ရန်ကုန် ဩဂုတ် ၂၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဇောတိကာရုံ ပရိယတ္တိစာသင်တိုက်နှင့် ကန်ဦးဇေတဝန် ပရိယတ္တိစာသင်တိုက်၊ ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယ သာသနာ့ဗိမာန် ပရိယတ္တိစာသင်တိုက်များသို့ ယနေ့တွင် ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးထွန်းညွန့်နှင့် တာဝန်ရှိသူများသည် နံနက် ၈ နာရီတွင် မရမ်းကုန်းမြို့နယ် ဇောတိကာရုံ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုတာလင်္ကာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်တော် မူကြပြီး ပြည်ထောင်စုဝန်ကြီးက လှူဒါန်းရခြင်း နှင့်စပ်လျဉ်း၍ လျှောက်ထားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီးက ဆွမ်းပဒေသာပင်အတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော် က လက်ခံသည်။
ယင်းနောက် ဇောတိကာရုံ ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်က အနုမောဒနာတရား ချီးမြှင့်တော်မူသည်။
ထို့နောက် ကန်ဦးဇေတဝန် ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း လျှောက်ထား၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွမ်းပဒေသာပင်အတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ် လှူဒါန်းရာ ကျောင်းအကျိုး တော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးလှခိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။
ယင်းနောက် ကန်ဦးဇေတဝန် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာမီဘိဝံသက အနုမောဒနာတရားချီးမြှင့် တော်မူသည်။
မွန်းလွဲပိုင်းတွင် ပဥ္စနိကာယ သာသနာ့ ဗိမာန်ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွမ်းပဒေသာပင်အတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ် လှူဒါန်းရာ ကျောင်းအကျိုး တော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးချိုလေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။
ယင်းနောက် ပဥ္စနိကာယ သာသနာ့ ဗိမာန်ပရိယတ္တိစာသင်တိုက် စာချနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသီဟာဘိဝံသ က အနုမောဒနာ တရားချီးမြှင့်တော်မူသည်။
သတင်းစဉ်