Oct 13, 2020

မြန်မာတို့၏ ရုပ်ရှင်သမိုင်းစာမျက်နှာအသစ်များကို ဖွင့်လှစ်နိုင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်တစ်ရာတိုင်လာခဲ့ ပြီဖြစ်ပါသည်။ ခေတ်မီသော လူ့ဘောင်သစ်နယ်ပယ်တွင် လူထုဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်သော “ရုပ်ရှင်” ပေါ်ထွန်းလာခဲ့ပြီးနောက် ခေတ်နှင့်အမီ တွေးခေါ်မြော်မြင် တတ်သော၊ မြန်မာတို့၏ မလျှော့သော ဇွဲလုံ့လဖြင့် အပတ်တကုတ်ကြိုးစားအားထုတ်မှုကြောင့် မြန်မာတို့၏ မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင်လည်း “ရုပ်ရှင်” သည် ရှင်သန်ကြီးထွားလာခဲ့ရာ ယနေ့မြန်မာတို့၏ မြန်မာ့ရုပ်ရှင်သည် ပြည်တွင်းသာမက ပြည်ပသို့ပါ ထိုးဖောက် ခြေဆန့်နိုင်ခဲ့ပြီဖြစ်ပါသည်။
Oct 12, 2020
အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် ၁၉၆၇ ခုနှစ်ကစတင်ပြီး သတ်မှတ်ခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ။ ကမ္ဘာ့ဆရာများနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံမှာ နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်အဆင့် အခမ်းအနားတွေ နှစ်စဉ်ကျင်းပခဲ့တယ်။ ဒီနှစ်အခမ်းအနားကို နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တယ်။ ယခင့် ယခင်နှစ်တွေမှာ ကျင်းပတဲ့ပုံစံမဟုတ်ဘဲ ကိုဗစ်ကပ်ရောဂါကြီးကြောင့် အွန်လိုင်းကတစ်ဆင့် ကျင်းပခဲ့ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်က “ဦးဆောင်ကျော်လွှားကပ်ဘေးများ အနာဂတ်ပုံဖော်မည့် ဆရာများ” ဖြစ်ပါတယ်။
Oct 12, 2020

ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသည့် အဆိုတော်များထဲတွင် ထိပ်ဆုံးကပါဝင်ခဲ့သူဖြစ်ပါသည်။ ခင်ယုမေသည် သူ့ခေတ်သူ့အခါက ထင်ရှားသောဝတ်စားပုံကိုထွင်နိုင်ခဲ့သူဖြစ်သလို သဘာဝကျသောအမူအရာကိုလည်း လုပ်ဆောင်နိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်လေသည်။
Oct 12, 2020

နေ့စဉ်ရုန်းကန်လှုပ်ရှားနေရသော လူမှုဘဝတွင် လူမှုရေး၊ စီးပွားရေး အစရှိသည့် နယ်ပယ်အရပ်ရပ်မှ ဝင်ရောက်လာသောစိတ်ဖိစီးမှုများကို ဖြေဖျောက်နိုင်ရန် အကောင်းဆုံးသော နည်းလမ်းများတွင် ခရီးသွားခြင်းသည် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်ကို လက်ခံပြီး ဖြစ်ကြပါလိမ့်မည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၌ ခရီးသွားဆွဲဆောင်မှုနေရာဒေသများ အများအပြား တိုးပွားလာနေသည့်အထဲမှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ စံကားဝါမြေ ရွှေပုပ္ပားဆီသို့ သွားရောက်လည်ပတ် အပန်းဖြေရန် အကြံပြုလိုပါသည်။
Oct 12, 2020

မြန်မာတို့ ကိုယ်တိုင်
မြန်မာ့ရုပ်ရှင်ရိုက်ကူးမှုစတင်ခြင်း
မြန်မာ့ရုပ်ရှင်ကို စတင်ရိုက်ကူးပြသခဲ့သည့်ပုဂ္ဂိုလ်မှာ ဓာတ်ပုံပညာရှင်နှင့် ပန်းချီဝါသနာရှင် ဦးအုန်းမောင် ဖြစ်ပြီး ထိုစဉ်က နိုင်ငံခြားသားပိုင် ဓာတ်ပုံတိုက်တွင် လခစားဓာတ်ပုံပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
Oct 12, 2020

ကျွန်တော့်ဖခင်ကြီးက ဆိုင်းနားထောင်တာ ဝါသနာပါသည်။ ဆိုင်းဆိုလျှင် စိန်ဘညို၊ ရွှေဒေါင်းမြိုင်ကြိုက်သည်။ စိန်ဘညိုကိုတော့ အသည်းစွဲ။ ဟို...ဘုတလင်အရှေ့ဘက် မိဘများဇာတိ ဝေးသီလံရွာကလေးမှာပြန်၍ ကျွန်တော့်ကိုလှူတော့ စိန်ဘညိုဆိုင်းပါသည်။
Oct 08, 2020

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၀ ရက်နေ့သည် နိုင်ငံတော်အစိုးရနှင့် မိမိတို့ဝန်ကြီးဌာနနှင့် မျက်စိရောဂါကုသ ပေးလျက်ရှိသော ဌာနအားလုံးအတွက် မင်္ဂလာရှိသောနေ့ရက်ဖြစ်ခဲ့ပေသည်။ အကြောင်းကား စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကျင်းပသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာကော်မတီ၏ (၇၃) ကြိမ်မြောက် အစည်းအဝေး၏ ဒုတိယ မြောက်နေ့ဖြစ်သော ဤနေ့တွင် အရှေ့တောင်အာရှဒေသများအတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ပေးအပ်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ ကင်းဝေးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mrs. Poonan Khetrapal Singh က မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကင်းဝေးကြောင်း အသိအမှတ်ပြု ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ်သဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူ ခဲ့သည်။
Oct 08, 2020

ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသည့် အဆိုတော်များထဲတွင် ထိပ်ဆုံးက ပါဝင် ခဲ့သူ ဖြစ်ပါသည်။ ခင်ယုမေသည် သူ့ခေတ်သူ့အခါက ထင်ရှားသော ဝတ်စားပုံကို ထွင်နိုင်ခဲ့သူ ဖြစ်သလို သဘာ၀ကျသော အမူအရာကိုလည်း လုပ်ဆောင်နိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီး တစ်ယောက် ဖြစ်လေသည်။
Oct 08, 2020

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ လူငယ်ရေးရာကော်မတီဝင် ဦးမျိုးမင်းထွန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင် သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Oct 08, 2020

ကမ္ဘာပေါ်မှာ ရှေးယခင်ကတည်းက ကပ်ရောဂါတွေ ဖြစ်ပေါ်ဖူးပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ဝ ခန့် က တုပ်ကွေး တစ်မျိုးကြောင့် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံပုံ တစ်ပုံထိခိုက် ခံစားခဲ့ရပါတယ်။ သုံးနှစ်ကြာတဲ့ နောက်မှာတော့ အဲဒီ ကြောက်မက်ဖွယ်ကောင်းတဲ့တုပ်ကွေးရောဂါဟာ ပြီးဆုံး သွားခဲ့ပါ တယ်။ အဲဒီအချိန် တုန်းကဆိုရင် လူတွေဟာ ဗိုင်းရပ်စ်တွေအကြောင်းကို နားမလည်သေးသလို ခေတ်မီဆေးပညာတွေနဲ့ ကုသမှုတွေလည်းမရှိသေးပါဘူး။ အခုအချိန်မှာ အားလုံးသိချင်နေ ကြတဲ့ မေးခွန်းကတော့ကပ်ရောဂါကြီး ဘယ်လိုမျိုး အဆုံးသတ်သွား မလဲဆိုတာပါပဲ။