Skip to main content

အကြောင်းတရားမမဲ့သော အကျိုးတရားများ

 

မျိုးငြိမ်းငယ်

 

အကြောင်းတရားနဲ့ အကျိုးတရားဆိုတာက ဒွန်တွဲ နေတဲ့လောကနိယာမတရား ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နေတဲ့ အကျိုးတရားတွေကို အဖြေရှာဖို့ဆိုရင် အရင်းခံ အကြောင်းတရားကို ပြန်စစ်ရမှာ ဖြစ်ပါတယ်။

 

ထို့အတူပါပဲ။ ကိုယ်လုပ်လိုက်တဲ့ အကြောင်း တရားတစ်ခုဟာ အကျိုးဆက်အနေနဲ့ ဘာတွေဖြစ် နိုင်သလဲဆိုတာ ကလည်း ဆင်ခြင်တွေးတောရမယ့် လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ အဲဒီလိုမတွေးတော၊ မဆင်ခြင်ဘဲလုပ်ကြ မယ်ဆိုရင် ဖြစ်လာတဲ့ အကျိုး ဆက်များဟာ ကောင်းကျိုးထက် ဆိုးကျိုးဘက်ဆီ ပိုများနိုင်ပါတယ်။

 

မြန်မာနိုင်ငံမှာ အခုဆိုရင် အကြမ်းဖက်တိုက် ခိုက်မှုတွေ၊ ကိုယ်နဲ့ သဘောထားကွဲလွဲသူတွေကို သတ်ဖြတ်တာ တွေ၊ ကျောင်းတွေကို မီးရှို့ဖျက်ဆီး တာတွေ၊ အများပြည်သူဆိုင်ရာ ရထားလမ်း၊ ကား လမ်း ဖျက်ဆီးတာ တွေကို လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ ဒီအကြမ်းဖက်လုပ်ရပ်လုပ်သူတွေရဲ့  ရည်ရွယ်ချက် ဟာ နိုင်ငံရေးရည် ရွယ်ချက်လို့ ဆိုကြ " ပေမယ့် လုပ်ကိုင်နေကြတာကတော့ အကြမ်းဖက် တိုက်ခိုက်ဖျက် ဆီးလိုတဲ့ ရည်ရွယ် ချက်ဆိုတာ ပိုမို သိသာနေပါတယ်။

 

ဒီလို အကြမ်းဖက်လုပ်လိုက်တဲ့ အကြောင်း တရားတွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်များဟာ နိုင်ငံရေးရည်ရွယ်ချက်အသွင် မဆောင်တော့ဘဲ  အလုံးစုံပျက်စီးရေး အသွင်ကို ဆောင်လာနေပါတယ်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ  ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံရေးရည်မှန်းချက်  အတွက် နယ်ချဲ့တော်လှန်ရေးကို အနုနည်းနဲ့ရော၊  အကြမ်းနည်းနဲ့ပါလုပ်ဆောင်ခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် Hard Power နဲ့ Soft Power နည်းနှစ်မျိုး စလုံးကို အသုံးပြုခဲ့ပါတယ်။ ဒါကလည်း နိုင်ငံနဲ့  ပြည်သူတွေရဲ့ အခြေအနေ၊

 ကမ္ဘာ့နိုင်ငံရေးအခြေ အနေ၊ အင်္ဂလိပ်တို့အခြေအနေ စတဲ့ပြောင်းလဲနေတဲ့ အခြေအနေ အချိန်အခါအလိုက် အသုံးပြုခဲ့တာပါ။  နိုင်ငံရေးကျွမ်းကျင်မှုလို့ ဆိုရမှာပါ

 

ဒါပေမယ့် အကြမ်းဖက်တဲ့နည်းနဲ့ ကိုယ့်ပြည်သူကို ကိုယ်ပြန်မနင်းခဲ့ပါဘူး။ ပြည်သူကို ခုတုံးလုပ်ပြီး မစတေး ခဲ့ပါဘူး။ ဆရာဆရာမတွေကို မသတ်ဖြတ် ခဲ့ပါဘူး။ အပြစ်မဲ့ ပြည်သူတွေကို မသတ်ဖြတ်ခဲ့ ပါဘူး။ တော်လှန်ရေး တပ်သားတွေဟာ ကျောင်း တွေကို မီးမရှို့ခဲ့ပါဘူး။ ကိုယ့်နိုင်ငံပိုင်တဲ့ တစ်နည်း အားဖြင့် ပြည်သူ့ဘဏ္ဍာနဲ့ ဆောက်လုပ်ထားတဲ့ ပြည်သူပိုင်အဆောက်အဦတွေ၊ ရုံးတွေကို ဖျက်ဆီးတာ၊ မီးရှို့တာ မလုပ်ခဲ့ကြပါဘူး။ နိုင်ငံရေးရည်ရွယ် ချက်အတွက်ပဲ ဦးတည်လုပ်ဆောင်ခဲ့ကြ တာပါ။ ဒီလိုရည်ရွယ်ချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အကြမ်းဖက် အဖွဲ့ အစည်းတွေကပဲ လုပ်ကြတာပါ။

 

မိမိတို့ဆီမှာတော့ နိုင်ငံရေးရည်ရွယ်ချက်ဆိုပြီး နိုင်ငံရေးနဲ့မဆိုင်တဲ့၊ စစ်ရေးနဲ့မဆိုင်တဲ့ အများ ပြည်သူတွေ၊ အများပြည်သူတွေဆိုင်ရာ နေရာတွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ရထားလမ်းတွေ၊ တံတားတွေကို ဖျက်ဆီးတိုက်ခိုက်နေတာတွေဟာ အကြမ်းဖက်အဖွဲ့ အစည်းတွေရဲ့ လုပ်ရပ်နဲ့ အသွင် လက္ခဏာတွေသာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်း သား ကလေးငယ်တွေကို ကျောင်းမတက်ခိုင်းရင် ဖြစ်လာမယ့် အကျိုးဆက် ဘာလဲဆိုတဲ့ အကြောင်း တရားနဲ့ အကျိုးတရားကို ပစ္စုပ္ပန်ကျကျ၊ ဓမ္မဓိဋ္ဌာန် ကျကျ ကိုယ်ကိုယ်တိုင် စဉ်းစားကြဖို့ လိုပါတယ်။

 

အကြမ်းဖက်လုပ်ရပ် အကြောင်းတရားတွေ ကြောင့် တည်ငြိမ်အေးချမ်းတဲ့ ဒေသတွေ၊ မြို့တွေ မှာ အခုဆို တိုက်ပွဲရှောင်တွေ များလာပြီး ပြည်သူ တွေရဲ့ နေ့စဉ်ဘဝရပ်တည်ရေး ခက်ခဲလာတာဟာ နောက်ဆက်တွဲ အကျိုးဆက်များပဲ ဖြစ်ပါတယ်။ ဒါကို ဘေးထွက်ဆိုးကျိုးလို့ မပြောနိုင်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြတာပါ။ ဒီလို ( အကြမ်းဖက်လုပ်ရပ်တွေ များလာရင် အပြစ်မဲ့ ပြည်သူတွေ ဒီလိုဖြစ်လာ မယ်ဆိုတာ စဉ်းစားကြဖို့ လိုပါတယ်။ နိုင်ငံရေးနဲ့မဆိုင်တဲ့လုပ်ရပ်တွေဖြစ်လို့ လက်ခံနိုင်ဖွယ်မရှိပါဘူး။ နိုင်ငံရေး ဆိုရင်လည်း  အဆင့်အတန်းမြင့်မားတဲ့ အကြောင်းအကျိုးပါတဲ့  စဉ်းစားဆင်ခြင်မှု၊ မြော်မြင်မှုတွေ လိုအပ်ပါလိမ့် မယ်။ စဉ်းစားတွေးခေါ်မှုမပါဘဲ ကျားကျားမီးယပ် နိုင်ငံရေး လုပ်နေတာဟာ နိုင်ငံရေးယဉ်ကျေးမှု အဆင့် အတန်းအားဖြင့် နိမ့်ကျတာကို ပြနေသလို  ပါပဲ။ ဒါမှမဟုတ် နိုင်ငံရေးကို ကိုယ်ကျိုးအတွက် ရည်ရွယ်ချက် ရှိရှိ အသုံးချနေခြင်းသာ ဖြစ်ပါလိမ့်မယ်။

 

မိမိမျက်စိရှေ့အောက်ပဲ ဒုက္ခရောက်သွားတဲ့ ကလေးတွေ၊ မိသားစုတွေ၊ ကူသူ ကယ်သူမဲ့ဖြစ်နေ သူတွေကို မြင်တွေ့ရတဲ့အခါ များစွာ စိတ်ဆင်းရဲရ ပါတယ်။ ယခင်ကတော့ ရိုးရိုးသားသား နေထိုင်ခဲ့ ပေမယ့် ပတ်ဝန်းကျင်ရဲ့ ဖိအားဒဏ်တွေ၊ သွေးထိုး မြှောက်ပင့်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ ကိုယ်ကိုယ် တိုင်ရဲ့ ဆင်ခြင်မှု အားနည်းချက်တွေကြောင့် လက် တွေ့ ဒုက္ခတွေ့လာချိန်မှာ မိသားစုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းပါ သောကပင်လယ်ဝေနေတာကို မျက်စိရှေ့အောက်မှာ မြင်နေရပါတယ်။

 

နိုင်ငံရေးရဲ့သဘော၊ ဆန့်ကျင်ဆန္ဒပြမှုရဲ့သဘော၊ တော်လှန်ရေးရဲ့ သဘော၊ အကြမ်းဖက်မှုတွေရဲ့ သဘော၊ ကိုယ့်နိုင်ငံရဲ့ အခြေအနေ၊ နိုင်ငံတကာရဲ့ အခြေအနေ၊ ကိုယ့်ရဲ့အခြေအနေ အားလုံးကိုကာလ သုံးပါးအလိုက် ရှုမြင်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့် နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ပိုပြီးနားလည်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်။

 

ဒါမှှ ဖြစ်နေတဲ့ အကြောင်းတရားတွေနဲ့ ဖြစ်လာ နိုင်တဲ့ အကျိုးဆက်တွေကို ကြိုတင်မှန်းဆနိုင်မှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှု အခြေအနေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

 

နိုင်ငံရေးယဉ်ကျေးမှုဆိုတဲ့ စကားလုံးကို နိုင်ငံ ရေးသိပ္ပံနယ်ပယ်မှာ အသုံးပြုကြတာပါ။ နိုင်ငံရေး ယဉ်ကျေးမှုဟာ နိုင်ငံရေးစနစ်တွေနဲ့ပတ်သက်လို့ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းပေါ်မှာ အခြေခံပြီး ယုံကြည်မှုတွေ၊ ခံစားချက်တွေနဲ့ တန်ဖိုးတွေကို ညွှန်းဆိုကြပါတယ်။ အမေရိကန် နိုင်ငံရေးသိပ္ပံ ပညာရှင် Lucian Pye ကတော့ နိုင်ငံရေးလုပ်ငန်း စဉ်ရဲ့ အရင်းခံများဖြစ်တဲ့ အခြေခံတန်ဖိုးတွေ၊ ခံစား ချက်တွေနဲ့ ဗဟုသုတတွေ ပေါင်းစပ်ထားတာကို နိုင်ငံရေးယဉ်ကျေးမှုလို့ ဖွင့်ဆိုပါတယ်။

 

အဲဒါတွေက နိုင်ငံသားတွေနဲ့ အစိုးရအကြား ဆက်နွယ်မှုတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ မတူ ညီတဲ့ နိုင်ငံတွေမှာ မတူညီတဲ့နိုင်ငံရေးယဉ်ကျေးမှုတွေ ရှိကြပါတယ်။ အဲဒီနိုင်ငံရေးယဉ်ကျေးမှုတွေက ဒီမိုကရေစီ တည်ဆောက်ရာမှာ အောင်မြင်ခြင်း ဒါမှမဟုတ် ကျဆုံးခြင်းတွေဖြစ်ဖို့ အကြောင်းတရား  အချက်တစ်ခုအနေနဲ့ တွေ့မြင်ရပါတယ်။ ကိုယ့်နိုင်ငံ ရဲ့ ကိုယ်ပိုင် နိုင်ငံရေးယဉ်ကျေးမှုကို သဘောပေါက် နားလည်ခြင်းအားဖြင့် နိုင်ငံရေးဆိုင်ရာ ဆက်ဆံမှု တွေ၊ အပြုအမူတွေအတွက် သဲလွန်စတွေကို ရရှိ စေနိုင်ပါတယ်။ သဘောကတော့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံ ရေးယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့နိုင်ငံရေးစနစ်၊ အုပ်ချုပ် မှုပုံစံ၊ အသွင်ကူးပြောင်းရေးအဆင့်တွေကို စဉ်းစား ချင့်ချိန်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးယဉ်ကျေးမှု ဟာ နိုင်ငံရေးအယူအဆနဲ့ မတူပါဘူး။

 

"All the past is political culture." 2009 စကားလိုပါပဲ။ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုကို  သိချင်ရင်ယခင်ကမြန်မာ့နိုင်ငံရေးအခြေအနေတွေကို သမာသမတ်ကျကျ ရှုမြင်သုံးသပ်ကြဖို့လိုပါတယ်။  ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ အခြေအနေလေးကိုပဲ ကွက်ပြီး ရှုမြင်သုံးသပ်ကြမယ်ဆိုရင် မှန်ကန်တဲ့အမြင်ရရှိဖို့ ခက်ခဲပါ လိမ့်မယ်။ ဒီလိုအခြေအနေမှာ ကျားကျား မီးယပ် နိုင်ငံရေးတွေနဲ့ လုပ်ဆောင်နေကြတာကြောင့် ဆန့်ကျင်ဘက် အကျိုးဆက်တွေ ဖြစ်လာပါလိမ့် မယ်။ အခုလည်းပဲ ပျက်စီးခြင်း အကျိုးဆက်တွေ မြင်တွေ့နေရပါပြီ။ မမှန်ကန်တဲ့ အကြောင်းတရား တွေကြောင့် မမှန်ကန်တဲ့အကျိုးဆက်ပဲ ဖြစ်လာ ယပ် နိုင်ငံရေးကြိုးဆက်တွေ ဆက်တွေမှာပါ။

 

ဒီတော့ နိုင်ငံအတွက်ကောင်းကျိုးကိုလိုလားရင်၊ ပြည်သူတွေအတွက် ကောင်းကျိုးကို လိုလားရင် မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ မှန်ကန်တဲ့အကြောင်း တရားတွေလုပ်ဆောင်မှသာ ကောင်းမွန်တဲ့ အကျိုး ဆက်ကို မျှော်မှန်းနိုင်မှာဖြစ်ပါတယ်။ ။