Skip to main content
Jun 07, 2026
လောကကြီး၌ မပြောင်းလဲသော အရာဟူ၍ မရှိနိုင်ပါ။ ဘာမှမမြဲတတ်သည့် သဘောတရားတစ်ခုမို့ ပြောင်းလဲနေရမည်သာ။ အချိန်နှင့်အမျှ ပြောင်းနေရမည်၊ အခြေအနေအရ ပြောင်းလဲရမည်၊ သဘာဝနိယာမအရလည်း ပြောင်းနိုင်သည်။ အပြောင်းအလဲဟူသည် ပုံစံပြောင်းသွားတာမျိုး၊ အခြေအနေတွေ ပြောင်းတာမျိုးဖြစ်နိုင်သည်။ အတွေးအခေါ်၊ အလေ့အထ၊ မူဝါဒ၊ စျေးကွက်များ ပြောင်းလဲနိုင်သည်။ အရေးကြီးသည်မှာ ပြောင်းလဲမှုမှန်သမျှ တိုးတက်မှုဆီ ဦးတည်နေရန်သာ။ တစ်ခုခုကို ပြောင်းလဲခြင်းက အဆိုးဘက်မဟုတ်၊ အကောင်းဘက်သာဖြစ်ရမည်။ ပို၍ဆိုးသွားဖို့မဟုတ်၊ ပို၍ကောင်းသွားဖို့ဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
Jun 06, 2026
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းရေးတို့ကို နိုင်ငံတော်အစိုးရက ဘက်စုံထောင့်စုံမှ ဖော်ဆောင်လျက်ရှိရာ တရားဥပဒေစိုးမိုးရေး (Rule of Law) သည် အဓိကကျသောမောင်းနှင်အားဖြစ်ပါသည်။ ထိုသို့တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေအရာရှိများသည် မရှိမဖြစ်အရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
Jun 06, 2026
မိုးရာသီရောက်လာပြီ။ စိုက်ပျိုးရေးလုပ်ငန်းခွင်အသီးသီးကို ကိုယ်စီဝင်ရတော့မည်။ စိုက်ပျိုးသူ တောင်သူလယ်သမားများအနေဖြင့် အဓိကလိုအပ်သည်မှာ စိုက်ပျိုးစရိတ် ငွေကြေးအရင်းအနှီး အထောက်အပံ့ဖြစ်သည်။ စိုက်ပျိုးစရိတ်ချေးငွေလေးရမှ မျိုးဝယ်ရမည်၊ ဓာတ်မြေဩဇာဝယ်ရမည်၊ ထွန်စက်ငှားရမည်၊ ထွန်ရေးပြင်ဖို့ အလုပ်သမားငှားရမည်။
Jun 05, 2026
နှစ်နိုင်ငံချစ်ကြည်ရေးမှသည် အနာဂတ်အကျိုးတူဖွံ့ဖြိုးရေးဆီသို့
ယခုအခါ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နဲ့ အိန္ဒိယနိုင်ငံသမ္မတတို့ကို တွေ့ဆုံပြီး နှစ်နိုင်ငံတွေ့ဆုံပွဲတွေကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှုတွေမှာ အဓိကအားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေအပါအဝင် ကဏ္ဍပေါင်းစုံကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ တိုးတက်အောင်ဆောင်ရွက်ဖို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
Jun 04, 2026
ဆောင်းပါး
ယခုနှစ်ကုန်ပိုင်း (အောက်တိုဘာလမှ ဖေဖော်ဝါရီလ) တွင် အလွန်အားကောင်းသော စူပါအယ်လ်နီညို (El Niño) အဆင့်ထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားပြီး အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာပါက ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။
Jun 03, 2026
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အချက်အလက်များအရ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါများ၊ ဆီးချိုရောဂါနှင့် နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ စသည့်မကူးစက်နိုင်သော ရောဂါများကြောင့် နှစ်စဉ်လူပေါင်း ၄၁ သန်းခန့် သေဆုံးလျက်ရှိကြောင်း သိရှိရပါသည်။
Jun 03, 2026
ဆောင်းပါး
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ နိုင်ငံရေးအားကောင်းဖို့၊ စီးပွားရေးအားကောင်းဖို့နဲ့ ကာကွယ်ရေးအားများ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒီလိုနိုင်ငံအတွက် အဓိကမောင်းနှင်အားတွေ ကောင်းနေဖို့အတွက်ဆိုရင် မိမိတို့နိုင်ငံတစ်ခုတည်းနဲ့ တည်ဆောက်နေလို့မရပါဘူး။ ဒါကြောင့် အိမ်နီးချင်း နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွေကို တည်ဆောက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ မိမိတို့နိုင်ငံမှာ ယခုအချိန်မှာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရနဲ့လွှတ်တော်ဟာ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတာကိုလည်း တွေ့မြင်နေရမှာပဲ ဖြစ်ပါတယ်။
Jun 02, 2026
ဆောင်းပါး
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်၊ ဒီလိုပြည်တွင်း ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ရာမှာ ပြည်တွင်းကနေထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကနေ ကုန်ချောအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းနဲ့ ပြည်ပက ကုန်ကြမ်းတွေကို မှာယူတင်သွင်းပြီး ထုတ်ကုန် ထုတ်လုပ်ခြင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်းကထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကနေ ကုန်ချောထုတ်လုပ်နိုင်ခြင်းက အလုပ်အကိုင်အခွင့်အလမ်းနဲ့ နိုင်ငံအတွက် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းစေမှာဖြစ်ပါတယ်။
Jun 01, 2026
ဆောင်းပါး
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပညာသင်ကြားရေးကို အလေးထားဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် တောင်တန်းဒေသရှိ ကျောင်းသားများ ခေတ်မီပညာရေးစနစ်ကို လက်လှမ်းမီစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ပညာသင်ကြားရေးကဏ္ဍတွင် သမားရိုးကျပညာသင်ကြားရေးစနစ်သာမက ဒစ်ဂျစ်တယ်နည်းပညာများကို ပေါင်းစပ်ခြင်းဖြင့် တောင်တန်းဒေသမှ ကျောင်းသားများအတွက် အင်္ဂလိပ်စာအပါအဝင် နိုင်ငံတကာဘာသာရပ်များ တတ်မြောက်မည့် အခွင့်အရေးများ ရရှိလာစေသည်။ တရုတ်နိုင်ငံ၏ ဝေးလံခေါင်ဖျားသော တောင်တန်းဒေသများရှိ ကျောင်းသားများအတွက် ဒစ်ဂျစ်တယ်နည်းပညာသည် ပညာသင်ကြားရေးတွင် အဓိကကျသော ပေါင်းကူးတံတားတစ်စင်း ဖြစ်လာသည်။
Jun 01, 2026
ပြီးခဲ့သည့်ရက်ပိုင်းက ရပ်ဝေးနေ မိတ်ဆွေတစ်ဦးထံမှ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့သည်။ မိတ်ဆွေက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည်။ မကြာခဏဆိုသလို တယ်လီဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ဆက်သွယ်ကာ လုပ်ငန်းကဏ္ဍနှင့်ပတ်သက်၍ အကြံဉာဏ်နှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးလေ့ရှိသူဖြစ်ပါသည်။