Aug 18, 2020

တနင်္သာရီဟူသည့်အမည်ကို မြန်မာနိုင်ငံတောင်ဘက် စွန်းရှိ တိုင်းဒေသကြီး၏ အမည်ဟုသာ သိရှိသူများ၍ တနင်္သာရီမြို့ကိုမူ သိရှိသူ အလွန်မများလှပါချေ။ တနင်္သာရီမြို့သည် ရှေးဟောင်းသုတေသနနှင့် သမိုင်း သုတေသီများစိတ်ဝင်စားသည့် မြို့ဟောင်းတစ်ခုဖြစ်၍ ထင်ရှားသော ရှေးမြို့ဟောင်းများဖြစ်ကြသည့် သာဂရ နှင့်မုတ္ထီးတို့ကဲ့သို့ပင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း၌ တည်ရှိသည်။ မြိတ်မြို့မှ တနင်္သာရီမြို့သို့ တနင်္သာရီ မြစ်ကူးတံတားကို ကျော်ဖြတ်၍ မော်တော်ကားဖြင့် အလွယ်တကူ သွားရောက်နိုင်ကာ မောင်းနှင်ချိန် တစ်နာရီခွဲ ဝန်းကျင်သာကြာမြင့်သည်။
Aug 18, 2020

ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ပထဝီအနေအထား / သဘာဝအနေ အထားအရ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုကို လျှော့ချရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှု လျင်မြန် သွက်လက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိသည်။
Aug 17, 2020

မြန်မာနိုင်ငံ၏ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီး ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် “အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့” (Credible Elections Paving the Way to Democracy) ဟူသော ဆောင်ပုဒ်ချမှတ်ကာ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒ နှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေရေးဟူသည့် စံ ၅ ချက်နှင့်အညီ ရွေးကောက်ပွဲများကို ကျင်းပသွားမည် ဟု သတင်းများအရ သိရပါသည်။
Aug 17, 2020

သွေးလွန်တုပ်ကွေးရောဂါသည် အာဗိုဗိုင်းရပ်စ်အမျိုးအစား ဒင်ဂီးဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ခြင်ကျား (Aedes mosquito) ၏ သွေးထဲတွင် ရှိသည်။ ခြင်မှ လူကိုကိုက်ခြင်းဖြင့် ဗိုင်းရပ်စ်ပိုးများ လူ့ခန္ဓာကိုယ် အတွင်း ရောက်ရှိ ပြီး ရောဂါကူးစက်နိုင်သည်။
Aug 17, 2020
မွှားပင့်ကူများသည် စိုက်ပျိုးသီးနှံပင်များတွင် အပင်ရည်ကို စုပ်ယူစားသောက် ဖျက်ဆီးသော အလွန်သေးငယ်သည့် အကောင်များ ဖြစ်သည်။ ခြေထောက် လေးစုံပါသော မွှားကောင်များသည် ပင့်ကူများကဲ့သို့ ၎င်းတို့၏ခန္ဓာကိုယ်မှ ပင့်ကူမျှင်ကဲ့သို့ ပိုးချည်မျှင်များ ထုတ်လုပ်သည့် အတွက် ၎င်းတို့ကို မွှားပင့်ကူဟု ခေါ်ဆိုခြင်းဖြစ်သည်။ မျိုးပေါင်းစု(Phylum)အားဖြင့် Arthropoda၊ မျိုးပေါင်း (Class)အားဖြင့် Arachnida တွင် ပါဝင်ပြီး Acarine အုပ်စုဝင် ဖြစ်သည်။ အဏုကြည့်မှန်ပြောင်းဖြင့်သာ ထင်ရှားစွာမြင်ရပြီး အရွယ်အစားအားဖြင့် မျိုးစိတ်အပေါ် မူတည်၍ ၀ ဒသမ ၂ မီလီမီတာမှ ၀ ဒသမ ၅ မီလီမီတာအကြား ရှိတတ်သည်။
Aug 16, 2020

“လာမည့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖျက်လိုဖျက်ဆီး လုပ်ကြမယ်ဆိုတဲ့ လူတွေပေါ်ရင်တော့ အဲဒီလူတွေဟာ တိုင်းပြည်ရန်သူ နံပါတ်တစ်တွေပဲ။ လွတ်လပ်ရေးအတွက် ဆုံးဖြတ်ရမယ့် တိုင်းပြုပြည်ပြုလွှတ်တော် မလိုချင်ဘူး ဆိုတဲ့လူတွေကို အားပေးတဲ့လူတွေဟာလည်း တိုင်းပြည်ရဲ့ ရန်သူတွေပဲ။ ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့လူတွေဟာ ရှေ့လျှောက် သူတို့ မင်းသားကြီးမလုပ်နိုင်ကြ မယ့်အရေးမြင်လို့ ဗမာပြည်ဘာဖြစ်ဖြစ်ဆိုပြီး ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့လူတွေပဲဖြစ်တယ်။ အဲဒီလို ဖျက်လို ဖျက်ဆီးလုပ်တဲ့သူ မှန်သမျှကိုတော့ အာဏာကုန် နှိမ်နင်းပစ်မယ်ဆိုတာ ရှင်းရှင်းကြီး သတိပေးလိုက် ပါရစေ . . ”
Aug 16, 2020

ယနေ့အချိန်အခါသမယသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့မှုနှုန်းမြန်ဆန်ပြီး သေဆုံးမှုနှုန်း မြင့်တက် လာသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ (ကိုဗစ်-၁၉) ဖြစ်ပွားနေသည့်အတွက် အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက အိမ်မှာနေခြင်း(Stay at Home)ဖြင့် ကပ်ရောဂါဆိုးကြီးအန္တရာယ်မှ ကာကွယ် ကြရန် ကြေညာစာထုတ်ပြန်ခြင်းဖြင့်တစ်မျိုး၊ ရုပ်သံထုတ်လွှင့်မှုဖြင့်တစ်ဖုံ တိုက်တွန်း နှိုးဆော်မှုများ အမျိုးမျိုးအဖုံဖုံ ပြုလုပ်ထားသော ကာလဖြစ်သည်။
Aug 15, 2020

“ဆရာ၊ ကျွန်တော်ပါ” “ဟယ် မင်းဘယ်ကပေါ်လာတာလဲ။ မတွေ့ ရတာကြာပြီ”
Aug 15, 2020

မြန်မာ- ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသများ ဖွံ့ဖြိုးလာမှု
Aug 14, 2020

မြင်းခြံစိုက်ပျိုးရေးသုတေသနခြံမှ မြေဆီ၊ မြေသြဇာ တိုးတက်စေသော ပဲမျိုးရင်းဝင် မြေပြန့်ချယ်ရီကို စိုက်ကြောင်းများကြား မြေဖုံးအုပ်ပေးခြင်း သုတေသနလုပ်ငန်း လုပ်ကိုင်လျက်ရှိ
မြင်းခြံ ဩဂုတ် ၁၄
ကျော်စွာ