စီးပွားရေးလုပ်ငန်းများ အပါအဝင်လုပ်ငန်းနယ်ပယ်အသီးသီး၌ အဖွဲ့အစည်းများအကြား သဘောတူညီချက်များ ရရှိရန် ညှိနှိုင်းသည့်အခါ (သို့တည်းမဟုတ်) ပဋိပက္ခတစ်ရပ်ကို ကျော်လွှားရန် ကြိုးပမ်းသည့်အခါ ရံဖန်ရံခါ ရှေ့ဆက်တိုး၍ မရနိုင်သည့် လိပ်ခဲတည်းလည်း အခြေအနေမျိုးနှင့် ရင်ဆိုင်ရတတ်သည်။
စီပီယူ ( CPU) ဟု ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများတွင် အများသိပြီး အသိများနေသော အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ (Corruption Prevention Units – CPUs) ၏ ဖြစ်ထွန်း တိုးတက်မှုနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ကျွမ်းကျင်မှုနည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများဖြင့် တစ်နည်း၊ သတင်းဆောင်းပါးများဖြင့် တစ်သွယ် သတင်းအချက်အလက်များ မျှဝေလျက်ရှိပါသည်။ ယခု အခါ စီပီယူလုပ်ငန်းများ စတင်လည်ပတ်လျက်ရှိသည်ကို ကျေနပ်ဖွယ်တွေ့ရှိရပါသည်။
ရှစ်မျက်နှာ ယှက်ကာခြုံသည်
ထက်အာကာယံ့ နယ်ဖြစ်အင်။
ပက်ပါရွာအံ့ ခြယ်ရစ်ဆင်သည်
တိမ်နယ့်ပိုင်ရှင် မာန်မူ၍
မင်ခဲမင်ညွန့် ကနုတ်ထောင်သည်
အဟုတ်ပြိုဆောင် ဖန်အားတတ်နိုင်ပေ့၊
ခွင့်မကာရ ဒါလကြုံမှာ ... ခွာမြဝတ်မှုန် လေပြည်ဝေ့ ...
ငွေနှင်းစွေအန် ဟေမန်လေမို့
လေပြည်ဈာန် မွေ့ဖွေ့လှိုက်ခုန်
ရထည်ခြုံလွှာ ပြန်ပြန်ထပ်တယ်
ဖန်ဖန်မလက် ဘွင်သည်းစိမ့်ကာတုန် . . .။
လေအေးလှိုင်းတွေ နယ်ချဲ့။
မထင်မှတ်သော ဆောင်းလေအေးက လေးငါးရက် ဆက်တိုက်ဆက်တိုက် ဖက်ရမ်းခဲ့သည်။ ဟိုး…. တောင် တရုတ်ပင်လယ်ဆီက လေအေးလှိုင်းတွေ နယ်ချဲ့လာ
တစ်လောက အစည်းအဝေးတစ်ခု တက်ရောက်ခဲ့တယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်မှာလုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေအကြောင်း တင်ပြဆွေးနွေးဖို့ တာဝန်ပေးခဲ့တာ။ အစည်းအဝေးလုပ်တဲ့ခန်းမထဲရောက် တော့ တစ်ရက်စောပြီး လုပ်ခဲ့တာတွေကို စီစဉ်သူတွေက ကျွန်တော့်ကို ရှင်းပြခဲ့တယ်။ အမှန်တော့ အစည်းအဝေး ဟာ မြန်မာနိုင်ငံရဲ့ အဝေးသင်ပညာရေးနဲ့ ပတ်သက်ပြီး မူဝါဒချမှတ်ဖို့အတွက် ပညာရေးလောကမှာ တာဝန်ရှိသူ တွေကို စုစည်းပြီး ဆွေးနွေးတာဖြစ်တယ်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီခန့် ဖြစ်သည်။ ရန်ကုန်မြို့ကြီးတစ်မြို့လုံး ခါတိုင်း နေ့များနှင့်မတူဘဲ လှုပ်လှုပ်ရှားရှား ထကြွနိုးကြားလျက်ရှိသည်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်) လက်ရှိနေထိုင်သည့် ဘုရင်ခံအိမ်တော်ကြီးမှာကား မီးမောင်းကြီးများ ထိုးထား၍ လင်းထိန်လျက် ရှိနေ၏။
မြန်မာတစ်မျိုးသားလုံး လေးစားမြတ်နိုးတန်ဖိုးထားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့သည်ကား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၂)နှစ်ပြည့်မြောက်ပြီ ဖြစ်ပေသည်။ မြန်မာတို့သည် သမိုင်းစဉ်တစ်လျှောက် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ်ကြငှာန်းဖြင့် ကမ္ဘာ့အလယ်တွင် တင့်တယ်ဂုဏ်ယူမြင့်မားစွာ နေထိုင်လာခဲ့ကြသောလူမျိုးဖြစ်သည်။ သတ္တိ၊ ဗျတ္တိတို့နှင့်ပြည့်စုံပြီး ရဲစွမ်း သတ္တိ ရှိကြပေသည်။
ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအတွင်း တည်ဆောက်ထားသည့် လွတ်လပ်ရေးကျောက်တိုင်ကြီးက ခိုင်မြဲတည်တံ့သော ဂုဏ်ကျက်သရေဖြင့် တင့်တယ်စွာတည်ရှိနေသည်။ လွတ်လပ်ရေးအောင်ပွဲနှင့် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကို မြင်ရသူတိုင်း မြန်မာ့ လွတ်လပ်ရေးကို ကြိုးပမ်းရယူခဲ့မှုဖြစ်စဉ်များနှင့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို အမှတ်ရနေကြသည်ချည်း ဖြစ်သည်။
(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုဂုဏ်ပြုဆောင်းပါး
လွတ်လပ်မှုဟူသည် တစ်ပါးသူတစ်ဦးထံမှ အမှီအခိုကင်းမှု၊ အခြားနိုင်ငံတစ်ခု၏ လွှမ်းမိုးခံရခြင်း မရှိမှုတစ်ခုပင်ဖြစ်သည်။ ယနေ့ခေတ် လူငယ်တို့အနေဖြင့် တစ်ပါးကျွန် လက်အောက်၊ ကျွန်သပေါက်ဖြစ်ခဲ့ရသည့် ယခင်ခေတ် အခါက မြန်မာပြည်သူများလောက် ဆိုးရွားသော ခံစားရမှုမျိုး၊ နာကြည်းခံပြင်း မှုမျိုးရှိနိုင်မည် မထင်သော်လည်း ငါတို့ဘိုးဘွားတွေ တစ်ပါးသူ လက်အောက်ခံဘဝဖြင့် ဒီလိုဖြစ်ခဲ့သည်၊ ဒီလိုခံစားခဲ့ကြရသည် ဆိုသည်ကိုတော့ နားလည်ပေး၊ စာနာပေးနိုင်ဖို့တော့ ကြိုးစားကြရပါလိမ့်မည်။