Skip to main content
Oct 31, 2025
နှစ်စဉ်အောက်တိုဘာလ၏ နောက်ဆုံးသီတင်းပတ်ကို ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရက်သတ္တပတ် (Global Media and Information Literacy - MIL) Week အဖြစ် သတ်မှတ်ထားပါသည်။ ယခုနှစ်အတွက် အဓိကဖော်ညွှန်းချက်မှာ “ဉာဏ်ရည်တုနည်းပညာဖြင့် ပြီးမြောက်ခြင်း-ဒစ်ဂျစ်တယ်နယ်ပယ်အတွင်းမှ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု”ဟူ၍ ဖြစ်ပါသည်။
Oct 30, 2025
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများအခန်း ပုဒ်မ ၄ တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၇ တွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟု ပြဋ္ဌာန်းထားသည်။
Oct 29, 2025
ယနေ့ကမ္ဘာသည် သတင်းအချက်အလက်များ လျင်မြန်စွာစီးဆင်းနေသော ဒစ်ဂျစ်တယ်နယ်နိမိတ်အသစ်တွင် ရောက်ရှိနေပြီဖြစ်သည်။ လူမှုကွန်ရက်နှင့် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ သတင်းမီဒီယာပုံစံအမျိုးမျိုးသည် လူသားတို့၏ နေ့စဉ်ဘဝကို အနီးကပ်လွှမ်းမိုးလာသည်။
Oct 28, 2025
ခရီးသွားစေချင်သလား . . . တွန်းအားနှင့် ဆွဲအား တိုးပွားစေပါ
ယနေ့ကမ္ဘာပေါ်တွင် ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်မြင့်မားလာသော လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ UN Tourism မှ ထုတ်ပြန်ကြေညာသော စာရင်းဇယားများအရ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားအရေအတွက်သည် ၁ ဒသမ ၄ ဘီလီယံရှိကြောင်း သိရှိရပါသည်။
Oct 27, 2025
ဒီနေ့၊ ဒီအချိန်၊ ဒီကာလမှာ နိုင်ငံတော်နဲ့ ပြည်သူအားလုံးရဲ့ ပန်းတိုင်ကတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးပဲဖြစ်ပါတယ်။ ဒီပန်းတိုင်ကိုအမြန်ရောက်ရှိဖို့ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးဟာ အလွန်အရေးကြီးတဲ့အတွက် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိအောင် တပ်မတော်ကလမ်းကြောင်းခင်းပေးလျက်ရှိနေပါတယ်။ တပ်မတော်က ခင်းပေးတဲ့လမ်းကြောင်းမှာ ပါတီစုံဒီမိုကရေစီစနစ်ရဲ့အသက်သွေးကြောဖြစ်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ  အလွန်အင်မတန်အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။
Oct 26, 2025
ကုန်စည်ပြပွဲလုပ်ငန်း (Exhibition Industry) ကို စနစ်တကျနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေခြင်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသလို နိုင်ငံအတွင်း နိုင်ငံတကာဈေးကွက်ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
Oct 25, 2025
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမတိုင်မီအချိန်မှစ၍ အမျိုးသားရေးလှုပ်ရှားမှုများနှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့ပါသည်။ သို့သော် ခေတ်စနစ်အမျိုးမျိုး ပြောင်းလဲခဲ့ရခြင်းကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလ နိုင်ငံရေးပါတီများ ဖျက်သိမ်းခဲ့ရသဖြင့် နိုင်ငံရေးပါတီများမှာ နှစ်ကာလကြာရှည်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းမရှိဘဲကွယ်ပျောက်ခဲ့ရသည်။
Oct 25, 2025
၁
တန်ဆောင်မုန်းလဆန်းသို့ ရောက်ပြီဆိုလျှင် ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ရှိ အဝေရာ ကုန်းသာယာမီးပုံးပျံကွင်းကြီး၏ ဝေဟင်ထက်၌ ပျံတက်နေသည့် မီးပုံးပျံများ၊ တိရစ္ဆာန်အရုပ်မျိုးစုံ ရောင်စုံမီးပုံးပျံ အလှအပများကို တန်ဆောင်မုန်းလပြည့်ညအထိ ရှုမြင်ခံစားရစမြဲ ဖြစ်သည်။
Oct 25, 2025
မြန်မာ့လွှတ်တော်များ၏ ပထမဆုံး ပြည်ပချစ်ကြည်ရေးခရီးစဉ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ မြို့တော် မော်စကိုတွင်စတင်ပြီး မော်စကိုပြီးနောက် ဒုတိယအကြီးဆုံး စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိခဲ့ပါသည်။ စိန့်ပီတာစဘတ်မြို့သည် ရုရှားနိုင်ငံမြောက်ပိုင်း ပင်လယ်ကမ်းခြေအနီး၌ တည်ရှိပြီး အလှပဆုံးမြို့ဟု ဆိုနိုင်ပါသည်။ ရုရှားဇာဘုရင်တို့၏ ဌာနေအဖြစ် သမိုင်းအစဉ်အလာကြီးမားသော မြို့ကြီးတစ်မြို့ဖြစ်ပါသည်။
Oct 24, 2025
စာအုပ်စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပစာဆိုပညာရှင်ကြီးများ၏ အဆိုအမိန့်များစွာရှိပါသည်။ လက်လှမ်းမီရာ စာဆိုပညာရှင်ကြီးများ၏ အဆိုအမိန့်များအနက် စာရေးဆရာ၊ သတင်းစာဆရာကြီး သခင်အောင်ဖေ၏ “သင်အလိမ်မခံချင်လျှင် စာဖတ်ပါ” ဟူသော အဆိုအမိန့်ကို မှတ်မှတ်ထင်ထင် သဘောကျမိသည်။