov 29, 2020
တန်ဆောင်မုန်းလပြည့်နေ့ဟာ သာမညဖလ အခါတော် နေ့ ဖြစ်သလို ဒီနေ့ဒီညမှာတော့ မြန်မာ့ရိုးရာပွဲတော်တွေ ထဲက အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင် ပွဲတော်ကို ကျင်းပကြလေ့ရှိပါတယ်။ ဒါ့အပြင် ထိုနေ့ ထိုညအား ကျီးမနိုးပွဲ ည၊ ဆေးပေါင်းခတဲ့ည လို့လည်း ခေါ်ကြပြီး နိဗ္ဗာန်ဈေးခင်းခြင်း၊ ပံ့သကူပစ်ခြင်းနဲ့ ဆေးဖက်ဝင် ဆေးဝါးတွေကို ဖော်စပ်ခြင်း စတဲ့ မြန်မာ့ ရိုးရာ ချစ်စရာဓလေ့တွေလည်း များပြားစွာရှိတာ လေ့လာ ရပါတယ်။
Nov 29, 2020
စာရေးသူ ဆယ်တန်းအောင်တော့ ၁၉၇၁ ခုနှစ်ပေါ့။ ဇာတိက မိတ္ထီလာ၊ ဘာသာတွဲက ဝိဇ္ဇာ/သိပ္ပံဆိုတော့ အဲဒီအချိန်က တောင်ကြီးနှင့် မကွေး ဒီဂရီကောလိပ်တွေကို တစ်လှည့်စီ ကျောင်း တက်ရတယ်။ စာရေးသူတို့အောင်တဲ့နှစ်က မကွေးကောလိပ်ကို အလှည့်ကျခဲ့တယ်။ ဒီတော့လည်း အဓိပတိလမ်းက ခုံတန်းရှည်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင်၊ ကံ့ကော်ပန်းတွေနှင့် လွမ်းစရာ့ ရန်ကုန်တက္ကသိုလ်အိပ်မက်ဟာ အဝေးမှာ ကျန်ခဲ့ပါတော့တယ်။