Skip to main content

လူမှာအရေးအကြီးဆုံးအရာ

၁။ လူမှာအရေးအကြီးဆုံးအရာက ဘာလဲ။ လူတွေက ဟိုအရာဒီအရာအမျိုးမျိုးအဖုံဖုံ ကိုယ်ထင်ရာမြင်ရာ ပြောဆိုနေတတ်ကြပေမယ့် တကယ့် အဖြေမှန်ကရှိပြီးသား။ ဒါကိုလျစ်လျူရှု ထားရင် မှားဖို့သာရှိပေမယ်။ အငြင်းပွားစရာမရှိ၊ တိတိကျကျ ဂဃနဏ ပြည့်ပြည့်ဝဝ ဖော်ထုတ်နိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင့် ငါးရာကျော်အတိတ်မှာ မှတ်သားစရာ ကောင်းတဲ့ ပုဂ္ဂိုလ်နှစ်ဦးရဲ့ အမေးအဖြေ ဒီစကားတွေဟာ ထင်ရှားပါတယ်။ စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ ဆရာအောင်သင်းလည်း ရေးဖူးတယ်။ ဆရာနန္ဒာသိန်းဇံလည်း ရေးဖူးတယ်။ ဆရာမောင်စိန်ဝင်း စာပေဟောပြောပွဲတစ် ပွဲမှာဟောပြောတာကိုလည်း ကြားနာရဖူးပါတယ်။ ဆရာတော်သံဃာတော်တွေလည်း ကောက် နုတ်ကိုးကား ဟောကြားတော်မူလေ့ရှိပါတယ်။ သို့ပေမယ့် မကြားဖူးတဲ့လူတွေများနေတယ်။ ဒါကို ဖတ်ဖူးသူကြားဖူးသူတွေရှိပေမယ့်လည်း မသိ နားမလည်သူတွေက ဆူဆူညံညံအော်ဟစ်ပြောဆို ခက်ထန်နေတာကို အတိုက်အခံမငြင်းဆန် လိုတဲ့ အတွက်ငြိမ်သက်တိတ်ဆိတ်နေကြတာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မယ်။ ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်မှ သောဏဒဏ္ဍသုတ်ဟာ အခြေခံအရင်းခံဖြစ်ပါ လိမ့်မယ်။ သိမှတ်ပြီးသား ပုဂ္ဂိုလ်တွေကတော့ နှစ်ထပ်ကြည့်တော့မှတ်မိတာပေါ့နော်။ ။ ၂။ “လက်တစ်ဖက်ကို လက်တစ်ဖက်ဖြင့် ဆေးကြောရသကဲ့သို့၊ ခြေတစ်ဖက်ကို ခြေတစ် ဖက်ဖြင့် ဆေးကြောရသကဲ့သို့၊ ထို့အတူ သီလကို ပညာဖြင့် ဆေးကြောရာ၏၊ ပညာကို သီလဖြင့် ဆေးကြောရာ၏၊ သီလရှိသူ၌ ပညာရှိ၏။ ပညာရှိ သူ၌လည်း သီလရှိ၏။” ဂေါတမဗုဒ္ဓမြတ်စွာဘုရား (သောဏဒဏ္ဍသုတ်၊ ဒီဃနိကာယ်မှ) အချိန်ကား မဂဓတိုင်းပြည့်ရှင်ဘုရင်ဗိမ္မိသာရ မင်း စိုးစံချိန်ဖြစ်ပါတယ်။ မဂဓတိုင်းအတွင်းမှာ စမ္မာဆိုတဲ့မြို့ တစ်မြို့ရှိတယ်။ ဗိမ္ဗိသာရဘုရင်က စမ္မာမြို့ကို လူအများကချစ်ခင်ကြည်ညိုလေးစား ခံရတဲ့သောဏဒဏ္ဍအမည်ရတဲ့ ပုဂ္ဂိုလ်ကို မြို့စား အဖြစ် ခန့်အပ်တာဝန်ပေးထားခဲ့တယ်။ ရာသီဥတု သာသာယာယာရှိတဲ့နေ့တစ်နေ့။ နေ့ခင်းနေလယ် အချိန်မှာ စမ္ပာမြို့ စားသောဏဒဏ္ဍ နေ့လယ်စာ စားအပြီး သူနားနေလျောင်း စက်ရာပြာသာဒ်အမြင့် ထက်မှ လမ်းပေါ်မှာ လူအများသစ်လွင်သန့်ပြန့်တဲ့ အဝတ်အစား ကိုဝတ်ဆင်ပြီး အစုလိုက်အအုပ်လိုက် ဂဂ္ဂရာရေကန်ဆီသို့သွားနေကြတာ သူတွေ့မြင်ရ တယ်။ စမ္ပာမြို့စား သောဏဒဏ္ဍက အမတ် တစ်ယောက်ကိုမေးကြည့်တဲ့အခါ စမ္ပာမြို့သူ မြို့သား တွေဟာ ဂဂ္ဂရာရေကန်အနီးရောက်ရှိနေတဲ့ ဂေါတမဗုဒ္ဓသီတင်းသုံးရာသို့ သွားနေကြတာဖြစ် ကြောင်း သိရတယ်။ ဂေါတမဗုဒ္ဓဟာ အင်္ဂတိုင်းအတွင်း ခရီးလှည့် လည်ရာမှ နောက်ပါရဟန်းများစွာနဲ့ ယနေ့စမွာမြို့ သို့ရောက်ရှိနေလို့ ကျော်ကြားထင်ရှားသူဖြစ်တဲ့ အတွက် မြို့သူမြို့သားတွေတွေ့မြင်ချင်လို့သွား နေကြတာကိုး။ မြို့စားက မြို့သူမြို့သားတွေနဲ့ အတူ သူလည်း ဂေါတမဗုဒ္ဓထံသွားမယ်လို့လည်း ပြောလိုက်ရော ဒီသတင်းဟာ တောမီးပမာလျင်မြန်စွာ တစ်မြို့လုံး ပျံ့သွားပြီးအခြားမြို့များမှ စမ္ပာမြို့ ကိုရောက် နေကြ တဲ့ ပုဏ္ဏားဧည့်သည်ငါးရာလောက်ဟာ လာပြီးတား ကြတယ်။ ဗြဟ္မဏပုဏ္ဏားတို့က တစ် ယောက်ပြီး တစ်ယောက် အကျိုးအကြောင်းပြောပြပြီး တားမြစ် ကြတယ်။ အတောမသတ်ဖြစ်နေပါရော။ ဘာပဲပြောပြောစမ္ပာမြို့စား သောဏဒဏ္ဍက တော့ “သမဏဗြဟ္မဏအချို့ ငါတို့မြို့ ကိုရောက်လာရင် သူတို့ဟာငါတို့ည့်သည်။ ငါတို့က အိမ်ရှင်။ ဧည့်ဝတ်အရ အလေး အမြတ်ပြုရမှာ အကျွန်ုပ်ရဲ့ တာဝန်ပေပဲ” လို့ ဖြေကြားပြီး တားတာကိုလက်မခံ ဘူး။ “တားလို့မရရင် ကျွန်ုပ်တို့လည်းလိုက်ကြမယ် ကွာ” ဆိုပြီး ဧည့်သည်ဗြဟ္မဏပုဏ္ဏား ငါးရာကျော်လည်း စမ္ပာမြို့ စားနဲ့အတူ ဘုရားကိုဖူးမြော်ဖို့ လိုက်ပါလာကြတယ်။ သူတို့ အားလုံးက ဗုဒ္ဓဘာသာ ဝင်တွေမဟုတ်ကြပါ။ ဂဂ္ဂရာရေကန်အနီးမှာ ခေတ္တ ( ယာယီ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားကို သွားရောက်တွေ့ဆုံ မိတ်ဆက်၊ နှုတ်ဆက်ကြတယ်။ ယခင်က မတွေ့မမြင်ဖူးကြဘူး။ တစ်ဦးအကြောင်း တစ်ဦး သတင်းသာကြားရဖူးတာ။ အမည်နဲ့လူကို အခုမှတွေ့ကြပေတာကိုး။ နှုတ်ဆက်စကားတွေပြောဆိုပြီး ပရိသတ်တို့ ဆိတ်ငြိမ်သွားတဲ့အခါ စမ္ပာမြို့စား သောဏဒဏ္ဍဟာ ဂေါတမဗုဒ္ဓက ဘာတွေမေးမှာလဲ။ ဘာတွေမေးရင် | ငါဘယ်လိုဖြေရပါ့မလဲအတွေးနဲ့ ဂနာမငြိမ်ဖြစ်နေ | မိပါတယ်။ စိတ်လှုပ်ရှားတဲ့မျက်နှာ။ မြတ်စွာဘုရားက တည်ငြိမ်ချိုအေးတဲ့အသံနဲ့ မြို့စားကြီးသောဏဒဏ္ဍကို မေးပါတယ်။ “မြို့စားကြီးသောဏဒဏ္ဍ ဘယ်လိုဂုဏ်အင်္ဂါတို့ နဲ့ ပြည့်စုံသူကိုမှ သူမြတ် (ဗြဟ္မဏ) လို့ခေါ်ပါသလဲ” အမေးစကားကိုကြားရတဲ့အခါ ကြိုတင်ပြီး သူစိတ်ပူပန်လာတာတွေ ပျောက်သွားကာ ကျေနပ် ရွှင်လန်းသွားတယ်။ ဒီမေးခွန်းက လွယ်လွယ်လေးပဲ။ သူကောင်းကောင်းဖြေနိုင်တယ်။ သူသိတယ်။ “အရှင်ဂေါတမ၊ ငါးပါးသော ဂုဏ်အင်္ဂါတို့နဲ့ ညီညွတ်ပြည့်စုံသူကို ဗြဟ္မဏရယ်လို့ခေါ်ဝေါ်ပါတယ်" “ဘယ်လိုဂုဏ်အင်္ဂါငါးပါးလဲ” “အရှင်ဂေါတမ။ ဒါတွေပါပဲ၁။ မျိုးရိုးသန့်စင်သူ ဖြစ်ရမယ်။ ၂။ဝေဒကျမ်းတို့ကိုတတ်မြောက်ရပါမယ်။ ၃။ရုပ်အဆင်းလှပတင့်တယ်ရမယ်။ ၄။သီလမြဲသူဖြစ်ရမယ်။ ၅။အသိဉာဏ်ပညာရှိရပါမယ်။” ပရိသတ်များစွာဟာ အားရဝမ်းသာတဲ့အသံနဲ့ ထောက်ခံသဘောကျကြောင်းတီးတိုးတီးတိုးပြောဆို ကာ သဘောကျနေကြတယ်။ အသံတွေထွက်လာ တယ်။ “မြို့စားကြီးသောဏဒဏ္ဍ... တကယ်လို့ အသင်ပြောပြတဲ့ ဂုဏ်အင်္ဂါ ငါးပါးအနက်က ပထမ ဂုဏ်အင်္ဂါမပါဘဲ ကျန်တဲ့ဂုဏ်အင်္ဂါလေးပါးနဲ့သာ ပြည့်စုံတယ်လို့ဆိုပါစို့၊ သို့ဖြစ်လျှင်ကော...ဗြဟ္မဏလို့ ခေါ်နိုင်ပါသလား” “အရှင်ဂေါတမ.... ခေါ်နိုင်ပါတယ်။ မျိုးရိုးမသန့် သော်လည်း ကျန်တဲ့ ဂုဏ်အင်္ဂါလေးပါး ပြည့်စုံပါက ရပါတယ်” ။ “ဒုတိယ ဂုဏ်အင်္ဂါ မပါရင်ကော...။” “အရှင်ဂေါတမ.... ဝေဒကျမ်းတွေမတတ်ပါ သော်လည်း ကျန်တဲ့ဂုဏ်အင်္ဂါသုံးပါး ပြည့်စုံရင် ရပါတယ်” ။ “အကယ်၍တတိယဂုဏ်အင်္ဂါမပါရင်ကော” “အရှင်ဂေါတမ... အဆင်းမလှလည်းရပါတယ်” ဒီအခါ အနီးရှိပုဏ္ဏားတို့က ထပြီးကန့်ကွက် စကားဆိုကြပါလေရော။ အမျိုးမျိုးအပြစ်တင်တာ ပေါ့။ “မြို့စားကြီးသောဏဒဏ္ဍ။ ဒီလိုမဖြေသင့်ဘူး လေ။ သင်ကမျိုးရိုးကိုလည်းပစ်ပယ်။ ဝေဒကျမ်း တွေလည်းပစ်ပယ်။ ရုပ်အဆင်းလည်းပစ်ပယ်။ အသင်ဟာ ရဟန်းဂေါတမရဲ့ နောက်လိုက်ဖြစ်သွားပြီ” စသဖြင့်ကဲ့ရဲ့ကြပါလေရော။ ဒီအခါမှာ ဗုဒ္ဓကကြားဝင်ပြီး “ပုဏ္ဏားတို့ မြို့စားကြီးသောဏဒဏ္ဍကို သင်တို့အပြစ်မတင်ကြပါနဲ့။ မြို့စားကြီးမတတ်ကျွမ်း တာကို သင်တို့တတ်ကျွမ်းတယ်ထင်ရင် သင်တို့ငါနဲ့ စကားဆိုကြပါ။ ဒီလိုမဟုတ်ဘဲ မြို့စားကြီး သောဏဒဏ္ဍကိုပဲ တတ်ကျွမ်းတယ်ထင်ရင်လည်း သူ့ကိုသာ ငါနဲ့စကားဆက်ပြီးဆိုပါရစေ...” ပုဏ္ဏား အုပ်စု ငြိမ်သက်သွားတယ်။ ဒီအခါ မြို့စားကြီးသောဏဒဏ္ဍက ဂေါတမ အားလှမ်း၍ “အရှင်ဂေါတမ၊ နေတော်မူပါ။ ဗြဟ္မဏ တို့ကို ကျွန်ုပ်ပင် အကြောင်း ယုတ္တိနဲ့တကွ ပြောပြပါ မယ်” တောင်းပန်ပြီး ဗြဟ္မဏတို့ဘက်ကိုလှည့်ကာ “အချင်းဗြဟ္မဏတို့ ငါ့ကိုဒီလိုမစွပ်စွဲပါနဲ့။ ငါပြောခဲ့ သမျှသည် သင်တို့စွပ်စွဲသလိုမဟုတ်ပါ။ သင်တို့ ငါ့တူ အင်္ဂကကိုကြည့်ပါ။ (ပရိသတ်ရဲ့ ရှေ့ ကျကျ နေရာမှာရှိတဲ့ ဥပဓိရုပ်တင့်တယ်တဲ့ လုလင်တစ်ဦးကို ညွှန်ပြရင်း)။ သူဟာ မျိုးရိုးသန့်စင်တယ်။ ဝေဒကျမ်း၊ တွေလည်းတတ်တယ်။ အဆင်းလှပခြင်းလည်း ပြည့်စုံတယ်။ ဒါပေမယ့်အင်္ဂကအနေနဲ့တကယ်လို့များ သူတစ်ပါးသားမယားကိုလည်း မတော်မတရား ပြစ်မှားမယ်။ သူတစ်ပါးကို သတ်မယ်။ သူတစ်ပါး မပေးတာကိုလည်းခိုးမယ်။ မဟုတ်မမှန်တဲ့ စကား ကိုလည်း လိမ်ညာပြောဆိုတယ်။ အရက်သေစာ လည်း သောက်စားမယ်ဆိုရင် ဘယ့်နှယ်ဖြစ်မလဲ။ သင်တို့ စဉ်းစားကြည့်ပါ။ အကျင့်သီလမကောင်းရင် မျိုးရိုး၊ အဆင်း၊ ဝေဒကျမ်းတတ်ခြင်းတွေဟာ အချည်းနှီး၊ အလ ကားပဲ မဟုတ်လား” ဗြဟ္မဏတို့ငြိမ်သက်သွားတယ်။ တုတ်တုတ်မျှ မလှုပ်ကြတော့ဘူး။ သူက ဆက်ပြောတယ် “အချင်းတို့၊ စင်စစ်အားဖြင့်ကောင်းမြတ်တဲ့ သီလရှိခြင်း၊ ထက်မြက်တဲ့ဉာဏ်ပညာရှိခြင်းဆိုတဲ့ ဂုဏ်အင်္ဂါနှစ်ပါးသည်သာ လူမှာအရေးအကြီးဆုံး ဖြစ်ပါတယ်” စမ္မာမြို့စားကြီး သောဏဒဏ္ဍရဲ့ စကားကို ပြန်လှန်ချေပမယ့်သူ တစ်ယောက်မျှမရှိဘဲ တိတ် ဆိတ်ငြိမ်သက်သွားပါတယ်။ ။ မြတ်စွာဘုရားက မိန့်ကြားတော်မူပါတယ်။ “မြို့စားကြီးသောဏဒဏ္ဍသင့်စကားမှန်ပါ တယ်။ သီလကိုလည်း ပညာနဲ့ဆေးကြောရတယ်။ အမြော်အမြင်အဆင်ခြင်နဲ့ ထိုးထွင်းသိမြင်တဲ့ ပညာရှိမှ အကျင့်သီလမှန်လည်းရှိနိုင်တယ်။ ( အကျင့်သီလကောင်း၊ အကျင့်သီလမှန်မှလည်း၊ ရှိမှလည်း အသိပညာရှိသူ ဖြစ်နိုင်ပါတယ်။ အကျင့်သီလနဲ့ပညာကို လောကမှာအမြတ်ဆုံးလို့ | ဆိုသင့်ပါတယ်” စမ္မာမြို့စားကြီး သောဏဒဏ္ဍက မေးလျှောက် တဲ့အတွက် မြတ်စွာဘုရားက အကျင့်သီလ ကောင်းမွန်ခြင်းရဲ့ သီလဂုဏ်၊ သီလသိက္ခာအရေး ကြီးပုံ၊ ပညာပြည့်စုံခြင်းရဲ့ ပညာဂုဏ်၊ ပညာ သိက္ခာအရေးကြီးပုံတို့ကို အကျယ်ဟောကြား တော်မူခဲ့ပါတယ်။ ဒီတရားဟာလေးနက်ပါ တယ်။ လိမ်ညာလှည့်ဖြား မတရားတဲ့နည်းနဲ့ မတရားမသမာအနိုင်ရရင် ပြီးရောမလုပ်ပါနဲ့။ မှားယွင်းတဲ့နည်းလမ်း၊ ကိုယ်ကျင့်တရားပျက်ပြား တဲ့ ခိုးဝှက်မှုမျိုးနဲ့ အောင်ပွဲမခံချင်ပါနဲ့။ (အကဲ ခတ်ရိပ်မိနေလို့ စေတနာနဲ့အကြိမ်ကြိမ် ကြိုတင် သတိပေးဟန့်တားခဲ့ကြပေမယ့်အာဏာလောဘ ဇောမွှန်နေတဲ့ ခေါင်းဆောင်တစ်စုဟာ အကျင့် “သီလပျက်ပြားတာလေးက ဘာမှအရေးမကြီး ပါဘူး” လူမသိဘူးလို့ ယူဆထင်မှတ်ခဲ့လေတော့ အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ခဲ့ရတော့တာ ပေါ့။ မကောင်းမှုပြုသူ၏ ဆိတ်ကွယ်ရာ အရပ် မည်သည်မရှိ။ လူမှာအရေးအကြီးဆုံးအရာနှစ်ခု ရှိပါတယ်။ ဒီနှစ်ခု ချွတ်ယွင်းချို့တဲ့နေတဲ့ လူတစ်စုရဲ့ လုပ်ပုံကြောင့် ပျားရည်တစ်စက်တိုင်းပြည်ပျက် မယ် ပုံပြင်ထဲက ကိန်းရောက်လုလု ဖြစ်နေရတာ အမြင်မှန်အတိုင်း အမှန်မြင်ပါစေ။ ကယ်တင် ဆယ်ယူနိုင်ကြပါစေ။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပါစေ နဲ့။ ကိုယ်ကျင့်နဲ့ပညာကို ဘဝတစ်သက်တာ တန်ဖိုးထားနိုင်ကြပါစေ။ သင် ရပ်တည်ချက် မှန်ပါစေ။ ကောင်းမြတ်တဲ့သီလရှိကြပါ။ ထက်မြက်တဲ့ဉာဏ်ပညာရှိကြပါ။ ဇော်လေး