ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများပေါ် လေ့လာခြင်း (ဂျပန်နိုင်ငံ)
မေမြန်မာ
နိဒါန်း
ဂျပန်နိုင်ငံ၏အမည်ကို ဖော်ကျူးထားသောစကားလုံးများမှာ "နေမှဆင်းသက်လာသော တိုင်းပြည်”ဟု အဓိပ္ပာယ်ရပြီး လူဦးရေ ၁၂၈ သန်းခန့်ရှိ၍ ကမ္ဘာပေါ်တွင် ဒသမမြောက် လူဦးရေအများဆုံး နိုင်ငံဖြစ်ပါသည်။
ဂျပန်နိုင်ငံ၏လွှတ်တော်ရေးရာနိုင်ငံရေးစနစ်မှာ ဗြိတိန်နိုင်ငံ တွင် ကျင့်သုံးသည့်စနစ်နှင့် လွန်စွာနီးစပ်မှုရှိပြီး အောက်လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့အနက်မှတစ်ဦးအား ဝန်ကြီး ချုပ်အဖြစ် ရွေးချယ်အဆိုပြုနိုင်သည်။ ဝန်ကြီးချုပ်မှာ အများအားဖြင့် အနိုင်ရပါတီ၏ ခေါင်းဆောင်ဖြစ်ပြီး အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူကာ ၎င်းနှင့်နိုင်ငံရေး မူဝါဒတူသူများဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းသည်။ ဘုရင်အကီဟီတိုသည် ဂျပန်နိုင်ငံ၏ ဦးသျှောင် ဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် ရေးသားခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်နှင့် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှု အမှတ်အသား လည်း ဖြစ်သည်။
လွှတ်တော်များနှင့် ဥပဒေပြုရေး
ဂျပန်နိုင်ငံတွင် Shugi-in သို့မဟုတ် House of Representatives ဟုခေါ်သည့် အောက်လွှတ်တော်နှင့် Sang-in သို့မဟုတ် House of Councilors ဟုခေါ်သည့် အထက်လွှတ်တော်ဟူ၍ လွှတ်တော် နှစ်ရပ်ရှိသည်။ လွှတ်တော်နှစ်ရပ်အနက် အောက်လွှတ်တော်တွင် ပိုမိုအာဏာရှိသည်။ ဥပမာအားဖြင့် အောက်လွှတ်တော်တွင် ဆွေးနွေးအတည်ပြုပြီးသော ဥပဒေကြမ်းတစ်ရပ်အား အထက် လွှတ်တော်က ပယ်ချခဲ့လျှင် အောက်လွှတ်တော်၌ ဆန္ဒမဲ သုံးပုံ နှစ်ပုံ ဖြင့် ထပ်မံမဲခွဲအတည်ပြုနိုင်ပါက ယင်းဥပဒေကြမ်းအား အတည်ပြု နိုင်သည်။
အောက်လွှတ်တော်နှင့် ဒေသန္တရလွှတ်တော်အများစုအတွက် ဝင်ရောက်ယှဉ်ပြိုင်သူများအတွက် အသက် သတ်မှတ် ချက်မှာ ၂၅ နှစ်ဖြစ်ပြီး အထက်လွှတ်တော်နှင့်စီရင်စု မြို့တော်ဝန်ရွေးကောက်ပွဲ များအတွက် အသက်သတ် မှတ်ချက်မှာ ၃ဝ ဖြစ်သည်။ Single-Seat Constituency စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင် သူများ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်တင်သွင်းငွေမှာ ဂျပန်ယန်း သုံးသန်း (အမေရိကန်ဒေါ်လာ ၂၇၀၀၀) ဖြစ်ပြီး PR စနစ်အတွက် ဂျပန်ယန်း ခြောက်သန်း (အမေရိကန်ဒေါ်လာ ၅၄၀၀၀) ခန့် ဖြစ်သည်။ အောက်လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းအတွက် အသက်သတ်မှတ်ချက်မှာ ၂၅ နှစ်ဖြစ်ပြီး အထက် လွှတ်တော်အတွက် အသက်သတ်မှတ်ချက်မှာ ၃၀ ဖြစ်ပါသည်။
အောက်လွှတ်တော် (House of Representatives)
Shugi-in Soupos House of Representatives peale အောက်လွှတ်တော်တွင် ယခင်က အမတ်နေရာ ၄၇၅ နေရာရှိပြီး ၂၀၁၇ ခုနှစ်တွင်၄၆၅ နေရာသို့လျှော့ချသည်။ အမတ်နေရာ ၂၈၉ နေရာအား single member constituency (ကိုယ်စားလှယ်တစ်ဦး တည်းရွေးချယ်သည့်မဲအများဆုံးရသူအနိုင်ယူ) စနစ်ဖြင့် ရွေးချယ်ပြီး ကျန် ၁၇၆ နေရာအား Closed- list PR ဖြင့် ရွေးကောက်တင်မြှောက်သည်။ အောက်လွှတ်တော်၏သက်တမ်းမှာ လေးနှစ်ဖြစ်ပြီး ကိုယ်စား လှယ် တစ်ဝက်စီအတွက် ရွေးကောက်ပွဲများကို လေးနှစ်တစ်ကြိမ် ကျင်းပသည်။ အမတ်နေရာ အား လုံးအတွက် တစ်ပြိုင်နက်တည်း ရွေးကောက်တင်မြှောက်မှုမဖြစ်စေရန် စီစဉ်ဆောင်ရွက် ရသည်။ အမတ်နေရာ ၁၇၆ နေရာအတွက် closed-list PR စနစ်ကိုကျင့်သုံးပြီး မဲဆန္ဒရှင်များက တိုက်ရိုက် ရွေးကောက်တင်မြှောက်သည်။ ကျန်နေရာ ၂၈၉ နေရာအတွက် single member constituency (ကိုယ်စားလှယ် တစ်ဦးတည်းရွေးချယ်သည့် မဲအများဆုံးရသူ အနိုင်ယူ) စနစ်ကို ကျင့်သုံးသည်။
အထက်လွှတ်တော်(House of Councilors)
Sangi-in Soupos House of Councilors ဟုခေါ်သည့် အထက်လွှတ်တော်တွင် ယခင်က လွှတ်တော်အမတ် ၂၄၂ နေရာ ရှိသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် အတည်ပြုကျင့်သုံးခဲ့ သည့် ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ချက်အရ စုစုပေါင်းလွှတ်တော် နေရာ ၂၄၈ နေရာရှိလာခဲ့ပြီး မဲအများဆုံးရသူအနိုင်ယူစနစ် (Majority) ဖြင့် ရွေးချယ်သည့် အမတ်နေရာအား ၁၄၆မှ ၁၄၈ နေရာသို့ တိုးမြှင့်ပြောင်းလဲခဲ့ပြီး အချိုးကျစနစ် (Proportional Representation) ဖြင့်ရွေးချယ်သည့် အမတ်နေရာများအား ၉၆ နေရာမှ ၁၀၀ သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ အထက်လွှတ်တော်၏သက်တမ်းမှာ ခြောက်နှစ်ဖြစ်ပြီး ရွေးကောက်ပွဲများကို သုံးနှစ်တစ်ကြိမ် ကျင်းပသည်။ အမတ်နေရာ ၁၀၀ အတွက် PR စနစ်ကိုကျင့်သုံးပြီး မဲဆန္ဒရှင်များက တိုက်ရိုက်ရွေး ကောက်တင်မြှောက်သည်။ ၁၄၈ နေရာအတွက် Majority စနစ်ကို ကျင့်သုံးသည်။ ထို့ကြောင့် သုံးနှစ်လျှင်တစ်ကြိမ် single nontransferable စနစ်ဖြင့် ၇၄ နေရာစီ၊ Open-list PR ဖြင့် ၅၀ နေရာစီကို ရွေးချယ်သည်။
ရွေးကောက်ပွဲများနှင့်မဲပေးခြင်းစနစ်
ဂျပန်နိုင်ငံတွင် ရွေးကောက်ပွဲအမျိုးအစား သုံးမျိုးရှိပါသည်။ အထက်လွှတ်တော်ရွေးကောက်ပွဲ၊ အောက်လွှတ် တော် ရွေးကောက်ပွဲနှင့် ဒေသန္တရရွေးကောက်ပွဲများဖြစ်ပြီး အောက်လွှတ်တော်ရွေးကောက်ပွဲကို လွှတ်တော်အား ဆောလျင်စွာ ဖျက်သိမ်းသည့်အခြေအနေတစ်ရပ်မှ လွဲ၍ လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပပါသည်။ အထက် လွှတ်တော် ရွေးကောက်ပွဲများအား သုံးနှစ်တစ်ကြိမ်ကျင်းပပြီး ဒေသန္တရ ရွေးကောက်ပွဲ များကို သက်ဆိုင်ရာ စီရင်စုနှင့် မြူနီစီပယ်များတွင် လေးနှစ်တစ်ကြိမ် ကျင်းပပါသည်။ ရွေးကောက်ပွဲများအား ရွေးကောက်ပွဲ စီမံခန့်ခွဲရေး ဗဟိုကောင်စီ၏ ညွှန်ကြားမှုအောက်ရှိ အုပ်ချုပ်မှုအဆင့်တိုင်းတွင် ဖွဲ့စည်းထားသော ရွေးကောက်ပွဲ အုပ်ချုပ်ရေးကော်မရှင်များက ကြီးကြပ် ကျင်းပပါသည်။ ရွေးကောက်ပွဲစီမံခန့်ခွဲရေး ဗဟိုကောင်စီသည် ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရှိ အထူးအစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ မဲပေးခြင်းစနှစ်မှာ မဲမပေးမနေရစနစ်မဟုတ်ဘဲ အသက် ၂၀ ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရှိခြင်းအစား အသက် ၁၈ နှစ်ပြည့်လျှင် မဲပေးခွင့်သတ်မှတ်ချက်အား ၂၀၁၆ ခုနှစ် ဇွန်လတွင် ပြင်ဆင်သတ်မှတ်ခဲ့ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများသာ မဲပေးခွင့်ရှိသည်။
အောက်လွှတ်တော်ရွေးကောက်ပွဲများကျင်းပရာတွင် အမတ်နေရာ များကို နည်းလမ်းနှစ်မျိုးဖြင့် ရွေးချယ်သည့်အတွက် ဂျပန်နိုင်ငံသား များအနေဖြင့် ဆန္ဒမဲ နှစ်မျိုးပေးရပြီး တစ်မျိုးမှာ ကိုယ်စားလှယ်လောင်း များကိုပေးခြင်းဖြစ်ကာ အခြားတစ်မဲမှာ ပါတီအတွက် ရွေးချယ်ပေးရ ခြင်းဖြစ်သည်။ မဲပေးခြင်းနှစ်မျိုးအနက် ပထမတစ်မျိုးမှာ Single-seat constituency ဖြစ်ပြီး မဲဆန္ဒရှင်များသည် သက်ဆိုင်ရာ မဲဆန္ဒနယ် (ခရိုင်) တစ်ခုစီတွင် ကိုယ်စားလှယ်လောင်းစာရင်းမှ နှစ်သက်ရာပုဂ္ဂိုလ် ကို ရွေးချယ်မဲပေးရပြီး မဲအများဆုံးရရှိသူက အနိုင်ရသည်။ ဒုတိယမဲမှာ ပြည်နယ်တစ်ခုစီတွင် မဲဆန္ဒရှင်များသည် မိမိနှစ်သက်ရာပါတီကို စာရင်းမှ ရွေးချယ်မဲပေးခြင်းဖြစ်သည်။ ၎င်းတို့ရရှိသည့် မဲရာခိုင်နှုန်းများ အလိုက် အောက်လွှတ်တော်တွင် ကိုယ်စားလှယ်နေရာများ ခွဲဝေရရှိ သည်။
ဥပမာအားဖြင့် အောက်လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၄၇၅ နေရာရှိသည်။ ဂျပန်နိုင်ငံတွင် ရွေးကောက်ပွဲခရိုင် ၂၉၅ ခရိုင်ဟူ၍ ခွဲခြားသတ်မှတ်ထားသဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ် ခရိုင်အလိုက် မဲဆန္ဒရှင်များသည် ၎င်းတို့အားကိုယ်စားပြုမည့် ကိုယ်စားလှယ် လောင်းများကို မဲပေးရွေးချယ်ရသည်။ ကျန်နေရာ ၁၈၀ ကို Proportional Representation ဖြင့်ရွေးချယ်တင်မြောက်သည့် အတွက် နိုင်ငံတစ်နိုင်ငံလုံးအား မဲဆန္ဒနယ် ၁၁ နယ်အဖြစ် ခွဲခြား သတ်မှတ်သည်။ အဆိုပါ မဲဆန္ဒနယ်တစ်နယ်အတွင်းရှိ မဲဆန္ဒရှင်များ သည် သက်ဆိုင်ရာ နိုင်ငံရေးပါတီများကို မဲပေးကြရပြီး ပါတီများက ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြသည်။ ပါတီအလိုက်ရရှိသည့် မဲအရေအတွက်အပေါ် မူတည်ပြီး လွှတ်တော် အတွင်းတွင် ကိုယ်စားလှယ်နေရာများ ရရှိကြသည်။
ထို့ကြောင့် ဂျပန်နိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် ရွေးကောက်ပွဲ စနစ်အရ အောက်လွှတ်တော် ရွေးကောက်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင် သည့် ကိုယ်စားလှယ်လောင်းများသည် single-seat constituency တွင် အနိုင်မရရှိသော်လည်း multi-seat constituency (proportional representation) ဖြင့်ပေးသည့် မဲများဖြင့် ကိုယ်စားလှယ်လောင်း ဖြစ်ခွင့်ရှိနေပါသည်။
မဲဆန္ဒရှင်စာရင်းနှင့်မဲပေးခြင်း
ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၂ အရ မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်ထားခြင်းမရှိလျှင် မဲပေးပိုင်ခွင့်ရှိသူများ ဖြစ်သော်လည်း မဲပေးခွင့်မရှိပါ။ မဲစာရင်းအား သက်ဆိုင်ရာမြူနီစီပယ်အလိုက် ရွေးကောက်ပွဲ စီမံခန့်ခွဲရေးကော်မတီများက ပြုစုပြီး ထိန်းသိမ်းထား ရှိပါသည်။ ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၀ အရ မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင်၏ အမည်၊ လိပ်စာ၊ လိင်၊ မွေးသက္ကရာဇ် စသည်ဖြင့် ပါရှိပါသည်။ မဲစာရင်းတွင် တစ်ကြိမ်ပါဝင်ပြီးပါက အဆိုပါမဲဆန္ဒရှင် သေဆုံးသည့်အခါ သို့မဟုတ် ယင်း၏နိုင်ငံသားဖြစ်မှု မရှိတော့သည့် အခါ သို့မဟုတ် ၎င်းနေထိုင်ရာနေရာမှ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ နေထိုင်သည့်အခါများ၌သာ မဲစာရင်းကို ပြင်ဆင်ပါသည်။ မဲစာရင်းကို အခြေချနေထိုင်မှု အခြေခံမှတ်ပုံတင်စာရင်းစာအုပ်မှ အသက် ၁၈ နှစ်ပြည့်ပြီးသူများ၏စာရင်းဖြင့် ပြုစုခြင်းဖြစ်ပါသည်။ မဲဆန္ဒရှင်တစ်ဦးသည် အနည်းဆုံး သုံးလကျော်နေထိုင်မှု ရှိသည့် နေရာ၌ မဲစာရင်းထည့်သွင်းနိုင်ပါသည်။
မဲပေးချိန်မှာ ယခင်က နံနက် ၈ နာရီမှ ည ၈ နာရီအထိဖြစ်သော် လည်း ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည့် ရွေးကောက်ပွဲဥပဒေပြင်ဆင်ချက်များအရ ဒေသခံအာဏာပိုင်များ အနေဖြင့် မဲရုံဖွင့်ချိန်ကို အချိန် နှစ်နာရီစောဖွင့်ခြင်း သို့မဟုတ် မဲရုံ ပိတ်ချိန်ကိုည၈ နာရီထက်နှစ်နာရီနောက် ကျပိတ်ခြင်းတို့ကိုဆောင်ရွက် ခွင့်ရရှိစေခဲ့သည်။ ပုံမှန်အချိန်ထက် မဲပေးချိန်ကို တိုးမြှင့်ရသည့် ရည်ရွည်ချက်မှာ ရွေးကောက်ပွဲတွင် ပိုမိုလာရောက်မဲပေးကြစေရေး အတွက် ဖြစ်ပါသည်။ မဲပေးသူဦးရေတိုးမြှင့်ရန် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် နံနက် ၇ နာရီခန့်တွင် မဲစတင်ပေးလေ့ရှိပါသည်။
ယခင်က ရွေးကောက်ပွဲနေ့တွင် မဲပေးသည့် နေရာတစ်မျိုးတည်း သာရှိပြီး များသောအားဖြင့် ၎င်းတို့နေထိုင်ရာနေရာအနီးတွင် ရှိသည့် ကျောင်းများ သို့မဟုတ် အစိုးရရုံးများတွင် မဲပေးရခြင်း ဖြစ်သည်။
မဲပေးသည့်နေရာသတ်မှတ်ခြင်းကို ရွေးကောက်ပွဲ အုပ်ချုပ်ရေး ဆိုင်ရာအာဏာပိုင်များက ဆောင်ရွက်ခြင်းဖြစ် သည်။ အထက်ဖော်ပြ ပါရွေးကောက်ပွဲ ဥပဒေပြင်ဆင်ချက်များအရ ဒေသန္တရ အာဏာပိုင် များသည် ရွေးကောက်ပွဲနေ့တွင် မဲရုံများကို လက်ရှိနေရာများအပြင် အများပြည်သူ ပိုမိုအသုံးပြုနီးစပ်ရာနေရာ များဖြစ်သည့်ရထားဘူတာရုံ များ၊ ဈေးဝယ်စင်တာများနှင့် အခြားသော အများပြည်သူသုံးနေရာ များတွင် သတ်မှတ်ပိုင်ခွင့်ရှိသည်။
အခြားနိုင်ငံများတွင်ရောက်ရှိနေသော ဂျပန်နိုင်ငံသားများအား မဲပေးခွင့်ပြုထားပြီး သက်ဆိုင်ရာနိုင်ငံ များရှိသံရုံးများ၊ ကောင်စစ်ဝန်ရုံး များတွင် ရွေးကောက်ပွဲနေ့၌ ကိုယ်တိုင်သွားရောက်မဲပေး ခွင့်ရှိသည်။ အမေရိကန်စနစ်နှင့်မတူညီသည့်အချက်မှာ နိုင်ငံပြင်ပသို့ ရောက်ရှိနေ သည့် အမေရိကန်နိုင်ငံသားများသည် စာတိုက်မှတစ်ဆင့် မဲပေးနိုင် သော်လည်း နိုင်ငံပြင်ပရောက် ဂျပန်နိုင်ငံသားများမှာ ကိုယ်တိုင် သွားရောက်မဲပေးရ ပါသည်။
ရွေးကောက်ပွဲစီမံအုပ်ချုပ်သည့်အဖွဲ့အစည်းများ
ရွေးကောက်ပွဲစီမံခန့်ခွဲမှုဗဟိုကော်မတီအား အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းပြီး လွှတ်တော်က အမည်စာရင်းတင်သွင်း သူများအား ဝန်ကြီး ချုပ်က အတည်ပြုပြီး ခန့်အပ်သည်။ သက်တမ်းမှာ သုံးနှစ်ဖြစ်ပြီး အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရာတွင် တာဝန်ရှိသည်။
ခရိုင်စီရင်စုအဆင့် ရွေးကောက်ပွဲစီမံခန့်ခွဲရေးကော်မတီများအား စီရင်စုလွှတ်တော်များက ခန့်အပ်ပြီး အဖွဲ့ဝင် လေးဦးခန့်ထားကာ လေး နှစ်သက်တမ်းဖြစ်သည်။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ရွေးကောက်ပွဲများ၊ စီရင်စုလွှတ်တော်ရွေးကောက်ပွဲများအတွက် တာဝန် ရှိသည်။
အဆိုပါကော်မတီများအပြင် မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ လေ့လာ ခြင်း၊ ကိုယ်စားလှယ်များအား ကြေညာခြင်း အစရှိသည်တို့အတွက် စီမံခန့်ခွဲရေးအဖွဲ့ များ သီးခြားဖွဲ့ စည်းထားရှိသည်။
နိဂုံး
၂၀၀၂ ခုနှစ်တွင် ဒေသန္တရရွေးကောက်ပွဲများ၌ လျှပ်စစ်သုံးမဲပေး စက်များကို စတင်အသုံးပြုခဲ့ပြီး ကြိုတင်မဲစနစ်ကို ၂၀၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပါသည်။ ဂျပန်နိုင်ငံ၏လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ၁၉၄၇ ခုနှစ် မေလ ၃ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅ နှင့် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉ အရ အသက် ၂၀ ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် အသက် ( ၁၈ နှစ်အဖြစ်သို့ ပြင်ဆင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄ နှင့် ၄၄ တို့အရ နိုင်ငံသားတိုင်း လူမျိုး၊ ဘာသာ၊ ကျား/မ၊ ပညာရေး၊ ပိုင်ဆိုင် မှု၊ လစာ အစရှိသည် မည်သည့်အကြောင်းရင်းပေါ်တွင်မျှ ခွဲခြားဆက်ဆံ ခြင်းမရှိစေရဘဲ လွှတ်တော်များအတွက် မဲပေးခွင့်ရှိသည်။ ဂျပန်နိုင်ငံတွင် ( ၁၉၄၅ ခုနှစ်မှ စတင်ပြီး အမျိုးသမီးများမဲပေးခွင့်ရရှိခဲ့သည်။ ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅ ၌ “ရွေးကောက်ပွဲများ တွင် လျှို့ဝှက်မဲပေးမှုအား မချိုးဖောက်ရ၊ မဲဆန္ဒရှင်တစ်ဦးသည် မည်သည့်ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်ဟူသော ၎င်း၏ဆုံးဖြတ်ချက် အား ပြောကြားခွင့်မရှိ”ဟု ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံတွင် အသုံးပြုဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲ စနစ်များသည် ယင်းနိုင်ငံ၏ ပထဝီအနေအထား၊ လူဦးရေ၊ နိုင်ငံရေး အခြေအနေ၊ လိုအပ်ချက်တို့နှင့်ကိုက်ညီမှုရှိနိုင်သကဲ့သို့ အားနည်းချက်၊ အားသာချက်များလည်း ရှိနိုင်ပါသည်။ ယနေ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းနေသော မြန်မာနိုင်ငံသည် မိမိနိုင်ငံနှင့် သင့်လျော်သည့် ရွေးကောက်ပွဲစနစ်များကို ပြောင်းလဲကျင့်သုံးရာတွင် ဒေသတွင်းနိုင်ငံများ၏ဥပဒေပြုရေးဆိုင်ရာ လွှတ်တော် ရွေးကောက် ပွဲများနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်နိုင်စေရန် တင်ပြလိုက်ရပါ သည်။ ။
ကျမ်းကိုး
Election System in Japan by Local Governance
(Policy Making and Civil Society) F.Y 2007 - Japan's Constitution of 1946
Elections Guide by IFES (Japan) - Elections in Japan, Wikipedia
Electoral Systems in Japan, Wikipedia Election related news by The Japan Time