ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်သူတို့ကြောင့် မလေးရှားမှ အိမ်အပြန်ခရီးလှပခဲ့ပြီ (၂)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည် ကြာစွာ ပိတ်မိပြီး ဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မြန်မာနိုင်ငံသို့ ပြန်လာ သင့်ကြောင်း၊ အဆိုပါ ပြည်ပရောက်မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ခေါ် ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂ ရက် နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြား ပြီးသည်နှင့် နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာပိတ်မိပြီး ဒုက္ခခံနေ ကြရသည့် မြန်မာနိုင်ငံသားများအနက် ထိုင်းနိုင်ငံပြီးလျှင် ဒုက္ခ အခက်အခဲအများဆုံး ရောက်ရှိနေကြသည့် မလေးရှားနိုင်ငံမှ မြန်မာ ဒုက္ခသည် ရွှေ့ပြောင်းလုပ်သားများအား ပြန်လည်ခေါ်ယူနိုင်ရန် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။ ညှိနှိုင်းသဘောတူညီမှုရရှိပြီး သည်နှင့် တပ်မတော်မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့သည် ရန်ကုန်မြို့ ရေတပ်ဆိပ်ကမ်းမှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်ထွက်ခွာ ခဲ့ရာ မလေးရှားနိုင်ငံ လူမွတ်(Lumut) ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပါသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား မလေးရှားနိုင်ငံ တာဝန်ရှိသူများထံမှ စနစ်တကျလွှဲပြောင်းလက်ခံ ရယူပြီး လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အဝတ်အစားနှင့် အသုံးအဆောင်များ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ သည်။ မလေးရှားစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၄၀ တွင် မလေးရှား နိုင်ငံ လူမွတ်(Lumut)ရေတပ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့သည်။ ပင်လယ်ပြင်လမ်းခရီးတစ်လျှောက်တွင် လုံခြုံရေး၊ စားသောက်ရေး၊ နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေး
စောင့်ရှောက်မှုများကို တပ်မတော်သားများနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများက လိုလေသေးမရှိနွေးထွေးပျူငှာစွာ ဆောင်ရွက်ပေးခဲ့မှုများ ကို စတင်ထွက်ခွာလာသည့်အချိန်မှ နိုင်ငံတကာရေပြင်မှ မြန်မာ့ ရေပြင်ပိုင်နက်အတွင်းနှင့် ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ကမ်း ရောက်ရှိသည်အထိ လက်တွေ့ကျကျ သိမြင်ခဲ့ရပါသည်။
ကိုဗစ်-၁၉ ကာလအတွင်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာလိုသော မြန်မာနိုင်ငံသားများအား ကယ်ဆယ် ရေးအထူးလေယာဉ်ဖြင့် လည်းကောင်း၊ နယ်စပ်ဝင်ပေါက်ဂိတ်များမှ လည်းကောင်း အလျဉ်းသင့်သလို အချိန်ယူစောင့်ဆိုင်းပြီး အသုတ် လိုက် ခေါ်ယူခဲ့ရပါသည်။ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လာကြရသူများအနေဖြင့် ရောက်ရှိရာနိုင်ငံ သို့မဟုတ် နီးစပ်ရာ နိုင်ငံရှိ မြန်မာသံရုံးများတွင် ကြိုတင်သတင်းပို့ လျှောက်ထားကြရပြီး လေယာဉ်လမ်းကြောင်းကြုံသည့်အချိန်အခါမှ လေယာဉ်စရိတ်၊ စားစရိတ်များကို မိမိကိုယ်ပိုင်ငွေဖြင့် အကုန်အကျခံကာ ပြန်လာကြရ ပါသည်။
ယခုအစီအစဉ်သည် ယခင်က ဆောင်ရွက်ပေးခဲ့သည့် အစီအစဉ် များနှင့်မတူသည့် တပ်မတော်က ထူးထူးခြားခြားဆောင်ရွက်ပေးခဲ့ သည့် ပထမဆုံးသော အစီအစဉ်ဖြစ်သည်။ ပထမဆုံးသော
အောင်မြင်စွာဆောင်ရွက်ပေးခဲ့သည့် မြန်မာပြည်သူပြည်သားများ ၏ ပြည်တော်ပြန်ခရီးစဉ်ဟု ဆိုရမည်ဖြစ်သည်။ ရာသီဥတု အထူး
ကောင်းမွန်နေသော အချိန်၌ ပြာလဲ့လဲ့ငွေလွှာရောင် ပင်လယ်ပြင်ကြီး ပေါ်တွင် တရိပ်ရိပ်ခုတ်မောင်းနေသော မြန်မာ့တပ်မတော် စစ်ရေယာဉ်များပေါ်မှ မြန်မာနိုင်ငံသားများသည် ဒုက္ခဘုံမှ လွတ်မြောက်၍ အေးငြိမ်းချမ်းသာသည့် အမိရင်ခွင်သို့ စိတ်နှလုံး ချမ်းမြေ့ပျော်ရွှင်စွာ ပြန်လည်လိုက်ပါလာခဲ့ရသည်။ မြန်မာ့ရေပြင် နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် အတိုင်းမသိ ပျော်ရွှင် ဝမ်းမြောက်မှုများ ဖြစ်ကြရသည်။ အေးမြသည့် မိခင်ရင်ခွင်ကို ခိုလှုံရ သည့်အလား နွေးထွေးစွာ ခံစားရသည်။
၎င်းတို့သည် မလေးရှားနိုင်ငံတွင် ဒုက္ခဆင်းရဲ အချိန်ကြာမြင့်စွာ ကြာအောင် နေထိုင်ခဲ့ကြရသဖြင့် မြန်မာ့ရေပြင်သို့ဝင်ရောက်လာသည့် အချိန်၌ စစ်ရေယာဉ်များ၏ ကုန်းပတ်အသီးသီးပေါ်သို့ တက်ရောက်ကြ ပြီး မြန်မာ့ရှုခင်း၊ မြန်မာ့ရေပြင်၊ မြန်မာ့ပင်လယ်ပြင်အလှများကို ငေးမောကြည့်ရှုခံစားရင်း ဖြစ်ပေါ်လာရသည့်ခံစားမှုများမှာ မြန်မာနိုင်ငံ
သား တစ်ထောင်ကျော်၏ တူညီသော ခံစားမှုများဟုဆိုလျှင် မှားမည် မထင်။ စစ်ရေယာဉ်များပေါ်တွင် အစစအရာရာ လိုလေသေးမရှိ
ဆောင်ရွက်ပေးမှုများမှာလည်း မမေ့နိုင်စရာများပင်ဖြစ်သည်။ တနင်္သာရီရေတပ်စခန်းဌာနချုပ် နယ်မြေပင်လယ်အတွင်း ဝင်ရောက် လာသောအခါ ဇာဒက်ကြီးကျွန်း ရေတပ်အခြေစိုက်စခန်းမှ စစ်သည်၊ ရဲမေများက ချက်ပြုတ်ထားသည့် မြန်မာအစားအစာများကို တပ်မတော် ရေယာဉ်များပေါ်သို့နံနက်စာအဖြစ်လာရောက်ပို့ဆောင် ဧည့်ခံကျွေးမွေး ကြရာ မလေးရှားပြန် မြန်မာနိုင်ငံသားများအတွက် မမေ့နိုင်စရာများ ဖြစ်ခဲ့ကြသည်။
စစ်ရေယာဉ်များပေါ်တွင် ပြည်သူပြည်သားများအတွက် ကျရောက် လာသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်မှ ဆရာဝန်များ၊ တပ်မတော်သူနာပြုများက မလေးရှားနိုင်ငံတွင် ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြသည့် မိမိတို့နိုင်ငံသားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အနီးကပ်ဆောင်ရွက်ပေးမှုများ မှာလည်း မမေ့နိုင်စရာ၊ ကျေးဇူးတင်စရာ။ တပ်မတော်စစ်ရေယာဉ် များပေါ်တွင် တပ်မတော်သားများနှင့် မြန်မာနိုင်င သားပြည်သူများ လက်ရည်တစ်ပြင်တည်း ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင်ခဲ့ကြသည်မှာ ဝမ်းသာ ပီတိ မုဒိတာဖြစ်ရသည်။ ။
ပင်လယ်ပြင်ခရီးတစ်လျှောက် ရေယာဉ်များပေါ်တွင် လိုက်ပါ လာသည့်မြန်မာနိုင်ငံသားများ အနက် ဖျားနာ၊ ချောင်းဆိုး၊ အထွေထွေ နှင့် ပတ်သက်သည့် လူနာ ၅၉ ဦးကိုသာ ပြုစုကုသစောင့်ရှောက် ပေးခဲ့ရပြီး ကျန်မြန်မာနိုင်ငံသား တစ်ထောင်ကျော်မှာ စိတ်အေးချမ်း သာ ကျန်းမာချမ်းသာစွာ လိုက်ပါလာခဲ့ကြသည်။ တစ်ဦးတစ်ယောက် ဒုက္ခ အခက်အခဲ ရောက်နေချိန်တွင် ကူညီဆောင်ရွက်ပေးခြင်းသည် တန်ဖိုးမဖြတ်နိုင်သော၊ မမေ့နိုင်သော စစ်မှန်သည့် စေတနာတရား ဖြစ်သည်။ ဤသည်တို့မှာ တပ်မတော်က ပြည်သူများအား ရင်ဝယ် သားကဲ့သို့ အပြည့်အဝဆောင်ရွက်ပေးခဲ့သည့် အမှန်တရားဖြစ်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ပင်လယ်ဝသို့ ရောက်ရှိခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၃) ရေတပ်ဆိပ်ကမ်းသို့ အောင်မြင်စွာ ခြေချလိုက်သောအခါ ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ အလယ်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးတို့နှင့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နေရပ်ပြန် မြန်မာနိုင်ငံသားများ၏ မိသားစုဝင် များက အတီးအမှုတ် အကအခုန်များဖြင့် နွေးထွေးလှိုက်လှဲစွာ လာရောက်ကြိုဆိုကြသည့် မြင်ကွင်းများမှာလည်း မမေ့နိုင်စရာ ဖြစ်သည်။ ဤသို့ မြန်မာနိုင်ငံသားများ ဝမ်းမြောက်ဝမ်းသာ ပြန်လည်
ရောက်ရှိလာမှုကို ပြည်တွင်းသတင်းဌာနများနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများက သတင်းများ ရယူခဲ့ကြပြီး ပြည်သူများ အားလုံးသိရှိနိုင်အောင် ထုတ်ပြန်ခဲ့ကြပြီးလည်း ဖြစ်သည်။
မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးဖြင့် ဒုက္ခရောက်ခဲ့ကြကာ မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲဖြစ်နေ ကြသော မြန်မာနိုင်ငံသားများအား ယခင်အစိုးရ လက်ထက်တွင် ခေါ်ယူ ရန်တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရရှိသဖြင့် ပြန်လည်ခေါ်ယူရေးမှာ မအောင်မြင်ဘဲ ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူရေး ဆောင်ရွက်ရာတွင် ခေါ်ယူမှု မအောင်မြင်စေရန် မလိုလားသူ၊ မနှစ်သက်သူ၊ လူ့ အခွင့် အရေးအမည်ခံသူတို့က အကြောင်းအမျိုးမျိုးပြ၍ နှောင့်ယှက်ဟန့်
ထားခဲ့သော်လည်း မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူများအား ခွဲခြားခြင်းမရှိဘဲ ရင်ဝယ်သားကဲ့သို့ သဘောထားသည့် မြန်မာ့ တပ်မတော်၏မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယဖြင့် ကြိုးပမ်းအားထုတ်
ဆောင်ရွက်နိုင်မှုကြောင့် အမိမြေသို့ ချောမွေ့အောင်မြင်စွာ ပြန်လည် ရောက်လာခဲ့သည်။
အမိမြေသို့ ပြန်လည်ရောက်ရှိလျှင် ရောက်ရှိချင်း မလေးရှားပြန် မြန်မာနိုင်ငံသားများက ၎င်းတို့၏ရင်တွင်းစကားများကို ထုတ်ဖော် ပြောကြားခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အထက်အလယ်ကုန်းကျေးရွာမှ မနီနီလွင်က “မလေးရှားနိုင်ငံကို ၂၀၂၀ ပြည့်နှစ် နှစ်လပိုင်းက ရောက်ရှိပါတယ်၊ ဟိုရောက်ပြီး မကြာပါ ဘူး ကိုဗစ်-၁၉ ဖြစ်လို့ အလုပ်မလုပ်ရပါဘူး။ ငါးလပိုင်းကျော်မှ အလုပ်ရပါတယ်။ အလုပ် ၁ဝ ရက်ပဲလုပ်ပြီး အော်ပရာစီဝင်လို့ အဖမ်း ခံရပါတယ်။ ပတ်စပို့စ်မရှိတဲ့အတွက် အချုပ်ထဲမှာ ၁ဝ ရက်နေရပြီး
ထောင်ကို ပို့လိုက်ပါတယ်။ အချုပ်၊ ထောင်ရော တစ်လနဲ့ ၁၀ ရက် နေရပါတယ်။ အခု နိုင်ငံတော်အစိုးရက ပြန်ခေါ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကို မပြန်ခင် ကိုဗစ်ရှိ/မရှိ စစ်ဆေး ပြီး သီးသန့်အခန်းမှာ ထားပါတယ်။ မြန်မာနိုင်ငံ အပြန်ခရီးမှာ စစ်ရေယာဉ်ပေါ်မှာလည်း နေရထိုင်ရတာ၊ စားရသောက်ရတာ အဆင် ပြေပါတယ်။ ဒီလိုမျိုးပြန်ရမယ်လို့လည်း မထင်ထားခဲ့ပါဘူး။ ကျန်းမာ ရေးအတွက်လည်း သင်္ဘောပေါ်မှာ အချိန်ပြည့်ဂရုစိုက်ပါတယ်။ မိန်းကလေး အသုံးအဆောင်ပစ္စည်းကအစ လိုလေသေးမရှိဆောင်ရွက်၊ ပေးပါတယ်။ အကုန်အစစအရာရာ လုပ်ပေးပါတယ်။ အိမ်က မိသားစု တွေကို သင်္ဘောပေါ်မှာ ရေတပ်ဗိုလ်ကြီးက ဖုန်းဆက်ပေးလို့ မိသားစုဝင်တွေနဲ့ ဖုန်းအဆက်အသွယ်ရပါတယ်။ နိုင်ငံခြားမှာ ဒုက္ခရောက်နေတဲ့သူတွေကို အခုလို နိုင်ငံတော်အစိုးရက သင်္ဘောနဲ့ အခမဲ့၊ ခေါ်ဆောင်ပေးတာ အားလုံးကို ကျေးဇူး တင်ပါတယ်”ဟု ခံစားချက်ကို ပြောပြခဲ့သည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းလုံးကျေးရွာမှ မရီရီလွင်က“တပ်မတော်က ကျွန်မတို့ကို ကြိုဆိုတာ နွေးထွေးမှုရှိပါတယ်။ ကျွန်မအဖေလောက်ရှိတဲ့ ဦးလေးက သမီးအပေါ်တက်ရင် ဖြည်းဖြည်း တက်နော်ဆိုပြီး သူပြောတဲ့စကားသံကြားတော့ ကျွန်မက မြန်မာ စကားသံမကြား ရတာကြာတော့ ကိုယ့်ရင်ထဲမှာ တအားလည်း ခံစား ရတယ်။ ဝမ်းလည်းနည်းတယ်။ အဖေအမေနားမှာပဲ ဘယ်မှမသွားတော့ဘဲ အိမ်မှာပဲ မိဘနဲ့အတူ မိဘတွေလုပ်တဲ့ အလုပ်ကိုပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။ ဘယ်မှလည်း မသွားတော့ပါဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်” မလေးရှားပြန် ကိုစောထွန်းလှိုင်က “သင်္ဘောကြီးပေါ်ရောက်ပြီး နေထိုင်ရေးကအစ အစားအသောက်အဆုံး ပျော်ရွှင်မှုတွေ အများကြီးရခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေမရှိပါဘူး။ ဆက်ဆံရတာကအစ ရဲမေတွေ၊ ဗိုလ်ကြီး တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုဆက်ဆံကြပါတယ်။ ထူးခြားလိုက် တာဆိုပြီး ထင်မိပါတယ်။ စားသောက်ရေး ကိစ္စတွေမှာလည်း လူအများကြီးကို အခုလိုကျွေးလိမ့်မယ်လို့ မထင်ထားမိဘူး။ တကယ် ပြည့်စုံပါတယ်။ ဝမ်းလည်းသာတယ်။ မြန်မာနိုင်ငံရောက်ရင် အဖေနဲ့ အမေဆီပြန်မယ်။ အလုပ်တစ်ခုခုလုပ်မယ်လို့ စဉ်းစားထားတယ်။ ကျန်ခဲ့တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ပြန်ခေါ်စေချင်တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆောင်ရွက်ပေးလို့ ကျွန်တော်တို့ |အခုလိုပြန်လာခဲ့ရတာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သက်တော် ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟုပြောကြားခဲ့သည်။
အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိကြသော မြန်မာနိုင်ငံသားများ မှာ ဒုက္ခဆင်းရဲမှ လွတ်မြောက် ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သော တပ်မတော်ကို အားလုံးကျေးဇူး တင်ကြသည်။ မလေးရှားထိန်းသိမ်း ရေးစခန်းများတွင် ကျန်ရစ်ခဲ့သူများအား ထပ်မံခေါ်ယူပေးပါရန် နိုင်ငံတော်အစိုးရ တာဝန်ရှိသူများအား အသိပေးကြသည်။ ကျန်ရစ်ခဲ့သူ ဘဝတူ မြန်မာနိုင်ငံ သားများအတွက် စိတ်မကောင်းဖြစ်နေကြသလို အမြန်ဆုံး ပြန်လည် ခေါ်ယူပေးစေလိုကြသည်။ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံသား ပြည်သူအားလုံးတို့အပေါ်တွင် ခွဲခြားဆက်ဆံခြင်း
မရှိဘဲ အကူအညီလိုနေသူ မြန်မာနိုင်ငံသားများကို အကူအညီပေးရန် လည်း အသင့်ရှိနေမည်ဟု ယုံကြည်ပါသည်။
မတ်လ ၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေး (၄/၂၀၂၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မလေးရှားနိုင်ငံ တွင် ရောက်ရှိ ပြီး ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား မိမိတို့နိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၁၀၈၆ ဦးအား တပ်မတော်ရေယာဉ်ဖြင့် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ကျန်ရှိသူများအား ဆက်လက်ခေါ်ဆောင်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုကဲ့သို့ ပြည်ပနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ယူနိုင်ခဲ့ခြင်းသည် မိမိတို့ကောင်စီ၏ အောင်မြင်မှုတစ်ခုပင် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
တပ်မတော်သည် တိုင်းရင်းသားပြည်သူများအပေါ်တွင် အားလုံး တန်းတူ ရင်ဝယ်သားကဲ့သို့ သဘောထားလျက်ရှိသည်ကို ထင်ဟပ် ဖော်ပြလျက်ရှိသည်။ နိုင်ငံအတွင်း အေးချမ်းစွာနေ ထိုင်ကြသော ပြည်သူပြည်သားများအပေါ်တွင် မည်သည့်အခါမျှ မည်သည့်အခြေ အနေတွင်မျှ ခွဲခြားဆက်ဆံခြင်းမပြု။ ဖိနှိပ်ဆက်ဆံခြင်းလည်း ပြုလုပ် မည်မဟုတ်ပေ။ တိုင်းရင်း သားပြည်သူများ အကျိုးစီးပွားကို ထာဝစဉ် ဦးထိပ်ထားဆောင်ရွက်ပေးနေမည်သာ။ ပြည်သူ သာအမိ၊ ပြည်သူ
သာအဖ စိတ်ထား၊ ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်သူတို့ကြောင့် မလေးရှားမှ အိမ်အပြန်ခရီး လှခဲ့ပြီကို သက်သေညွှန်းဆိုလိုက်ပါကြောင်း။ ။
ကိုရေချမ်း