Jul 25, 2021

ချစ်စွာသော တူမောင် ရွှင်လန်းချမ်းမြေ့ပါစေ ...
တစ်ခါတုန်းကပါ။ တော်တော်တော့ ကြာပါပြီ။ နေရာတစ်နေရာမှာ မြေတူးတာ ကျောက်စာတစ်ချပ် ပေါ်လာပါတယ်။ ဒါနဲ့ ဦးဦးရဲ့ မိတ်ဆွေက သူနဲ့ ရင်းနှီးခင်မင်တဲ့ ရှေးဟောင်းသုတေသနဌာန၊ သုတေသနအရာရှိကိုခေါ်ပြီး ပြပါတယ်။ ဦးဦးရဲ့ မိတ်ဆွေ အပါအဝင် သာမန်လူတွေကတော့ လွန်ခဲ့တဲ့ အနှစ် ၇၀၀ - ၈ဝဝ က မြန်မာစာနဲ့ ရေးထားတဲ့ မြန်မာကျောက်စာကို အဓိပ္ပာယ်ပေါက်အောင် မဖတ်တတ်ကြဘူးပေါ့။ သုတေသန အရာရှိကတော့ ဝါကျတစ်ကြောင်းဖတ်လိုက် အဓိပ္ပာယ်ရှင်းပြလိုက်နဲ့ သူ့အဖို့ကတော့ ချောလို့၊
ရှောရှောရှူရှူပဲ။ လွယ်လွယ်ကူကူနဲ့ ထမင်းစားရေသောက်ပေါ့ဗျာ။ ။
Jul 24, 2021
ကာကွယ်ဆေး ထိုးနှံရေးက အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ အားလုံးကလည်း ပူးပေါင်း ပါဝင်ပေးဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် စပြီးကာကွယ်မယ်၊ မိသားစုကိုကာကွယ်မယ်၊ ရပ်ရွာကိုကာကွယ်မယ်။ ဒါဆိုရင် မိမိနိုင်ငံအတွက်လည်း တာဝန်ကျေပါတယ်။ ဒါကြောင့် အလွန်အကျိုးကျေးဇူးရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ (ဒေါက်တာသန်းနိုင်စိုး )
Jul 23, 2021
သားအဖနှစ်ဦး ကိုဗစ်ရောဂါခံစားပြီး အိမ်ထဲမှာ သေဆုံးနေကြတဲ့အတွက် ပရဟိတအဖွဲ့က သေဆုံး ခန္ဓာတွေကို သင်္ဂြိုဟ်ဖို့ ဆောင်ရွက်ပေးနေတဲ့ ဗီဒီယိုဖိုင်ကို တွေ့မြင်ရတော့ ပြည်သူတစ်ယောက် အနေနဲ့ စိတ်မချမ်းမြေ့ဖွယ်ပါ။ ဒီလိုပြည်သူတွေ ကျန်းမာရေးအတွက် လိုအပ်နေချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေ အားနဲ့ မာန်နဲ့၊ အင်နဲ့ အားနဲ့ ရှိစေလို ပါတယ်။
Jul 23, 2021

ဇူလိုင်လ ၁၆ ရက်နေ့ နံနက်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးရှေ့တွင် မီတာ ဆောင်ရန် လူ ၃၀ ခန့် တန်းစီ စောင့်ဆိုင်းနေလေသည်။ နံနက် ၉ နာရီ ကျော်တွင် အင်္ကျီအဝါ ရောင်လက်ရှည်နှင့်ဂျင်းဘောင်းဘီနက်ပြာရောင် တွဲလျက် ဝတ်ဆင်ထားပြီး ပန်းရောင် ပိုက်ဆံအိတ်ကို လွယ်ထားသည့် အမျိုးသမီးတစ်ဦး YinXing အမျိုးအစား မော်တော်ဆိုင်ကယ် အားစီး၍ ရုံးအတွင်း ဝင်ရောက်လာသည်။
Jul 23, 2021
လူသားတို့လောဘကြောင့် ဖြစ်ရသည့် ဒုဋ္ဌိက္ခန္တရ ကပ်၊ မောဟကြောင့်ဖြစ်ရသည့် ရောဂန္တရကပ်၊ ဒေါသကြောင့်ဖြစ်ရသည့် သတ္တန္တရကပ် ဤ ကပ်ကြီးသုံးပါးအနက် ကူးစက်ရောဂါကပ်ဘေး ကြောင့်ဖြစ်ရသော ရောဂန္တရကပ်ဘေးဆိုးကြီး ကြောင့် ကမ္ဘာလူသားအားလုံး ထိခိုက်ပျက်စီးမှု များစွာဖြင့် လက်တွေ့ ရင်ဆိုင်ဖြေရှင်းနေကြရ သည်။
Jul 22, 2021

“မင်း ပေါက်တူးပေါက်တာ ခြေထောက်ကို ခုတ်မိလိမ့်မယ်” ရပ်ကွက်ရှိ ကလေးကစားကွင်းတစ်ခုကို ရပ်ကွက်သားများ လုပ်အားပေးချုံရှင်း၊ မြက်ခုတ်ဆောင်ရွက်ကြစဉ် ကလေးအရွယ် ကျွန်တော့်အား လူကြီးတစ်ဦးက ဤသို့သတိပေးလေသည်။
Jul 22, 2021
မှတ်မှတ်ရရဆိုရလျှင် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၀ ရက် မိုးကသဲသဲမဲမဲ ရွာနေသည်။ မိုးတွေက ရွာနေသောကြောင့် ပတ်ဝန်းကျင်ကလည်း မိုးစက်မိုးပေါက်တို့ကြောင့် ဝေဝါးနေသည်။ ကျွန်တော့်အသက်အရွယ်ကြောင့်လည်း ဝေဝါးနေတာဖြစ်ပါသည်။ ကျွန်တော်၏ အသက်သည် ၈၄ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်၏ဟူသော အဖွင့်ဖြင့်လေထန်ထန် မိုးသည်းသည်းနေ့ တစ်နေ့တွင် စာရေးသူ တင့်ဆွေ (ဖျာပုံ) က ကျောပိုးအိတ်လေးကို ချီကာလွယ်ဆိုသည့် ဘဝမှတ်တမ်းစာစုကို အစပြုမွေးဖွားဖြစ်ခဲ့သည်။
Jul 22, 2021

ကိုဗစ် - ၁၉ ကြောင့် အများပြည်သူတွေအကြားမှာ ကပ်ရောဂါကူးစက်မှု တိုက်ရိုက်ခံစားနေကြရတဲ့ သူတွေ၊ သွယ်ဝိုက်ပြီး ခံစားရသူတွေများလာတဲ့ အချိန်မှာ အထူးဂုဏ်ယူလေးစားမိနေတာကတော့ ပရဟိတတွေပါပဲ။
Jul 21, 2021

ကမ္ဘာကြီးသည် ယခုအခါ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါပိုး (ကိုဗစ် - ၁၉ ) နှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး ထိုအထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါသည်။ လူသားများ ရှင်သန်နိုင်ရန် အတွက် အောက်ဆီဂျင်သည်မရှိမဖြစ် အရေးပါ သဖြင့် အောက်ဆီဂျင်နှင့်ပတ်သက်ပြီး သိရှိထား သင့်သော အောက်ဆီဂျင်ဖိအားများအကြောင်းကိုကောက်နုတ်ဆွေးနွေးသွားပါမည်။
Jul 21, 2021
ယခုအချိန်သည် ပြည်သူ့ကျန်းမာရေးအတွက် အားလုံးပူးပေါင်းပါဝင်ကာ တက်ညီလက်ညီ ဆောင်ရွက်ရမည့် အချိန်။ အဘယ်ကြောင့်ဆိုသော် ကူးစက်မှုလျင်မြန်လွန်းလှသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးကို တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရ၊ စုပေါင်း အားဖြင့် ဆောင်ရွက်မှသာ ရမည်ဖြစ်သော ကြောင့်ပင်။ ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးသည် အမျိုးသားရေးတာဝန် ဖြစ်နေသည်။