Skip to main content
May 08, 2025
ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းဆိုသည်မှာ လူသားတိုင်း၏ ကျန်းမာရေးပိုမိုကောင်းမွန်စေရန်၊ ရောဂါဖြစ်ပွားမှုလျှော့ချစေရန်နှင့် လူတိုင်းသက်တမ်းစေ့ကျန်းမာစွာနေထိုင်နိုင်ရန် လုပ်ဆောင်ရသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းသည် ရောဂါကာကွယ်ခြင်းသာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်တို့ကိုပါ ပျော်ရွှင်ကျန်းမာစေရန် အထောက်အကူပြုပါသည်။
May 08, 2025
ဆောင်းပါး
ဗောက်သီးဆိုသည်မှာ ပူဖောင်းကဲ့သို့ အခွံပါးလေးများကာရံထားသောအတွင်း၌ သေးငယ်ပြီး ရွှေဝါရောင်သန်းသည့် ဘယ်ရီသီးတစ်မျိုးဖြစ်ပါသည်။ Gooseberry ဟုခေါ်သည့်ဗောက်သီးသည် စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ ဘယ်ရီအမျိုးနွယ်ဝင်တစ်မျိုးလည်းဖြစ်သည်။ ဗောက်သီးကို အင်္ဂလိပ်လို Ground Cherry ဟုခေါ်ပြီး သိပ္ပံနာမည်မှာ Physalis Peruviana ဟုခေါ်ဆိုပါသည်။ အခြားဒေသများတွင် Cape Gooseberry ဟုလည်း ခေါ်ဆိုကြောင်း လေ့လာသိရှိရပါသည်။
May 07, 2025
အမြဲအမှတ်ရနေရမယ့် ဒုတိယကမ္ဘာစစ်ကပေးသော သင်ခန်းစာများ
ဒီနှစ်က လက်ရှိရုရှားနိုင်ငံရဲ့ ယခင်ပြည်ထောင်စုကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အနှစ်(၈၀)ပြည့် အောင်ပွဲအထိမ်းအမှတ်နှစ်ဖြစ်ပါတယ်။ နှစ်စဉ် မေလ ၉ ရက်မှာ ကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့အခမ်းအနားက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ပြည်သူများအတွက် အလွန်နက်ရှိုင်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ဒီစစ်ပွဲကြီးရဲ့အမှတ်တရက နိုင်ငံရဲ့သမိုင်းကြောင်းမှာ ရဲစွမ်းသတ္တိရှိမှုနဲ့ ဝမ်းနည်းစရာကောင်းမှုဆိုတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ကျွန်တော်တို့ရဲ့ စိတ်ထဲ၊ နှလုံးသားထဲမှာ တည်ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီနဲ့ သူတို့ရဲ့ဥရောပ အဆွယ်အပွားတွေကို ချေမှုန်းနိုင်ခဲ့တဲ့ ဒီစစ်ပွဲကြီးမှာ လူသားမျိုးနွယ်စုတစ်ခုလုံးကို ခြိမ်းခြောက်လာ တဲ့ရန်သူတွေကို တိုက်ခိုက်ခြင်းဖြင့် အသက်ပေးလှူခဲ့ကြရသူ ဆိုဗီယက်စစ်သည်နဲ့ အရပ်သားစုစုပေါင်း ၂၆ သန်းကျော်ရှိပါတယ်။ နှစ်ကာလတွေ မည်မျှပင်ကြာမြင့်လာသည်ဖြစ်စေ မေလ ၉ ရက်ကတော့ ရုရှားပြည်သူများအတွက် အောင်မြင်မှု၊ အမှန်တရားအတိုင်း အောင်နိုင်မှုနဲ့ ခံနိုင်ရည်ဇွဲ၊ လုံ့လတို့ကိုဖော်ကျူးနေတဲ့ အရေးအကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးသော နေ့ရက်တစ်ရက်အဖြစ် ထာဝရတည်ရှိနေမှာပါ။
May 02, 2025
ဆောင်းပါး
ဒီမိုကရေစီ အမည်ယူထားသော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် မဲမသမာမှုများ ပြည့်နှက်ခဲ့သော ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏တန်ဖိုးများကို အမှန်အကန်ပြသခဲ့သည်ဟု ဆိုနိုင်ပါသလား။ ပြည်ပငွေကြေးအထောက်အပံ့ဖြင့် တန်ဖိုးသင့်ခဲ့သော ဒီမိုကရေစီတစ်နည်းပြည်ပသြဇာခံဒီမိုကရေစီဆိုသည်မှာ စစ်မှန်သောဒီမိုကရေစီ မည်သို့ဖြစ်နိုင်ပါမည်နည်း။
Apr 30, 2025
ဆောင်းပါး
နိုင်ငံတစ်နိုင်ငံဟာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစတဲ့သဘာဝဘေးအန္တရာယ်တွေ ကျရောက်ကြုံတွေ့ရတဲ့အခါမျိုးမှာ ကမ္ဘာ့နိုင်ငံ၊ အစိုးရနဲ့ အစုအဖွဲ့တွေအကြား ပုံမှန်အချိန်မှာရှိခဲ့တဲ့ နိုင်ငံရေးအရအဟန့်အတားနဲ့ အေးစက်တင်းမာမှုတွေကို လျစ်လျူရှုဘေးဖယ်ထားပြီး လူသားချင်းစာနာထောက် ထားခြင်းဆိုတဲ့ရှုထောင့်မှ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေနိုင်တဲ့ သံခင်းတမန်ခင်း လုပ်ငန်းစဉ်တွေကို သဘာဝဘေးအန္တရာယ် သံခင်းတမန်ခင်းလို့ သီအိုရီတွေက ညွှန်းဆိုထားရှိကြပါတယ်။
Apr 29, 2025
ဆောင်းပါး
နိုင်ငံတစ်နိုင်ငံဟာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ကြုံတွေ့ရတဲ့အခါမျိုးမှာ ကမ္ဘာ့နိုင်ငံ၊ အစိုးရနဲ့ အစုအဖွဲ့တွေအကြား ပုံမှန်အချိန်မှာ ရှိခဲ့တဲ့ နိုင်ငံရေးအရ အဟန့်အတားနဲ့ အေးစက်တင်းမာမှုတွေကို လျစ်လျူရှုဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားခြင်းဆိုတဲ့ရှုထောင့်မှ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေနိုင်တဲ့ သံခင်းတမန်ခင်းလုပ်ငန်းစဉ်တွေကို သဘာဝဘေးအန္တရာယ် သံခင်းတမန်ခင်းလို့ သီအိုရီတွေက ညွှန်းဆိုထားရှိကြပါတယ်။
Apr 29, 2025
ဆောင်းပါး
မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ဒါမှမဟုတ် နောက်နှစ်အစောပိုင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိတယ်။ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲတွေကို ကိုယ့်ရဲ့စံတန်ဖိုးတွေနဲ့အညီသာ ကျင်းပသင့်ပါတယ်။ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲတွေရဲ့အဓိပ္ပာယ်ကို သူတို့ရဲ့အမြင်နဲ့ပဲ တင်းကျပ်စွာ သတ်မှတ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံတွေအပေါ် သူတို့ရဲ့ စံတန်ဖိုးတွေနဲ့လာပြီး ဆရာလုပ်နေကျ ကမ္ဘာ့နိုင်ငံအချို့ရဲ့ စွက်ဖက်မှုကို လက်ခံစရာ မလိုပါဘူး။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အလေးအနက်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေက မြန်မာ့စံတန်ဖိုးနဲ့ ဓလေ့ထုံးတမ်းတွေကို နားလည်နိုင်မှာမဟုတ်ဘူး။ (Global South ဆိုတာ အာဖရိက၊ လက်တင်အမေရိက၊ အာရှတိုက်နဲ့ အရှေ့အလယ်ပိုင်း ဒေသတချို့မှာရှိတဲ့ နိုင်ငံတွေကို အဓိကအားဖြင့် ပြောတာပါ။)
Apr 28, 2025
ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်
​​​​​​​ယနေ့ဧပြီလ ၂၈ ရက်နေ့ဟာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ တစ်လတင်းတင်း ပြည့်မြောက်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီတစ်လတာအချိန်ကာလဟာ အစိုးရနဲ့ပြည်သူအားလုံးအတွက် သာမန်အချိန်ကာလတွေထက် စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်းရုန်းကန်ခဲ့ကြရတာကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒီလို ရုန်းကန်နေကြရပေမယ့်လည်း ငလျင်ဘေးဒဏ်သင့်ပြည်သူတွေဟာ ရှောင်လွှဲမရတဲ့ ဘေးအန္တရာယ်တွေပေါ်မှာ ဗုဒ္ဓတရားရဲ့ အဆုံးအမတွေနဲ့အညီ စိတ်ဓာတ်ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်း ကျော်လွှားနေမှုနဲ့အတူ အစိုးရနဲ့ပြည်သူတို့အကြား နားလည်ယုံကြည်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရပါတယ်။
Apr 27, 2025
ဆောင်းပါး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများကို အခြေခံသော ကျေးလက်ဗဟိုပြုစီးပွားရေးစနစ်ရှိသည့် နိုင်ငံဖြစ်ပြီး နိုင်ငံသားအားလုံး စားရေရိက္ခာဖူလုံရေးသည် အရေးပါလှပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်(၄)ရပ်ပါ “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
Apr 26, 2025
ဆောင်းပါး
မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ် လွန်စွာပေါကြွယ်ဝပြီး မြေမျက်နှာသွင်ပြင် အမျိုးအစားများ ကွဲပြားသော နိုင်ငံတစ်ခုဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဒဏ်ကို ဆိုးရွားစွာခံစားရသည့် နိုင်ငံများစာရင်းတွင်လည်း ပါဝင်နေပါသည်။ နိုင်ငံအတွင်းနေထိုင်သူ အဓိကလူမျိုးစု ရှစ်မျိုးနှင့် တိုင်းရင်းသား ၁၃၅ မျိုးတို့တွင် အထူးသဖြင့် အလယ်ပိုင်းခြောက်သွေ့ဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်း‌ဒေသတွင် အခြေချနေထိုင်သူများသည် သဘာဝတရား၏ ပြောင်းလဲမှုဖြစ်သော ရာသီဥတုဖောက်ပြန်မှုဒဏ် အတော်များများကို ထိတွေ့ခံစားကြရသည်။ ထို့အပြင် ကုန်းမြင့်ဒေသနှင့် မြေနိမ့်လွင်ပြင်ဒေသရှိ ‌နေထိုင်ကြသူ လူအများစုသည်လည်း ဆိုးရွားသောရာသီဥတုဖောက်ပြန်မှုဒဏ်၏ ဆိုးကျိုးများကို ခံစားရလျက်ရှိပါသည်။