Skip to main content

ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်ကြတဲ့အတွက် အချို့ဆေးရုံတွေမှာ ဆရာဝန် သူနာပြု မရှိကြဘူး။ ဒါကြောင့် ငွေကြေးမတက်နိုင်ကြတဲ့ ပြည်သူတွေ ဒုက္ခရောက်ရတယ်

CDM ကို မည်သည့်အချိန်အထိလုပ်မည်။ မည်သည့်အချိန်တွင် ရပ်နားမည်ဆိုပြီး တိတိကျကျ မရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဆန့်ကျင်ရေးကိုသာ အဓိကရည်ရွယ်ကာ လုပ်ဆောင် နေသည့်ကြားမှ သာမန်ပြည်သူများကိုသာ အခက် အခဲကြုံတွေ့နေစေကြောင်း တွေ့ရသည့်အတွက် CDM ကြောင့် အခက်အခဲကြုံ တွေ့ခံစားနေရသည့် အလွှာအသီးသီးမှ ပြည်သူများအား တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။ “ကျွန်မက မြို့နယ်ဦးစီးမှူး တာဝန်ထမ်းဆောင် နေတာဆိုတော့ ရုံးမှာက တာဝန်အရှိဆုံးသူလို ဖြစ်နေတယ်။ CDM ကြောင့် အငယ်ပိုင်းဝန်ထမ်း တွေကို အများကြီး ထိန်းသိမ်းစည်းရုံးနေရတယ်။ အချို့ဝန်ထမ်းတွေ ရုံးမလာရဲတာက ရုံးတက်နေကြတဲ့ ဝန်ထမ်းတွေကို တချို့သူတွေကလှောင်သလိုလို အကြည့်တွေနဲ့ကြည့် ကြတာကြောင့် မလာရတာ။ ဒါကြောင့် သူတို့ကို အားပေးဖေးမပြီး ရုံးတက်ကြဖို့ တိုက်တွန်းရတယ်။ ရုံးတက်ရင် လည်း သူတို့တွေ သတိမထားမိအောင် ယူနီဖောင်းမဝတ်ဘဲ သာမန် လူတွေလိုသွားလာပြီး တက်ကြရတယ်။ “ကျွန်မတို့လို မြို့နယ်ရုံးအများစုက လူနေ ရပ်ကွက်ထဲမှာရှိတော့ ဆန္ဒလာပြတဲ့သူတွေက ရုံးရှေ့မှာလာပြီး “ရုံးမတက် နဲ့ရုန်း ထွက်” လို့ အော်ခံ ရတာတွေ၊ ဖုန်းနဲ့ဓာတ်ပုံလိုက်ရိုက်ပြီး ဆိုရှယ် မီဒီယာပေါ် တင်တာတွေရှိ တယ်။ တွေ့ရတာက ဘဏ်ဝန်ထမ်းတွေကို CDM မလုပ်လို့ဘဏ်ရှေ့လာ ပြီးဆန္ဒပြကြ၊ အရှက်ခွဲကြ၊ လိုင်းပေါ် တင်ပြီး အရှက် ခွဲကြတာတွေ လုပ်ကြတယ်။ ဒါတွေက မဖြစ်သင့် တာတွေပါ။ တစ်ဦးရဲ့ လွတ်လပ်ခွင့်ကို တစ်ဦးက လေးစားရမှာပေါ့” ဟု ဌာနတစ်ခုမှ မြို့နယ်ဦးစီးမှူး တာဝန်ထမ်းဆောင်နေသူ ဒေါ်စန်းကြည်(အမည်လွှဲ) က ပြောသည်။ CDM မှာပါဝင်ရန် နိုင်ငံ့ဝန်ထမ်းများကို ဖိအား ပေးမှု၊ အကျပ်ကိုင်မှု၊ တိုက်တွန်းမှု၊ ခြိမ်းခြောက်မှု၊ စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ်နေကြသည်။ မိမိတို့ ပြည်သူများ သွားချင်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး လမ်းကြောင်းမှန် ပေါ် ရောက်ရှိအောင် CDM က လုပ်ဆောင်ပေးနိုင် မလား။ မလုပ်ဆောင်ပေးနိုင်ဘူးလား၊ CDM က ဖက်ဒရယ် ဒီမိုကရေစီစနစ်တည်ဆောက်ရေး၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်များအတွက် အဖြေမှန် တစ်ခု ဟုတ်၊ မဟုတ်သည်တို့ကိုစဉ်းစားရန်လိုသည်။ “ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်ကြတဲ့ အတွက် တချို့ဆေးရုံတွေမှာ ဆရာဝန်၊ သူနာပြုတွေ မရှိကြဘူး။ ဒါကြောင့် ငွေကြေးမတတ်နိုင်ကြတဲ့ ပြည်သူတွေဒုက္ခရောက်ရတယ်။ ကလေးမီးဖွားမယ့် သူတွေ၊ အရေးပေါ်လူနာတွေဆိုရင် အရေးပေါ် အခြေအနေမှာ ဟိုပြေး ဒီပြေးဖြစ်ကြရတယ်။ အပြင် မှာ အထူးကု ဆေးခန်းတွေတော့ရှိတာပေါ့။ ဒါက လည်း ငွေကြေးလိုတယ်။ အစိုးရဆေးရုံတွေထက် ဈေးအများကြီး ပိုပေးရတော့ သာမန်ပြည်သူတွေက ဘယ်လိုလုပ်ပြီးတတ်နိုင်မလဲ။ အပြင်ဆေးခန်းတွေ မှာ ကလေးမွေးမယ်ဆိုရင် ငွေကျပ် ၈ သိန်းလောက် ကိုပေးရတယ်။ ဒါကြောင့် ငွေကြေးမတတ်နိုင်တဲ့ ပြည်သူတွေက ဘယ်လိုတတ်နိုင်မလဲ။ ကျွန်မရဲ့ ညီမလေးဆို ကလေးမွေးခါနီး ဆေးရုံသွားတာ ဆရာဝန်တွေ မရှိဘူး။ ဒါကြောင့် ပရဟိတတွေနဲ့ ချိတ်ဆက်ပြီး တပ်မတော်ဆေးရုံကို သွားခဲ့ရတယ်။" ဟု ကျန်းမာရေးနှင့်ပတ်သက်၍ အခက်အခဲကြုံတွေ့ ခဲ့ရသည့် ဒေါ်ဇင် (အမည်လွှဲ) က ပြောသည်။ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်အိခိုင် (အမည်လွှဲ)က “ကျွန်မတို့ဌာနက CDM လှုပ်ရှားမှု မှာပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ အမည် စာရင်းကို ရုံးချုပ် ကတောင်းတယ်။ တစ်ယောက်ချင်းစီကို ဝန်ခံကတိ နဲ့တောင်းတာ။ CDM လုပ်မယ် ဆိုလည်းလုပ်ပေါ့။ မလုပ်ဘူးဆိုလည်း မလုပ်တဲ့အကြောင်း ဝန်ခံကတိ မှာ လက်မှတ်လာထိုးဖို့ခေါ်တဲ့အခါ ရုံးမတက်ဘဲ နေကြသူတွေက လက်မှတ်လည်း လာမထိုးဘူး၊ ရုံးလည်းလာမတက်ဘူး။ အခု CDM လုပ်တဲ့ ဝန်ထမ်းတွေရဲ့ အလုပ်တွေကို ကျွန်မတို့လို ကျန်တဲ့ ဝန်ထမ်းတွေက လုပ်ပေးရတယ်။ ဒါကလည်း CDM လုပ်တဲ့ဝန်ထမ်းတွေကို အပြစ်မြင်လို့ ပြောတာ တော့ မဟုတ်ဘူး။ နှစ်ယောက်လုပ်ရမယ့်အလုပ်ကို တစ်ယောက် တည်းလုပ်ရတော့ အလုပ်ကြန့်ကြာ သလို မနိုင်ဝန်ထမ်းနေရသလို ဖြစ်တယ်။ “ကျွန်မသိတဲ့ ရုံးကညီမလေးတစ်ယောက်ဆိုရင် အဖေမရှိတော့ဘူး။ အမေကို ဒီဝန်ထမ်းအလုပ်နဲ့ လုပ်ကိုင်ကျွေးမွေးနေတာ။ ပညာရည်အချင်းက လည်း ၁၀ တန်းမအောင်တော့ ရုံးအကူနဲ့ ရုံးမှာ လုပ်နေတာပါ။ အခု အွန်လိုင်းပေါ်က စာတွေဖတ်ပြီး CDM လုပ်သွားတယ်။ လူငယ်တွေသဘောသဘာဝ စိတ်လိုက်မာန်ပါ လုပ်လိုက်မှုကြောင့် သူ့ကို မှီခို နေရတဲ့ မိသားစုက ဦးစွာဒုက္ခရောက်ရတယ်။ အခု အချိန်မှာ အလုပ်တစ်ခုရဖို့က မလွယ်ပါဘူး။ ဝန်ထမ်းဆိုတာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်း တွေ၊ ညွှန်ကြားချက်တွေရှိတယ်။ ကျွန်မတို့က တိုင်းပြည်ကို အလုပ်အကျွေးပြုနေတဲ့ဝန်ထမ်းတွေ ဖြစ်တာကြောင့် နိုင်ငံရေးထဲ ဝင်မပါစေချင်ဘူး။ နိုင်ငံ့ဝန်ထမ်းဆိုတာက ပါတီအဖွဲ့ အစည်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အတွက်မဟုတ်ဘဲဘယ်အစိုးရ ပဲတက်တက် ကိုယ့်ဌာနရဲ့ အလုပ်တာဝန်ကိုတော့ ဆက်လုပ်ရမယ့် တာဝန်ရှိတယ်။ အခုလို မထီမဲ့မြင် မလုပ်သင့်ဘူး” ဟု ပြောသည်။ ဒီမိုကရေစီတွင် အများစု၏ဆန္ဒကိုလက်ခံရမည် ဖြစ်သော်လည်း အနည်းစု၏ဆန္ဒကိုလည်း ပစ်ပယ် ထား၍မရပါ။ ပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ က မဲစာရင်းမှားယွင်းသည့်ကိစ္စရပ်များ အပြီးအပြတ် ဖြေရှင်းဆောင်ရွက်ပြီးပါက ရွေးကောက် ပွဲပြန်လည် ကျင်းပပေးမည်ဟု ဆိုထားပါသည်။ ယင်းရွေးကောက်ပွဲကျင်းပပြီးချိန်တွင် အနိုင် ရရှိသည့်ပါတီထံ နိုင်ငံတော်၏အာဏာကို ပြန်လည် အပ်နှင်းလွှဲပြောင်းပေးမည်ဟု ကတိပြုထားသောင့် မိမိတို့အနေဖြင့် ယင်းအချိန်အခါကောင်းကို စောင့်ဆိုင်း၍ မိမိနှစ်သက်သဘောကျသည့် ပါတီကို မဲပေးနိုင်ရန် စောင့်ဆိုင်းရပေမည်။ သို့မဟုတ်ပါဘဲ ယခုကဲ့သို့ ဆူပူအကြမ်းဖက် ဆန္ဒပြမှုများလုပ်ဆောင် နေလျှင် မိမိတို့လိုလားတောင့်တနေသည့် ဒီမို ကရေစီစနစ်လမ်း ကြောင်းမှ လွဲချော်သွားနိုင်သဖြင့် ရွှေပြည်တော် မျှော်တိုင်းမဝေးရလေအောင် အချိန် အခါကောင်းကို စောင့်ဆိုင်းသင့်ပါကြောင်း အကြံ ပြုရေးသားတင်ပြလိုက်ရပါသည်။ တွေ့ဆုံမေးမြန်း - လုလင်ငယ်