Skip to main content
Sep 16, 2022
01
(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၏ ခန်းမကြီးမှာ ခမ်းနားထည်ဝါလှသည်။ ခန်းမကြီး၏ ခမ်းနားထည်ဝါမှုကို အခမ်းအနား တက်ရောက်လာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu အစရှိသည့် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်တက်ရောက်ခြင်းက ပိုမို၍ ထည်ဝါစေခဲ့သည်။ ထိုထိုသော နိုင်ငံ့ခေါင်းဆောင်များသာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံပေါင်း ၉၀ ကျော်မှ စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများကလည်း ပါဝင်တက်ရောက်သည်ဖြစ်၍ အတိုင်းထက်အလွန်၊ တံခွန်နှင့်ကုက္ကားဟု ဆိုရလောက်အောင်ပင် တင့်တယ်လွန်းသည်ဟု ထင်မြင်မိသည်။
Sep 15, 2022
မဝေးသည့်ခရီး နီးသည်ထက် နီးစေ
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ရာသီဥတုသာယာလျက်ရှိသည်။ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရောက်ရှိ တည်းခိုလျက်ရှိသည့် Far Eastern Fedral University (FEFU)၏ ဧည့်ခန်းတစ်ခုအတွင်း သတင်းဌာနကြီးနှစ်ခုမှ ဝန်ထမ်းများအပြေးအလွှားပင် အလုပ်များနေသည်။ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနဟူသော နာမည်ကြီး မီဒီယာများပီပီ တခဏအတွင်းလိုအပ်သည့် ပြင်ဆင်မှုများပြီးသည်။ ချိန်းဆိုထားသည့်အချိန်၊ ချိန်းဆိုထားသည့်နေရာသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရောက်ရှိစဉ်တွင် သူတို့၏ တွေ့ဆုံမေးမြန်းမှုကို စသည်။
Sep 13, 2022
01
၂၀၂၂ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့သည် ရုရှား-မြန်မာ ဆက်ဆံရေးသမိုင်းစာမျက်နှာတွင် မှတ်တိုင်အသစ်တစ်ခုကို ထပ်မံစိုက်ထူလိုက်နိုင်သည့်နေ့ဟု ဆိုနိုင်သည်။ မကြာမီ ၇၅ နှစ်ကာလတိုင်တော့မည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့မှု သမိုင်းတွင် ယခင်ကာလများကလည်း ယခုနှယ် မှတ်တိုင်များ ရှိခဲ့ဖူးသည်။ အတိတ်သမိုင်းလှခဲ့သလို ယခုမျက်မှောက်ကာလတွင် မှတ်တိုင်အသစ်အဖြစ် စိုက်ထူနိုင်မှုသည် ရှိရင်းစွဲသော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ထောက်မကူညီခဲ့မှုအတွက် သက်သေဟု ဆိုနိုင်သည်။
Sep 11, 2022
လူကုန်ကူးမှု သတိပြုပါ
မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းသွားလာမှု ပိုမိုတိုးပွားလျက်ရှိရာ စစ်တမ်းများအရ လက်ရှိနေထိုင်သူများ၏ ၄၂ ရာခိုင်နှုန်းကျော်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ပြောင်းရွှေ့လာသူများဖြစ်ပြီး ၂၅ ရာခိုင်နှုန်းမှာ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် အဓိကရည်ရွယ်သည်။ ရွှေ့ပြောင်းသွားလာသူများအတွက် ကြီးမားသည့်စိန်ခေါ်မှုမှာ လူကုန်ကူးခံရမှု၊ လုပ်အားခေါင်းပုံဖြတ်ခံရမှုနှင့် နိုင်ငံသား အခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုများဖြစ်သည်။
Sep 11, 2022
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နေထိုင်ကြသော နိုင်ငံသားတိုင်းသည် ကိုယ့်နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်တွင်ထည်ဝါသော နိုင်ငံတော်ကြီးတစ်ခု ဖြစ်စေချင်ကြသည်မှာ နိုင်ငံသားတိုင်း၏ ရင်တွင်းဆန္ဒတစ်ခုပင်ဖြစ်သည်။ ထို့အတွက် စာရေးသူတို့ အမိမြန်မာနိုင်ငံတော်ကြီး၏ ပညာရည်မြင့်မားရေးကို အထူးအလေးထား ဆောင်ရွက်နေသည့် သတင်းကောင်းများကို မျှဝေပေးလိုပါသည်။
Sep 10, 2022
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ သင်တန်းတစ်ခေါက်အတွေ့အကြုံ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ဝန်ထမ်း လုပ်သက် ၁၀ နှစ်ကျော်မှ စာရေးသူအနေဖြင့် တက်ရောက်ခဲ့ရသည်။ ကြားကာလတွေမှာ မတက်ရောက်ဖြစ်သည်က ဌာနလုပ်ငန်းခွင်တွင် လုပ်ငန်းလိုအပ်ချက်အရ မတက်ရသည်သာ ဖြစ်ပေသည်။ စာရေးသူ၏ အိပ်မက်မှာကား နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဇီးပင်ကြီးသို့ တက်ရောက်လိုသည့် ဆန္ဒကား အမြဲပင်ရှိနေခဲ့သည်။
Sep 09, 2022
မိဘတွေမှာ သားသမီးများ ရှိကြတယ်။ ဆရာ ဆရာမတွေမှာလည်း သားသမီးတွေ ရှိကြပါတယ်။ နိုင်ငံတော်မှာလည်း သားသမီးတွေရှိတာပါပဲ။ မိဘတွေမှာရှိနေတဲ့ သားသမီးများကတော့ ရင်မှာလွယ်ဖွား မွေးဖွားခဲ့ရသူများပါ။ ဆရာ ဆရာမတွေဆီမှာ ရောက်လာတဲ့ မိဘတွေရဲ့ သားသမီးများကတော့ ဆရာ ဆရာမတွေရဲ့ တပည့် သားသမီးများပါပဲ။ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ မိဘတွေရဲ့ သားသမီးများကတော့ နိုင်ငံတော်ရဲ့ သားသမီးများပဲ ဖြစ်ပါတယ်။
Sep 09, 2022
1
လူကုန်ကူးမှုဆိုသည်မှာ “ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူများကို သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံပေးခြင်းများကို ဆိုလိုကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေ အခန်း-၁၊ ပုဒ်မ-၃ တွင် ဖွင့်ဆိုထားသည်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး တစ်ဦးတစ်ယောက်အား ပြည့်တန်ဆာပြုခြင်း၊ ကျေးကျွန်အဖြစ် လုပ်အားကို ခေါင်းပုံဖြတ်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းခြင်း၊ သူတစ်ပါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူခြင်း၊ ရောင်းချခြင်းတို့သည် လူကုန်ကူးမှု၏ လက္ခဏာများ ဖြစ်ပါသည်။
Sep 08, 2022
01
မြန်မာနိုင်ငံသည် ‘အသုံးလုံး’ဟု ခေါ်သော စာမတတ်သူပပျောက်ရေးစီမံကိန်း၊ နောင်တွင် မြန်မာနိုင်ငံ စာတတ်မြောက်ရေးစီမံကိန်း ကြိုးပမ်း လှုပ်ရှားမှုကြီးကြောင့် ကမ္ဘာကျော်ခဲ့သည်။