ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က အောက်တိုဘာ ၃ ရက်တွင် ဆက်သွယ်မေးမြန်းထား သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
ဘုတ်ပြင်းတွင် လေဘေးသင့်ပြည်သူများအတွက် ကြက်ခြေနီက သွားရောက် ကူညီ ထောက်ပံ့
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်းကြောင့် ထိခိုက်ခံစားရသော ပြည်သူ များအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့သော ပစ္စည်း များကို ဘုတ်ပြင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းပိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၂ ဦးတို့သည် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း အဆိုပါရ ပ်ကွက်/ကျေးရွာ များသို့ သွားရောက်ခဲ့ပြီး အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ထောက်ပံ့ ပေး အပ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ ကိုယ့်အားကိုယ်ကိုးသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်မြှင့်တင်ပေးခြင်း စီမံကိန်းအတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ
ဂျာမနီနိုင်ငံသမဝါယမအဖွဲ့ချုပ် (DGRV)နှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သမဝါယမ ဦးစီးဌာန တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာနိုင်ငံ အတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း စီမံကိန်းကို ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဦးသဘောတူ နားလည်မှုစာချွန်လွှာ စာချုပ် (MoU) လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့တွင် အွန်လိုင်း အစီအစဉ်ဖြင့် ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျာမနီနိုင်ငံသံရုံး Head of Development Cooperation ဖြစ်သူ Ms. Marianna Knirsch၊ DGRV ရုံး မြန်မာနိုင်ငံ ကိုယ်စားလှယ် Project Director, Mr. Marc Andre Zach နှင့် DGRV မှတာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အမှူးပြုသော ဆရာတော်ကြီး ၁၅ ပါးတို့က သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရားတော်များ ရွတ်ပွားသရဇ္ဈာယ်
မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေး ကင်းဝေးစေရေးအတွက် ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ နိုင်ငံတော်သံဃ မဟာနာ ယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္ မဇော တိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူး ပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့ သည် အန္တရာယ်ကင်းပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်ပူဇော် ကြသည်။
မီဒီယာကောင်စီက ကိုဗစ်ကပ်ရောဂါ ကာကွယ်ကုစားမှုခံယူသည့် သတင်းသမား ၈၇ ဦးကို ဆက်သွယ်ကူညီပေးခဲ့
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ကိုဗစ်အကူအညီ ပေးရေးကော်မတီက စက်တင်ဘာ၂၁ ရက်အထိ သတင်း သမား ၈၇ ဦးကို ဆက်သွယ်၍ အကူအညီပေးအပ်ခဲ့ရာ ကူညီငွေကျပ် ၁၂၃ သိန်း ကူညီခဲ့ပြီး ရန်ပုံငွေ နည်းပါး နေသဖြင့် အကူအညီပေးမှုကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
အရေးပေါ်လူနာများအတွက် ကိုဗစ်-၁၉ Critical Care Unit - ဧရာဝတီစင်တာကို တည်ဆောက်လျက်ရှိ
ဧရာဝတီဖောင်ဒေးရှင်းက ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် ညွှန်ကြားမှု၊ ရန်ကုန် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်း ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး၏ ကြီးကြပ်မှုတို့ဖြင့် ကိုဗစ်-၁၉ အရေးပေါ်လူနာများကို အနီးကပ် ကြပ်မတ်ကုသပေးနိုင်မည့် Critical Care Unit- ဧရာဝတီစင်တာ ကို သုဝဏ္ဏအားကစားကွင်း၌ တည် ဆောက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှု စစ်ဆေးပြီး ခနောင်တို-တွံတေး တံတားစီမံကိန်း ပန္နက်တင်ခြင်းအခမ်းအနားသို့တက်ရောက်
ရန်ကုန် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး မွန်းလွဲပိုင်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် (ခနောင်တို-တွံတေး) တံတားစီမံကိန်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို တက်ရောက်ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦ သစ်ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦ သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သော အကျဉ်းသား ကျောင်းသား၊ ကျောင်းသူ များအနက် ၅၅ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြု၊ အင်းစိန် ဗဟို အကျဉ်းထောင်မှ အကျဉ်း သား ကျောင်းသား ၂၅ ဦးပါဝင်
အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသော ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်း သား ကျောင်းသား၊ ကျောင်းသူ များအနက် ၅၅ ဦးအား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတကပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ပြုရာ ရန်ကုန်မြို့ရှိ အင်းစိန် ဗဟိုအကျဉ်း ထောင်မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော အကျဉ်းသား ၂၅ ဦးပါဝင်လွတ် မြောက်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။