Skip to main content

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် UNICEF က ထောက်ပံ့ကူညီသည့် ဆေးပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင်လေယာဉ် ရောက်ရှိ

ရန်ကုန်  ဩဂုတ် ၂၈

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)အနေဖြင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂.၈ သန်းခန့် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ထောက်ပံ့ကူညီသွားမည်ဖြစ်ရာ ယင်းအစီအစဉ်၏ အစိတ် အပိုင်း တစ်ရပ်အနေဖြင့် စတုတ္ထအကြိမ်မြောက် အထူးကုန်တင် လေယာဉ်သည် တစ်ကိုယ်ရေသုံး ကာကွယ် ရေးဝတ်စုံများ အပါအဝင် ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ တင်ဆောင်လျက် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

ထောက်ပံ့ကူညီမှုအစီအစဉ်အရ ခရီးစဉ်အားလုံးတွင် ပါရှိလာခဲ့သောပစ္စည်းများကို UNICEF မှ တာဝန်ရှိ သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#MRTV