Jul 21, 2022
အင်တာနက်ကို အမေရိကန်နိုင်ငံမှာ ၁၉၆၀ ပြည့်နှစ်များကတည်းက စတင်တီထွင်လာကြတယ်လို့ သိရပါတယ်။ တဖြည်းဖြည်းနဲ့ အင်တာနက်ရဲ့ အသုံးဝင်မှုကြောင့် အသုံးပြုသူဦးရေဟာ ၂၀၀၉ ခုနှစ်လောက်မှာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံအထိ ရှိလာပါတယ်။ ၂၀၂၀ ပြည့်နှစ်ကဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၅၇ ရာခိုင်နှုန်းက အင်တာနက်အသုံးပြုနေကြပါပြီ။ အဲဒီအသုံးပြုသူတွေထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေမှာ အသုံးပြုတဲ့ပမာဏကတော့ မတူပါဘူး။ ဥပမာ အာဖရိကမှာ အင်တာနက်အသုံးပြုတဲ့ ရာခိုင်နှုန်းက ၂၇ ရာခိုင်နှုန်းသာရှိပေမယ့် ဥရောပမှာဆိုရင် ၈၃ ရာခိုင်နှုန်းရှိပါတယ်။
Jul 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ရုရှားနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်မှာ ဇူလိုင် ၁၀ ရက်မှ ဇူလိုင် ၁၆ ရက်နေ့အထိဖြစ်ပြီး ရက်ကာလအားဖြင့် များပြားသည်တော့ မဟုတ်။ အလုပ်သဘော ခရီးစဉ်ဖြစ်သည့်အတွက် ရသည့်အချိန်ကာလတိုအတွင်း တွေ့ဆုံရမည့်သူများနှင့်တွေ့ဆုံ။ ဆွေးနွေးသင့်သူများဆွေးနွေး။ လေ့လာရမည့်နေရာများအား လေ့လာရသည်။ ၎င်းအပြင် အနာဂတ် မြန်မာနိုင်ငံတော်ကြီးအား တည်ဆောက်ရာတွင် နယ်ပယ်ပေါင်းစုံမှ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်စေလွှတ်ထားသည့် ပညာတော်သင်ကျောင်းသားများကိုလည်း လိုအပ်သည့် လမ်းညွှန်ဩဝါဒကို ပေးရသည်။
Jul 20, 2022
နိုင်ငံတောစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ အချိန်အလပ်အကြားမရှိ ဟိုမှသည်ဆီ သည်မှသည်လည်း ဟိုဆီသို့ကူးချည်သန်းချည်ဖြင့် အလုပ်သဘောကို လုပ်အားဖြင့် သက်သေပြုရသည်။
Jul 19, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ခေတ်မီတိုးတက်မှုနှင့် ရှည်လျားသည့် သမိုင်းကြောင်းကို ပုံဖော်ပြသနေသည့် အဆောက်အအုံများက အားပြိုင်နေဟန်ရှိသည်။ မြို့အတွင်း ရစ်ခွေစီးဆင်းနေသည်က မော်စကိုမြစ်၊ ထိုမြစ်ကမ်းဘေးရှိ လမ်းမကြီးထက်မှာ နောက်ဆုံးပေါ် မာစီဒီး အနက်ရောင်တစ်စီး ဦးဆောင်သည့် နိုင်ငံတော်အဆင့် လုံခြုံရေးများ ဝန်းရံထားသည့် မော်တော်ယာဉ်များ သည် ခန့်ညားစွာဖြင့် လိုရာခရီးကို ဦးတည်မောင်းနှင်လျက်ရှိသည်။
Jul 18, 2022
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တွင် “ထက်မြက်သော စီမံခန့်ခွဲမှုမှသည် ကောင်းမွန်သောအုပ်ချုပ်မှုဆီသို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် စွမ်းဆောင်ရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များကို သင်တန်းသားဗဟိုပြုစနစ်ဖြင့် ခေတ်မီသင်ခန်းစာများနှင့် ထိရောက်သည့် ပို့ချမှုစနစ်များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် သင်ကြားလျက်ရှိသည်။
Jul 18, 2022
ဆီထွက်သီးနှံနေကြာမှာ မြန်မာတောင်သူများနှင့် မစိမ်းလှပါ။ မြန်မာနိုင်ငံတွင် ဆီစားနေကြာကို ၁၉၇၆-၁၉၇၇ ခုနှစ်မှစ၍ စိုက်ပျိုးခဲ့ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် နေကြာစိုက်ခင်းများဖြင့် ဝေဆာစွာအလှဆင်ခဲ့ကြသည်၊၊
Jul 18, 2022
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဆိုလျှင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးတို့ ကျဆုံးခဲ့သည်မှာ ၇၅ နှစ်ပင်တိုင်ချေပြီ။
Jul 17, 2022
ဒီနှစ်ဝါဆိုမှာ အောက်ပြည်အောက်ရွာအဖို့ မိုးကောင်းနေတယ်လို့ပဲ ဆိုရပါမယ်။ မိုးမရွာတဲ့ရက်က ခပ်နည်းနည်းရယ်။ တစ်ခါတစ်ရံ မိုးကတဖွဲဖွဲ၊ တစ်ခါတစ်လေ မိုးကသဲသဲမဲမဲ။ တစ်လောကလုံး ကလည်း ညိုမှိုင်းအုံ့ဆိုင်း နေပြန်တော့ ဒီလရာသီကို ရှေးစာဆိုများက “ဂနိုင်စိုစို၊ လဝါဆို၊ လွမ်းဖွယ့်ရာသီကို”ရယ်လို့ တင်စားစပ်ဆိုခဲ့ကြပါတယ်။
Jul 17, 2022
ဥပဒေနှင့်အညီ ဆုံးဖြတ်ပါ။ မှန်မှန်နှင့်မြန်မြန်စီရင်ပါ။ လုပ်ထုံးညီညီ ဆောင်ရွက်ပါ။ လာဘ်ပေးလာဘ်ယူ ကင်းရှင်းပါ။ ဖြောင့်မတ်တည်ကြည်မှုဖြင့် တရားရုံး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပါဟူသည့် တရားစီရင်ရေး ဆောင်ပုဒ်များအရလည်းကောင်း၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး၊ တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးဟူသော တရားရုံးများ၏ ရည်မှန်းချက်များကို လည်းကောင်း၊
Jul 16, 2022
ယနေ့ကမ္ဘာကြီးသည် နည်းပညာများ အဘက်ဘက်မှ တိုးတက်လာသည်နှင့်အမျှ မွေးမြူထုတ်လုပ်ရေး နည်းစနစ်များသည်လည်း တိုးတက်လျက်ရှိပါသည်။ တိုးတက်လာသော မွေးမြူရေးလုပ်ငန်းများတွင် ငုံးမွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တစ်ကမ္ဘာလုံး ငုံးမွေးမြူရေး၏ ၀ ဒသမ ၈၇ ရာခိုင်နှုန်းခန့် လုပ်ကိုင်နေကြပြီး စီးပွားဖြစ် မွေးမြူနေကြသူများလည်း ရှိပါသည်။ ငုံးမွေးမြူရေးလုပ်ငန်းသည် နေရာကျဉ်းကျဉ်းနှင့် အကောင်ရေများများ မွေးမြူနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ကနဦးအရင်းအနှီးနှင့် လုပ်အားမှာလည်း အနည်းငယ်မျှသာ လိုအပ်ပါသည်။ ငုံးမွေးမြူခြင်းသည် ကာလတိုအတွင်း အကျိုးအမြတ် မြန်ဆန်စွာရရှိပြီး စနစ်တကျမွေးမြူပါက ကူးစက်ရောဂါဖြစ်ပွားမှုလည်း နည်းပါးသဖြင့် မိသားစုဝင်ငွေအတွက် တွက်ခြေကိုက်သော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။
