Skip to main content
Aug 04, 2021
မာယာများတဲ့ ကိုဗစ်ရောဂါတတိယလှိုင်းကတော့ အမြင့်ဆုံးကာလကို ရင်ဆိုင်နေရတယ်ထင်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာလည်း ကူးစက်နှုန်းမြင့်ပြီး သေဆုံးနှုန်း မြင့်တက်လျက်ရှိပါတယ်။ ဇူလိုင်လ လယ်ကစပြီး ကမ္ဘာတစ်ဝန်းသေဆုံးနှုန်း ၃၀ ရာခိုင် နှုန်းမြင့်တက်ပြီး အင်ဒိုနီးရှားမှာ တစ်ရက် ပျမ်းမျှ ၁၃၀၀ လောက် သေနှုန်းရှိတယ်လို့ သိရပါတယ်။ ဒီလိုကူးစက်နှုန်းမြင့်တက်ပြီး သေဆုံးနှုန်းများရခြင်း အဓိကအကြောင်းရင်းကတော့ မျိုးကွဲဗီဇပြောင်း ရောဂါပိုးတွေကြောင့် ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဒေသတွင်းနိုင်ငံတွေမှာလည်း မျိုးကွဲဗီဇပြောင်းပိုးကို ပြင်းပြင်းထန်ထန်ခံစားနေရပါတယ်။
Aug 04, 2021
ဆေးလိပ်
ဆေးရွက်ပင်ရာဇ၀င် ဆေးရွက်ကို တောင်အမေရိကတိုက်တွင် ဘီစီ ၆၀၀၀ ခန့်က စတင်စိုက်ပျိုးပြီး၊ ဆေးရွက်အသုံးပြုခြင်းကို ဘီစီ ၅၀၀၀ ခန့်တွင် စသုံးလာကြသည်။ ဥရောပတိုက်တွင် ခရစ္စတိုဖာကိုလံဘတ်စ်က တောင်အမေရိကတိုက် နှင့် ဆေးရွက်ပင်တို့ကို အေဒီ ၁၅ ရာစုတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဦးစွာပထမ ဆေးရွက်ပင်စိုက်ပျိုးခြင်းကို အေဒီ ၁၅၃၁ တွင် စတင်စိုက်ပျိုးခဲ့သည်။ ကမ္ဘာပေါ် တွင် ပထမဦးဆုံး ဆေးလိပ်သောက်သူမှာ ပြင်သစ်နိုင်ငံသား Jean Nicot ဖြစ်ပြီး၊ ထိုကာလမှာ အေဒီ ၁၅၆၀ ခုနှစ်ဖြစ်ကြောင်း သိရသည်။ သူ့အမည်ကို အစွဲပြု၍ ဆေးလိပ်ငွေ့ထဲတွင် လူကိုစွဲလန်းစေတတ်သော Adict (ခေါ်) ပါ၀င်ဓာတ်ပစ္စည်းတစ်မျိုးကို “Nicotine” ဟု အမည်ပေးခဲ့ကြသည်။
Aug 04, 2021
ဆောင်းပါး
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို အိမ်နီး၊ ချင်း ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံသို့ရောင်းချသည့်အပြင် မြန်မာနိုင်ငံ အတွက်လည်း လျှပ်စစ်ထုတ်လုပ်ရန် နှင့် စက်မှုလုပ်ငန်းများအတွက်လည်း ခွဲဝေသုံးစွဲပါသည်။ ။
Aug 04, 2021
တောခြောက်ကြသူများ “မြန်မာနိုင်ငံတွင် လူတိုင်းသေနေကြပြီ။ မျိုးပြုတ်လုနီးဖြစ်နေပြီ။ (Everyone is dying : Myanmar on the brink of decimation)
Aug 03, 2021
လောကတွင် ရှင်သန်နေထိုင်လျက်ရှိသော လူသား များအတွက် အသက်ရှင်နေသမျှ ကာလပတ်လုံး အပေါင်းအသင်းသည် အလွန်အရေးကြီး၏။ လူဟူ၍ ဖြစ်တည်လာကတည်းက တစ်ဦးတစ်ယောက် တည်း ထီးတည်းရှင်သန်ရန်၊ ရပ်တည်နိုင်ရန်ကား ခက်ခဲကြမ်းတမ်းလှ ပေသည်။ သို့ဖြစ်၍ ပေါင်းသင်း ဆက်ဆံရန် “ကောင်းတူ ဆိုးဖက်၊ သေဖော်ရှင်ဖက်၊ အေးအတူ ပူအမျှ၊ ဖေးမကူညီပေးတတ်သော အပေါင်းအသင်း ” ဟူသည့် အပေါင်းအသင်းကောင်း တစ်ရပ်လည်း အထူးတလည်ပင် လိုအပ်လာပါ သည်။ ထိုအယူအဆသည် မြန်မာ့လူမှုဘဝ နယ်ပယ် တွင်သာမက ကမ္ဘာ့လူမှုအသိုက်အဝန်းနယ်ပယ်တွင်ပါ မပြောင်းလဲနိုင်သော နိယာမတစ်ခုပင်ဖြစ် သကဲ့သို့ ဘိုးစဉ် ဘောင်ဆက်၊ မိစဉ်ဖဆက် ရင်းနှီး စွာဆက်ဆံ ပေါင်းသင်းလာခဲ့သော ခြံစည်းရိုးချင်း ဆက်၊ တံစက်မြိတ်ချင်းထိဖြစ်သည့် အိမ်နီးချင်း အတွက်လည်းလိုအပ်၏။ အိမ်နီးချင်းဟု ဆိုရာတွင် အိမ်တစ်အိမ် အိမ်နီးချင်းမှသည် ပိုင်နက်နယ်မြေ၊ ပြည်သူလူထု၊ အစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာအသိအမှတ်ပြုမှု စသော အင်္ဂါရပ်များ ပါဝင်သည့် နိုင်ငံတစ်နိုင်ငံ၏ အိမ်နီးချင်းများ အထိ ပါဝင်ပေသည်။ အိမ်နီးချင်းနိုင်ငံဟူသည် ရွေးချယ်၍မရစကောင်း ဖြစ်ထွန်းတည်တံ့လာသော ရေထု၊ မြေထုနှင့်လေထုချင်းနီးစပ်မှုမှသည် ပေါ် ထွက်လာရ၏။
Aug 03, 2021
1
ကိုဗစ်-၁၉ ရောဂါဆိုတာ အားလုံးသိတဲ့အတိုင်း အရေးကြုံလာရင် အလွန်ကို ထိန်းချုပ်ရခက်တဲ့ ရောဂါဆိုးကြီးတစ်ခုပါ။
Aug 03, 2021
၂၀၂၀ တိုကျို အိုလံပစ်အားကစားပွဲတော်ကြီးကို ဂျပန်နိုင်ငံက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ကြားထဲက မဖြစ်မနေကျင်းပနေပါတယ်။ ဂျပန် နိုင်ငံက အိုလံပစ်ပွဲတော်ကြီးကို လက်ခံကျင်းပတာ ယခုအကြိမ်အားဖြင့်ဆို နှစ်ကြိမ်မြောက်ရှိနေပါပြီ။
Aug 02, 2021
“အပေါ်ယံတွင် ဝတ်ဆင်ထားသော ဝတ်စုံကိုစွဲ၍ စစ်သား၊ အရပ်သား ခွဲခြားကြပါသည်။ အခေါ်အဝေါ် ပညတ်မျှသာ ဖြစ်ပါသည်။ စိတ်စေတနာမှန်ဖြင့် ပြည်သူကို အလုပ်အကျွေးပြုမည်။ ပြည်သူက ကျွေးမွေးသော အစာအာဟာရကိုမှီဝဲ၍ ပြည်သူ့ကျေးဇူးသစ္စာကို စောင့်သိရိုသေမည်ဆိုလျှင် စစ်သည်ကောင်းလည်း ပီသသည်။ ဝန်ထမ်းကောင်းလည်းမည်သည်။ ပြည်သူ့အစေခံ (Public Servant) ဆိုသော ဂုဏ်ထူးကို စေတနာမှန်လျှင် မြတ်နိုးအပ်သည်။”
Aug 01, 2021
အဆုတ်ပွရောဂါသည် မိုးဥတုတွင် အဖြစ်များသော ရောဂါဖြစ်သည်။ အဆုတ်လေပြွန်များ အတွင်း ရေငွေ့များဝင်ရာမှ ပြန်မထွက်နိုင်သောအခါ အအေးပတ်ပြီး အဆုတ်အအေးပတ်ရောဂါ ဖြစ်သည်။ ထို့နောက် အဆုတ်ပွရောဂါ၊ အဆုတ် ရောင်ရောဂါများ ဆက်၍ဖြစ်လာနိုင်သည်။
Aug 01, 2021
ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ တတိယ လှိုင်းအဝှေ့တွင် အနယ်နယ်အရပ်ရပ်ရှိ ဆေးဆိုင်များတွင် လူတွေအုံခဲလို့ နေကြသည်။