Skip to main content

မြန်မာ့အင်တာနက်မြန်နှုန်း ကမ္ဘာ့အဆင့်သုံးဆင့် မြင့်တက်လာ

အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာအင်တာနက် စမ်းသပ်အကဲဖြတ်ရေး ဦးဆောင်အဖွဲ့အစည်းဖြစ်သော Ookal က မြန်မာနိုင်ငံ တွင် လူဦးရေ ၁၅ သန်းကျော်ကို ဖိုက်ဘာ (Fixed)ကွန်ရက် ၀န်ဆောင်မှုပေးနေသော 5BB Broadband သည် Downland 57.97 Mbps ဖြင့် ကမ္ဘာ့အဆင့် သုံးဆင့် မြင့်တက်ကာ အဆင့် ၁၁၈ သို့ ရောက်ရှိသွားကြောင်း ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ MICT Park ၀င်းရှိ 5BB Broadband ရုံးချုပ်၌ တာဝန်ရှိသူက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ TERUMO SINGAPORE PTE, LTD (ရန်ကုန်ရုံးခွဲ)က အကြောဆေးသွင်းရာတွင် ထိန်းညှိပေးသောစက် ငါးလုံး ပေးအပ်လှူဒါန်းပွဲကျင်းပ

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ TERUMO SINGAPORE PTE, LTD (ရန်ကုန်ရုံးခွဲ)မှ အကြောဆေး သွင်းရာတွင် ထိန်းညှိပေးသော စက် (Infusion Pumps) ငါးလုံး ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေ သနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

မြန်မာ့ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များ ကုန်ပစ္စည်းရရှိမှုပေါ်မူတည်ကာ ပြေးဆွဲပေးလျက်ရှိ

မြန်မာကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့များသို့ ကုန်စည်ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးလျက်ရှိသော မြန်မာနိုင်ငံကမ်းရိုးတန်း သွား ကုန်တင်ရေယာဉ် များအနေဖြင့် ဩဂုတ်လအတွင်း ကုန်ပစ္စည်းရရှိမှုပေါ် မူတည်ကာ သင်္ဘောများ ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၉၀ အား ပြန်လည်ခေါ်ဆောင်

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သား ၉၀ အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)ကယ်ဆယ်ရေး လေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ မရမ်းကုန်းနှင့် ရန်ကင်းမြို့နယ်များရှိ စာသင်တိုက်ကြီးများ သို့ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဇောတိကာရုံ ပရိယတ္တိစာသင်တိုက်နှင့် ကန်ဦးဇေတဝန် ပရိယတ္တိစာသင်တိုက်၊ ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယ သာသနာ့ဗိမာန် ပရိယတ္တိစာသင်တိုက်များသို့ ယနေ့တွင် ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းသည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် UNICEF က ထောက်ပံ့ကူညီသည့် ဆေးပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင်လေယာဉ် ရောက်ရှိ

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)အနေဖြင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂.၈ သန်းခန့် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ထောက်ပံ့ကူညီသွားမည်ဖြစ်ရာ ယင်းအစီအစဉ်၏ အစိတ် အပိုင်း တစ်ရပ်အနေဖြင့် စတုတ္ထအကြိမ်မြောက် အထူးကုန်တင် လေယာဉ်သည် တစ်ကိုယ်ရေသုံး ကာကွယ် ရေးဝတ်စုံများ အပါအဝင် ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ တင်ဆောင်လျက် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀  နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးသို့

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွက်UNICEF က ထောက်ပံ့ ကူညီသည့် ပစ္စည်းများတင်ဆောင်လာသောအထူးကုန်တင်လေယာဉ်ရောက်ရှိ

မြန်မာန်နိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ကူညီသည့်အထောက် အကူပြု ပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင်လေယာဉ်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း အား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ် မည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း ရန်ကုန်မြို့ဘက်ခြမ်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ သည်။

ဒုတိယဝန်ကြီး ဦးတင်လတ် ရန်ကုန်တိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ River Cruise ဖြင့် လည်ပတ်နိုင်ရေး ခရီးစဉ်နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ရန်ကုန်