နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မြဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားမှုကို ပြန်လည်ဖြေကြားခြင်း
မေး(၁)။ မေလ ၂၈ ရက်နေ့ ည ၁၀ နာရီ ၄၅မိနစ် အချိန်က မြိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ မှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ဗုံးကွဲမီးလောင်မှုကြောင့် အဆက်အအုံတစ်ခု မီးလောင်ကျွမ်းပျက်စီးမှုဟာ စစ်ကောင်စီလက်ချက်လို့ မေလ ၂၉ ရက်နေ့ ခေတ်သစ်မီဒီယာက သတင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မှန်/မမှန် သိလို ပါတယ်ခင်ဗျာ။
ဖြေ။ ။မေလ ၂၉ ရက်နေ့မှာ ခေတ်သစ်မီဒီယာက တင်ထားတဲ့ မြိုင်မြို့နယ် အထက(၂) ကျဝင်း ကွဲထဘာ တပ်မတော်ကို ဆိုတဲ့သတင်းကတော့ လုပ်ကြံသတင်းပါ။ ကျောင်းအပ်နှံရေးကာလ COVID-19 ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ထားခဲ့ရတဲ့အတွက် ကလေးတွေ ပညာရေးမှာ တစ်နှစ်လည်း နောက်ကျပြီးပါပြီ။ ဒါကို COVID-19 ရောဂါ ကာကွယ်ရေးစည်းမျဉ်းတွေနဲ့ အညီ ကျောင်းတွေပြန်လည် ဖွင့်လှစ်ပြီး ပညာရေး နောက်ကျမှုမဖြစ်စေဖို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ အလေးထားဆောင်ရွက်နေတာကို ကျောင်းမတက်ရေး လှုံ့ဆော်မှုတွေ၊ ဆရာ ဆရာမတွေကို CDM လုပ်ဖို့ ဖိအားပေးနေတာတွေကို အကြမ်းဖက်အဖွဲ့ တွေက လုပ်ဆောင်နေတာကိုလည်း အားလုံးမြင်နေ၊ တွေ့နေကြရတာပဲ။ စာသင်ကျောင်းတွေ ပြန်လည်မဖွင့်လှစ်နိုင်ဖို့ နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတာလည်း အလုံးသိပြီးသားပါ။ ဒီမြိုင် အထက (၂) မီးလောင်တဲ့ဖြစ်စဉ်ကလည်း NUG နဲ့ CRPH ပြည်ပြေးအဖွဲ့ကို ထောက်ခံတဲ့ အကြမ်းဖက်ဆူပူသူတွေရဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။
မေး(၂)။ SNA ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ စဝ်ခွန်ကျော်ကို အာဏာသိမ်းစစ်တပ်က လုပ်ကြံခြင်းဖြစ်ကြောင်း SNA ပြောခွင့်ရ ဗိုလ်မှူးကြီးအဆင့်ရှိသူ ဆေးစိုင်းထွန်း က ဧရာဝတီ က သတင်းဖော်ပြထားတာကို တွေ့ရှိရပါ တယ်။ ဒါနဲ့ပတ်သက်ပြီး မှန်/မမှန် သိလိုပါတယ်ခင်ဗျာ။
ဖြေ။ SMA ရဲ့ ဒုဦးစီးချုပ်ဆိုသူဟာ ယခင်က ABSDF အဖွဲ့ကပါ။ ပါဂျောင်မှာဖြစ်တဲ့ ကျောင်းသားတွေကို အစုလိုက် အပြုံလိုက် လူမဆန်တဲ့နည်းတွေနဲ့ သတ်ခဲ့သူ၊ ကျောင်းသူအချင်းချင်း လူမြင်ကွင်းမှာ လိင်ဆက်ဆံစေသူဆိုပြီး နာမည်ကြီး ပါဂျောင်လူသတ်ပွဲရဲ့ တရားခံလို့လည်း အမည်ရှိသူပါ။ ကြိုးလေးကြိုး သေဒဏ်ပေးခံရပြီး ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ထဲပါလာလို့ အငြင်းပွားခံနေရတဲ့ သူလည်းဖြစ်ပါတယ်။ မြေပြင်သတင်းအရတော့ သူ့အဖွဲ့က မကြိုက်တဲ့ အခြားလက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ကို ဆက်သွယ်ရာကနေ အဖွဲ့အတွင်း သဘောထားကွဲလွဲတာတွေ ရှိတယ်လို့တော့ ကြားသိရပါတယ်။
မေး(၃)။ တပ်မတော်စစ်ကြောင်းက စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အင်တိုင်းကြီးကျေးရွာကို ၂၉ ရက်နေ့ နေ့လယ် ၁နာရီခွဲခန့်က ကားတွေနဲ့ရောက်ရှိလာပြီး ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ သောက်စားမူးယစ်ခြင်းများ ပြုလုပ်ပြီး ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြန်သွားကြောင်းနဲ့ ဦးတင်အေး (NLD လက်ထက်အုပ်ချုပ်ရေးမှူးဟောင်း) အိမ်ကနေ ငွေ ၈ သိန်း၊ ရွှေဆွဲကြိုးနဲ့ လက်စွပ်များ ယူဆောင်သွားကြောင်း၊ အခြားရွာသားများအိမ်မှ ပဲဆီ ၂ လုံး၊ ဘီယာဖာများ၊ မှန်၊ ပေါင်းအိုး၊ အအေးဘူး အပါအဝင် စားသောက်စရာများ လုယူသွားကြောင်း Khit Thit Media က ဖော်ပြထားတာ တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မှန်/မမှန် သိရှိလိုပါတယ်ခင်ဗျာ။
ဖြေ။ ။ဒီသတင်းနဲ့ပတ်သက်ပြီး ခင်ဦးမြို့နယ် အင်တိုင်းကြီးကျေးရွာဘက်မှာ တပ်မတော်နဲ့ ရဲကနေပြီး လုံခြုံရေးဆောင်ရွက်နေတာမရှိပါဘူး။ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မင်းမဲ့စရိုက်ဆန်တာတွေ လုပ်ဆောင်လို့မရပါဘူး။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေ ရှိပြီးသားပါ။ အဲဒီလို လုပ်ဆောင်မှုတွေရှိရင်လည်း စစ်ဆေးပြီး အရေးယူရတာပါ။ တကယ်ဖြစ်ခဲ့တယ်ဆိုရင် မီဒီယာကနေ ပြောနေမယ့်အစား တရားဝင်အထောက်အထားတွေနဲ့ တိုင်ကြားလို့ရပါတယ်။ ဒါကြောင့် လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်တဲ့သတင်းမှားသာ ဖြစ်ပါတယ်။
မေး(၄)။ Mizzima-News In Burmese က မေလ ၃၀ ရက်နေ့မှာ ဖော်ပြတဲ့ သတင်းထဲမှာ တပ်မတော်က ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာ ရက်ပေါင်း ၁၀၀ ကျော်အတွင်း အပြစ်မဲ့ပြည်သူ ၈၀၀ ကျော် ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုပြီး ဖော်ပြထားတာတွေ့ရှိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဖြစ်မှန်သိချင်လို့ပါ ခင်ဗျာ။
ဖြေ။ ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာ ရက်ပေါင်း ၁၀၀ အတွင်း ပြည်သူ ၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းကတော့ဗျာ ဖတ်ကြည့်တာနဲ့ လုပ်ကြံဖန်တီးထားတဲ့သတင်း ဆိုတာ သိသာနေတာပဲ။ ဒီသတင်းမီဒီယာအနေနဲ့ နိုင်ငံပျက်စီးရာပျက်စီးကြောင်းနဲ့ ပြည်သူတွေ စိုးရိမ်ကြောက်လန့်အောင် ကောလာဟလသတင်းတွေ အမြဲတမ်းထုတ်လွှင့်နေတာပါ။ ဒီသတင်းဌာနကတင်တဲ့ သတင်းတွေကို ပြည်သူတွေအနေနဲ့ ချင့်ချိန်ပြီး နားထောင်ကြဖို့ တိုက်တွန်း ပါတယ်။
မေး(၅)။ NLD ပါတီဝင်ကို စစ်တပ်က ဖမ်းမမိတဲ့အတွက် သားသမီးတွေကို ဖမ်းဆီးပြီး ရွှေထည် ကျပ်သိန်း ၃၀၀ ကျော်ဖိုးယူသွားတယ်လို့ DVB သတင်းဌာနက ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အဖြစ်မှန် သိလိုပါတယ် ခင်ဗျာ။
ဖြေ။ မေလ ၂၇ ရက်နေ့က ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ကို ဧည့်စာရင်းစစ်ဆေးခဲ့တာ ရှိပါတယ်။ အဲဒီလိုစစ်ဆေးတဲ့အခါမှာ တပ်၊ ရဲနဲ့ ရပ်ကွက်က တာဝန်ရှိသူတွေပါ ပါတယ်။ လမ်း ၅၀ နဲ့ ၅၁ လမ်းကြား၊ ၁၀၅(A) လမ်းမှာရှိတဲ့ NLD ပါတီ ရပ်/ကျေး ဘဏ္ဍာရေးမှူး ဒေါ်မေသူ အိမ်ကို စစ်ဆေးတဲ့အခါမှာလည်း ကလေးတွေကိုပဲတွေ့လို့ သူတို့အမေဘယ်သွားလဲ မေးခဲ့တာပဲရှိပါတယ်။ ဖမ်းတာဆီးတာမရှိပါဘူး။ ရွှေသိန်း ၃၀၀ ဖိုးနဲ့ ငွေ ၁၀ သိန်းယူတယ်ဆိုတာလည်းမဟုတ် ပါဘူး။ လီဆယ်လုပ်ကြံပြီး သတင်းမှား ဖြန့်ချိတာပဲ ဖြစ်ပါတယ်။
Myanmar Now သတင်း Page ကလည်း ဒီငွေသိန်း ၃၀၀ ကျော် ရွှေနဲ့ငွေ ယူသွားတာကို ကာယကံရှင်က အတည်ပြုတယ်လို့ ရေးထားတာပဲ တွေ့ရပါတယ်။ အဖြေကတော့ ရှင်းရှင်းလေးပါ။ တပ်မတော်က ဧည့်စာရင်းဝင်စစ်ချိန် ရဲနဲ့ ရပ်ကွက်က တာဝန်ရှိသူ အရပ်သားတွေပါပါတယ်။ လူအများကြီးပါ။ ပစ္စည်းကိုယူရင် အရေးယူခံရမှာပါ။ အပေါင်ဆိုင်ဖြစ်တဲ့အတွက် အပေါင်ဆိုင်ပိုင်ရှင် ဒေါ်မေသူက ပစ္စည်းတွေယူသွားတယ်လို့ လီဆယ်လုပ်ကြံပြီး ပစ္စည်းအပျောက်ပျောက်တာပဲ ဖြစ်နိုင်ပါတယ်။