Sep 29, 2021
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါက ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအားလုံးအတွက် ကျန်းမာရေး ပြဿနာကနေ အစပြုတယ်ဆိုရပေမယ့်နောက်ပိုင်းမှာတော့ ရောဂါကာကွယ်ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခရီးသွားလာမှုတွေ ကန့်သတ်ထိန်းချုပ်တာ၊ နိုင်ငံတိုင်းမှာလည်း Lockdown ချ ပြီး လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်မှုတွေ ပိတ်တာ၊ ကန့်သတ်တာတွေကြောင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုနဲ့ ကူးသန်းရောင်းဝယ်မှုစနစ်ကြီး တစ်ခုလုံးအပေါ်မှာ ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ ။ ဒါ့ကြောင့်လည်း နိုင်ငံတိုင်းက ကပ်ရောဂါကို ထိန်းချုပ်နိုင်အောင်ကြိုးစားရင်း တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည် လည်ပတ်နိုင်အောင် ကြိုးပမ်းလျက်ရှိကြပါတယ်။ အခုဆိုရင် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြပြီး နိုင်ငံတွေအကြား ကာကွယ်ဆေးထိုးနှံထားတဲ့ အထောက်အထားတွေ ကို အပြန်အလှန်အသိအမှတ်ပြုကြဖို့၊ အသွားအလာ ကန့်သတ်မှုတွေကို ဖြေလျှော့ဖို့နဲ့ လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြ ပါတယ်။
Sep 29, 2021

ကိုဗစ် - ၁၉ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူများအနေဖြင့် Booster ထိုးနှံရန် သင့်/ မသင့် နှင့်စပ်လျဉ်းပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
Sep 27, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က မြန်မာနိုင်ငံကို ကိုယ်စားပြုကာ ကမ္ဘာ့နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၂၀၀ ကျော်နှင့်အတူ အောက်တိုဘာ ၁ ရက်မှစတင်၍ ၆ လကြာ ကျင်းပမည့် ကမ္ဘာ့ကုန်စည်ပြပွဲ (Expo 2020 Dubai) ကို ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။
Sep 27, 2021

မြန်မာပြည်အရပ်ရပ်မှ သဘာဝအလှတရား များရှိရာဒေသများ၊ ထူးခြားဆန်းကြယ်သော နေရာများ၊ သဘာဝကျောက်ရေအိုင်များ၊ ရေကန်များ၊ တောတွင်းစွန့်စားခရီးစဉ် သွားရောက်လိုသူများ၊ သစ်ခွမျိုးစိတ် စိတ်ဝင်စားသူများ၊လိပ်ပြာမျိုးစုံ စိတ်ဝင်စားသူများအား လာရောက်လေ့လာလည်ပတ်နိုင်စေရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန (ပုဂံဌာနခွဲ) ရုံးမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေလာ ရောက်လည်ပတ်သည့်အခါ ခရီးစဉ်ဒေသငါးခုအပြင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး ခရီးစဉ်အားတောတွင်း စွန့်စားခရီးစဉ်ဒေသအဖြစ် ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းစဉ်တစ်ခုအဖြစ် ဖော်ဆောင်ထားရှိကြောင်းညောင်ဦးမြို့နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပုဂံရုံးခွဲမှသိရသည်။
Sep 27, 2021

အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီး ဦးအောင်သင်းအကြောင်း ရေးသားမည်ကြံရွယ် မိစဉ်မှာပင် “ဟေ့ကောင်လေးတွေ ကောင်မလေးတွေ ငါပြောမယ်ကွ...” ဟူသည့် ဆရာကြီးလေသံကို နားထဲဝှေ့ဝှေ့ကြား ယောင်မိသည်။ အင်္ကျီလက်ကို ပင့်ကာပင့်ကာ လက်သီးလက်မောင်းတန်းလျက် မာန်ပါပါဟောပြောတတ် သည့်ဟန်ပန်ကိုလည်း အာရုံထဲမြင်ယောင်လာသည်။ မျိုးဆက်သစ်လူငယ်များအတွက် စိတ်ဓာတ်ခွန်အားနှင့် နှလုံးသား အာဟာရ ဆေးတိုက်ကျွေးခဲ့သူဆရာကြီးအကြောင်း ရေးသားရသည့်အတွက်လည်းဝမ်းမြောက်ကြည်နူးရပါသည်။
Sep 27, 2021
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ရာသီအလိုက် စိုက်ပျိုးလေ့ရှိကြပါသည်။ စိုက်ပျိုးရေးသည် မိမိတို့နိုင်ငံ၏ အသက်သွေးကြောဟုပင် ဆိုသင့်ပါသည်။ တောင်ပေါ်မြေပြန့်မကျန် သူ့နည်းသူ့ဟန်ဖြင့် မိမိဒေသနှင့်ကိုက်ညီသည့် သီးပင်စားပင်၊ ဆန်စပါးနှင့် ဟင်းသီးဟင်းရွက် အပါအဝင် သစ်ပင်ပန်းမန်တို့ကို စိုက်ပျိုးလျက်ရှိပါသည်။
Sep 27, 2021

ခွေးရူးရောဂါကို ဘီစီ ၂၀၀၀ ဝန်းကျင်ကတည်းက သိရှိခဲ့ကြသည်ဟု သိရသည်။ ခွေးရူးရောဂါအကြောင်း ရေးသားခဲ့သည့် ပထမဆုံးမှတ်တမ်းမှာ ဘီစီ ၁၉၃ဝ က မီဆိုပိုတေးမီးယား Codex of Eshnunna အညွှန်းစာအုပ်ထဲတွင်ဖော်ပြပါရှိသည့် မှတ်တမ်းထဲ၌ ခွေးရူးရောဂါ လက္ခဏာများပြနေသည့် ခွေး၏ပိုင်ရှင်သည် အကိုက်မခံရအောင် အကာအကွယ် အတားအဆီးလုပ်ထားသင့်သည်ဟုပါရှိသည်။ မိမိမွေးမြူထားသော ခွေးက ခွေးရူးရောဂါဖြစ်ပွားပြီး တစ်ယောက်ကို ကိုက်မိသောကြောင့် ထိုလူသေဆုံးလျှင် ခွေးပိုင်ရှင်အား ကြီးလေးသော ဒဏ်ငွေပေးဆောင်စေသည်ဟု မှတ်တမ်းတင် ခဲ့သည်။
Sep 26, 2021

မီးခိုးမထွက်သောစက်ရုံ (Smokeless Industry)ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ခရီးသွား လုပ်ငန်းသည် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများ၏နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မျက်နှာစာများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး လူသားတို့၏ သမိုင်းအစဖြစ်သော ကျောက်ခေတ်နှင့် သမိုင်းဦး ဘုံမြေခေတ်မှ ယနေ့ စတုတ္ထစက်မှု တော်လှန်ရေးခေတ် (Industry 4.0)အထိ အခြားသော စီးပွားရေး ကဏ္ဍများနည်းတူ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
Sep 26, 2021

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းများစွာ စုစည်းနေထိုင်ကြပါတယ်။ မတူညီတဲ့ ဓလေ့ ထုံးတမ်း စဉ်လာတွေ၊ မတူညီတဲ့ဘာသာတရားနဲ့ ကွဲပြားတဲ့ ယုံကြည်မှုတွေလည်း ရှိပါတယ်။ ဘာသာတရားမှာ အများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်လျက်ရှိပါတယ်။ ယုံကြည်ရာ ဘာသာတရားရဲ့ အဆုံးအမလမ်းညွှန်မှု အောက်မှာ တိုင်းရင်းသားလူမျိုးအချင်းချင်း နားလည်မှုရှိစွာနဲ့ အတူလက်တွဲ နေထိုင်လျက် ရှိတာကို နယ်မြေဒေသ အသီးသီးမှာ တွေ့နိုင်ပါတယ်။
Sep 26, 2021

မျိုးဆက်အလိုက်လေ့လာသင်ယူခြင်းနှင့် လက်ဆင့်ကမ်းခြင်း
မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တို့အကြား အသိပညာနှင့် ဘဝအတွေ့အကြုံများ အစဉ်အဆက် လက်ဆင့်ကမ်း လာခဲ့သည်မှာ လူ့သမိုင်းတစ်လျှောက် ဖြစ်ပါသည်။ မျိုးဆက်များဟုဆိုရာတွင် မိသားစုအလိုက် မျိုးဆက်၊ လူ့အဖွဲ့ အစည်းမျိုးဆက်နှင့် နှစ်ကာလအချိန် အလိုက်မျိုးဆက်များ ပါဝင်ပါသည်။ သမိုင်းမတင်မီကာလကမှစ၍ လူ့သမိုင်း တစ်လျှောက် မျိုးဆက်တစ်ခုမှတစ်ခုသို့ အသိပညာနှင့် ဘဝအတွေ့အကြုံများ လက်ဆင့်ကမ်းလာခြင်း၊ ပူးပေါင်း လုပ်ကိုင်နိုင်ခြင်းနှင့် ပိုမိုလေ့လာသင်ယူ ခြင်းများကြောင့် ပညာရပ်များ၊ နည်းပညာများ၊ အတွေးအခေါ်များ၊ စနစ်များ၊ ယဉ်ကျေးမှုများနှင့် လူမှုတန်ဖိုးများ မြင့်တက်လာခဲ့ကြပြီး နောင်လာ နောက်သားများ စဉ်ဆက်မပြတ်တိုးတက် မှုကို ခံစားနေကြရခြင်းဖြစ်သည်။