Skip to main content

စတုတ္ထမဏ္ဍိုင် ခိုင်မာရှင်သန်စေလို

မလကျာ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဟူ၍ တရားဝင် သတ်သတ်မှတ်မှတ် နိုင်ငံတော်သမ္မတရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုကြပြီး ဖွဲ့စည်းခြင်းကို ၂၀၁၅ ခုနှစ် မတ်လက သမ္မတ ဦးသိန်းစိန် ရှေ့မှောက်တွင် ပြုလုပ်ခဲ့ပါသည်။ နောက်တက် လာသည့် အစိုးရ အဖွဲ့ထံ အာဏာလွှဲပြောင်းပေးရန် အချိန်နီးကပ် နေပြီဖြစ်၍ သမ္မတကြီးက “ကဲ- ခင်ဗျားတို့ကို ကျွန်တော်တို့က ဖွဲ့စည်းပေးလိုက်ပါပြီ။ နိုင်ငံတော် အကျိုး၊ စာနယ်ဇင်းလောကအကျိုး စသဖြင့် တတ်နိုင် သမျှ ဆောင်ရွက်ပေးကြပါ”ဟု မှာကြား သွားပါသည်။ ပထမအကြိမ် မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီမှာ ဤသို့ သမ္မတ ဦးသိန်းစိန် အစိုးရက နောက်အစိုးရသစ်ကို တာဝန်လွှဲပြောင်း ပေးရန် အချိန်နီး ကပ်နေချိန်မှ ဖွဲ့စည်းရခြင်းအတွက် အချိန်မရှိတော့၍ အစိုးရနှင့် ရှေ့လုပ်ငန်းစဉ်များ ကိစ္စ၊ အစိုးရက မည်သို့ ကူညီမည်ဆိုသော ကိစ္စမျိုး များအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချိန် မရလိုက်ကြပါ။ နောက်တာဝန်ယူမည့် အစိုးရသည် အာဏာ မရခင်အချိန်က ဒီမိုကရေစီအကြောင်း တွင်တွင် ရှေ့တန်းတင် ပြောဆိုခဲ့သည်နှင့်အညီ ထိုအစိုးရ တာဝန်ယူပြီးနောက်တွင် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်း၍ လုပ်ဆောင်ကြရ လိမ့်မည်ဟု စာနယ်ဇင်း ကောင်စီဝင်များက မျှော်မှန်းခဲ့ကြပါသည်။ အစိုးရသစ်တက်လာပြီးနောက်တွင် အစိုးရ သစ်သည် ပထမပိုင်း သူ့အလုပ်နှင့်သူ ရှုပ်နေ သဖြင့် သတင်းမီဒီယာ ကောင်စီဘက်သို့ ဖြစ်ဖြစ် မြောက်မြောက် လှည့်မကြည့်နိုင်ခဲ့ပါ။ မီဒီယာ ကောင်စီသည် ရုံးခန်းအပိုင်နေရာ မရှိသည့် ကိစ္စ မှစ၍ ကိုယ့်အားကိုယ်ကို ဖြေရှင်းခဲ့ကြပါသည်။ သတင်းမီဒီယာကောင်စီသည် ရွှေဂုံတိုင်တာဝါတွင် တစ်လ ၁၇ သိန်းနှင့် အခန်းငှား၍ ရုံးဖွင့်ထားရပါ သည်။ ဦးသိန်းစိန်အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးက နေရာချ ထားပေး ၍ နောက်ပိုင်းတွင် ၃၅ လမ်းမှ ဂိုဒေါင်ဟောင်းကြီးတစ်နေရာကို ရခဲ့ပါ၏။ သိန်း နှစ်ရာကျော် အကုန် အကျခံ၍ ပြင်ဆင်ပြီး ထည်ထည်ဝါဝါ မြို့လယ်ကောင် ရုံးခန်းဖွင့်၍မှ မကြာမီ အစိုးရသစ်လက်ထက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ နေရာကို ပြန်တောင်းပါတော့၏။ ကယ်မည့်သူ မရှိပါ။ နောက်ဆုံးပိုင်ရှင်ကို ပြန်ပေး လိုက်ရ ပါတော့သည်။ ထိုတိုက်ခန်း ဂိုဒေါင်ကြီးမှာ နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ပစ်ထားသော နေရာကြီး ဖြစ်ပါ၏။ စာနယ်ဇင်းကောင်စီဝင်များ ကြီးကြပ်၍ ရုံးအဖွဲ့မှ အသေအချာ ဂရုတစိုက်ပြင်ဆင်ပြီး မြို့လယ်ကောင်ဖြစ်၍ သွားလာ ရေးလည်း လွယ်ကူ၊ နိုင်ငံခြားစာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းများမှ ဧည့်သည်တော်များ လာရောက် လည်ပတ်ရာတွင် လည်း အဆင်ပြေ၊ အပြလည်းကောင်းသည့်နေရာ၊ သည်နေရာကို တာဝန်မှရပ်ဆိုင်းတော့မည့် ယခင် အစိုးရအဖွဲ့မှ ဝန်ကြီးက ပေးခဲ့ခြင်းဖြစ်ပါသည်။ ဒီမို ကရေစီအစိုးရလက်ထက်တွင် ပြန်တောင်းသည့် အခါ ကယ်မည့်သူ၊ မေးမည့်သူမရှိဘဲ နောက်ဆုံး ပြန်ပေး လိုက်ရပါတော့သည်။ ထိုအချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီး တာဝန်ယူထားသည့် ယခင် မီဒီယာကောင်စီ ဝင်နှစ်ဦး ရှိနေလို့သာ ပြန်ကြားရေးဝန်ကြီးဌာနပိုင်သော ဂါးဒီးယန်း သတင်းစာတိုက် ဟောင်းကြီးမှာ နေရာ ထပ်ရပါသည်။ ဒါပေမယ့် နှစ်ပေါင်းများစွာ သော့ခတ်ထားတဲ့နေရာ ကို ပြင်ပြီးသုံးရတာပါ။ နိုင်ငံတော်ကလည်း ပြင်ဆင် စရိတ် သိန်း ၃၀၀ လောက် ထင်ပါရဲ့၊ ထပ်ကုန်သွား ပါသည်။ တကယ်တမ်းပေးချင်ရင် အခြေအနေ ကောင်းတဲ့ အသုံးတည့်အဆောက်အအုံတွေ ရှိပါ သည်။ ဘယ်အဖွဲ့အစည်း၊ ဘယ်ဌာနကမျှ အရေး တယူပေး ချင်တဲ့ပုံ မရှိကြပါဘူး။ သတင်းမီဒီယာကောင်စီဟာ တစ်ဖက်မှာလည်း တိုင်းနဲ့ပြည်နယ်တွေဆင်းပြီး တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ၊ စာနယ်ဇင်း သမားတွေနဲ့ လှည့်လည် တွေ့ဆုံရပါသည်။ အုပ်ချုပ်သူများနှင့် သတင်းမီဒီယာ များကြားမှာ ပိုမိုနီး စပ်မှုရှိလာအောင် တစ်ဖက်နဲ့ တစ်ဖက် အမြင်လွဲမှားမှုတွေအခြေခံပြီး ပွတ်တိုက်မှု တွေမဖြစ်ပွားအောင် သတင်း မီဒီယာကောင်စီက တံတားထိုးပေးတာပါ။ ။ မီဒီယာကောင်စီဝင်တွေထဲမှာ ဥက္ကဋ္ဌက အသက် ကိုးဆယ်ကျော်ဖြစ်ပြီး ရှစ်ဆယ်ကျော်တွေ၊ ခုနစ် ဆယ်ကျော်တွေ၊ ခြောက်ဆယ်ကျော်တွေ အများ အပြား ပါကြပါသည်။ လူကြီးများက ဘတ်စ်ကားကြီး တွေငှားပြီး နယ်ကို ခရီး ထွက် ကြရပါသည်။ လခ၊ ခရီးစရိတ် စသည့် နေ့တွက်ခွင့်ပြုထားခြင်း မရှိပါ ဘူး။ သို့သော် အားလုံးက စာပေ အလုပ် ကို လုပ်နေ ရလို့ ပျော်နေကြတာပါ။ အဲဒီလို နယ်ထွက်တွေ့ဖို့ အစီအစဉ်တွေလုပ်တာမှာ တချို့ ပြည်နယ်နဲ့ တိုင်း တွေမှာ အလွယ်တကူ ချိန်းဆိုတွေ့ဆုံလို့ရပါသည်။ ဒါပေမယ့် တချို့နေရာတွေမှာကျတော့ ရှောရှော ရှူရှူချိန်းလို့မရပါဘူး။ နေ့ရွှေ့ ညရွှေ့နဲ့ပါ။ တစ်ခါက စိတ်ထဲက မသင်္ကာဖြစ်လာလို့ ပြည်နယ်ဝန်ကြီးချုပ် တစ်ယောက် ကို မေးကြည့်တော့မှ အကြောင်းစုံ သိရပါတော့သည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြောတာ ကတော့ တစ်ကြိမ်မှာတဲ့ သူတို့ခေါင်းဆောင်က စာနယ်ဇင်းသမားတွေက သူတို့ကိုယ်သူတို့ စတုတ္ထ မဏ္ဍိုင်လို့ ပြောပြောနေကြသည်။ စတုတ္ထမဏ္ဍိုင်လို့ မကြားဖူးပါဘူးလို့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် တွေရှိရာ တစ်နေရာမှာ ပြောလိုက်ပါသတဲ့။ အဲဒါနဲ့ ကြောက်ပြီး တချို့က မီဒီယာကောင်စီကို မတွေ့ရဲ ဖြစ်နေကြတာလို့ ပြောပါသည်။ ။ ကျွန်တော်ကတော့ အကူအညီပံ့ပိုးမှုတွေ အများကြီးပိုရမယ်လို့ မျှော်မှန်းထားတဲ့ အစိုးရ လက်ထက်မှာမှ အဲဒီ လိုကြားလိုက်ရလို့ကိုယ့်နားကိုယ် မယုံချင်ဖြစ်သွားရပါသည်။ ဒါပေမယ့် လက်တွေ့ ဖြစ်ရပ်တွေနဲ့ ချိန်ထိုး ကြည့်တော့လည်း ဟုတ်ပေ တာပဲလို့ ဖြေရပါသည်။ ဒီအစိုးရလက်ထက်မှာမီဒီယာကောင်စီကို တာဝန်ရှိ ထိပ်ပိုင်း က ပုဂ္ဂိုလ်တွေ ခေါ်တွေ့တာ တစ်ကြိမ်မျှ မရှိခဲ့ပါဘူး။ သတင်းမီဒီယာ ကောင်စီက တစ်ကြိမ်မျှ အုပ်ချုပ်ရေးပိုင်း ထိပ်သီး ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့တာ၊ တင်ပြခဲ့ရတာ၊ ရှင်းလင်း ပြခဲ့ရတာ တစ်ကြိမ်မျှ မရှိပါဘူး။ ပထမအကြိမ် သတင်းမီဒီယာကောင်စီကို နေပြည်တော်ကို ဖိတ်ပြီးတွေ့ဆုံတာ၊ အပြန်အလှန် လုပ်ငန်း သဘော တွေကို ဆွေးနွေးတာဆိုလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ပဲ ရှိခဲ့ပါ သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဖိတ်ကြားတွေ့ဆုံပါသည်။ သတင်းမီဒီယာကိစ္စများ အပြန်အလှန်တင်ပြဆွေးနွေးကြပါသည်။ ။ နောက်တစ်ခါ ရန်ကုန်မှာ တပ်မတော်မှ ဌာန ကြီးမှူးများပါတဲ့ အဖွဲ့က ပထမအကြိမ် သတင်း မီဒီယာကောင်စီကို ထပ်မံဖိတ်ခေါ်ပြီး တွေ့ဆုံပါသေး သည်။ ဒီလို နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုရလဒ် ရတော့ တပ်မတော်က တရား စွဲ ဆိုထားတဲ့ မီဒီယာ သမားများအမှုကို ပိတ်သိမ်းကျေအေးလိုက်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါသည်။ ဒါကြောင့် ဒီမိုကရေစီ အကြောင်း တွင်တွင်ပြောနေတဲ့ အစိုးရအနေနဲ့ တစ်ကြိမ်မျှ သတင်းမီဒီယာကောင်စီကို ခေါ်ယူတွေ့ဆုံ ညှိနှိုင်း ၅ တိုင်ပင်ခြင်းမရှိတဲ့အချိန်တွေမှာ တပ်မတော် ခေါင်းဆောင်ပိုင်းကသာ ဖိတ်ကြားတွေ့ဆုံခြင်း၊ လုပ်ငန်းဆိုင်ရာများ ဆွေးနွေး ညှိနှိုင်းခြင်းတို့ဖြင့် တတ်နိုင်သမျှ မီဒီယာသမားများကို အကူအညီ ပေးနေခဲ့တာပါ။ မနေ့တစ်နေ့က လက်ရှိအခြေအနေမှာ မီဒီယာ လောကအတွက် ဆောင်ရွက်ပေးရန် မဖြစ်နိုင်သော အခြေအ နေကြောင့် ဟုဆိုကာ နုတ်ထွက်သွားကြ တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ၁၁ ဦး အမှတ်ရကောင်း ပါတယ်လို့ ပြောချင်ပါသည်။ တကယ်တမ်းတော့ တပ်မတော်ဟာ ပထမအကြိမ် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကာလမှာတင် မဟုတ်ပါဘူး။ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဒုတိယ အကြိမ် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ လက်ထက်မှာလည်း သူကပဲ ဖိတ်ကြားတွေ့ဆုံခဲ့တာ ပါ။ ဒီမိုကရေစီအစိုးရက သတင်း မီဒီယာ ကောင်စီ ကို ကျီးစောင့်ကြက်နှင့် မီဒီယာကောင်စီလို့သာ သဘော ထားခဲ့တာ ဖြစ်ပါသည်ဆိုတာကို ပြောပါရစေ။ မကြာသေး မီကာလများအတွင်းကဆိုလျှင် ထိုစဉ်က တိုင်းဒေသကြီးဝန်ကြီးချုပ် တစ်ဦးက စတုတ္ထမဏ္ဍိုင်ဆိုတာ မကြားဖူး ပါလို့တောင် ထုတ်ဖော်ပြောကြားခဲ့တာလည်း ကြားခဲ့ရပါသည်။ တကယ်တမ်းမှာ စတုတ္ထမဏ္ဍိုင်လို့ စာနယ်ဇင်း လောကကို တင်စားပြောဆိုတဲ့စကားကလည်း ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးများလို့ ခေါ်ကြတဲ့ အနောက်နိုင်ငံ များဆီက မြစ်ဖျားခံလာတဲ့ စကား လုံးပါ။ နိုင်ငံရေးစနစ်တစ်ခုမှာ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး ဆိုတဲ့ အဓိကမဏ္ဍိုင် ကြီးသုံးရပ်ရှိကြောင်းနဲ့ အဲဒီမဏ္ဍိုင်ကြီး သုံးရပ် ကို ထိန်းညှိ တည့်မတ်ပေးနေရမှာက စာနယ်ဇင်း များဖြစ်ကြောင်း၊ ဒါကြောင့် စာနယ်ဇင်းဆိုတာဟာ ဒီမိုကရေစီစနစ်မှာ ဒီမိုကရေစီကို ထိန်းကျောင်း ပေးတဲ့ မဏ္ဍိုင် စတုတ္ထမဏ္ဍိုင် ဖြစ်ပါပေတယ်လို့ တင်စားသညာပြုတာပါ။ စာနယ်ဇင်းသမားတွေက တို့ဟာ ဖော်ပြပါ မဏ္ဍိုင်ကြီး သုံးရပ်လိုပဲ အရေးပါတဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်တယ်ဆိုပြီး ကုလား ထိုင်ခင်းပြီး အတင်းနေရာ ဝင်ယူတာ မဟုတ်ပါဘူး။ တင်စားပြောကြားခြင်း သာဖြစ်တယ်ဆိုတာကို အုပ်ချုပ် သူများ နားလည် ဗနယ်ဇင်းလောကကို တင်စားပြောဆိုတဲ့ ကြီးများလို့ခေါ်ကြတဲ့ အနောက်နိုင်ငံ နိုင်ငံရေး စနစ်တစ်ခုမှာ ဥပဒေပြုရေး၊ ကမဏ္ဍိုင်ကြီး သုံးရပ်ရှိကြောင်းနဲ့ အဲဒီ နေရမှာက စာနယ်ဇင်းများဖြစ်ကြောင်း၊ ရစီ စနစ်မှာ ဒီမိုကရေစီကို ထိန်းကျောင်း တယ်လို့ တင်စားသညာပြုတာပါ။ သဘောပေါက်ကြရမှာ ဖြစ်ပါသည်။ မကြာမီရက်ပိုင်းအတွင်းကတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စာနယ်ဇင်းများ ဟာ စတုတ္ထ မဏ္ဍိုင်ဖြစ်တယ်ဆိုတာကို လက်ခံပါ တယ်လို့ ဖွင့်ဟပြောခဲ့တာ ကြားခဲ့ရပါသည်။ နိုင်ငံ့ အကြီးအကဲကိုယ်တိုင်က အရင့်အရင်ပုဂ္ဂိုလ်တွေ တစ်ခါမျှ မဟဖူးတဲ့စကားကို တရားဝင် ပြောဆိုလာ ပြီး အစိုးရသစ်ရဲ့ စာနယ်ဇင်း ဆိုင်ရာ ရပ်တည်ချက် ကို ဖွင့်ဟပြောကြားလာခဲ့တဲ့အချိန်ကျမှ သတင်း မီဒီယာကောင်စီဝင်တချို့က “ယခုအခါ မီဒီယာ သမားများအတွက် ကူညီရပ်တည်လုပ်ဆောင်ပေး ရန် အခက်အခဲဖြစ်ပေါ်နေပါသဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက နုတ်ထွက်ပါတယ်” လို့ ပြောပြီး နုတ်ထွက်သွားတာဟာ လက်ရှိ ပကတိ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ကိုက်ညီမှုရှိပါရဲ့လား လို့ တွေးစရာဖြစ်မနေဘူးလား ခင်ဗျာ။ ။