ရန်ကုန် စက်တင်ဘာ ၃
အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာအင်တာနက် စမ်းသပ်အကဲဖြတ်ရေး ဦးဆောင်အဖွဲ့အစည်းဖြစ်သော Ookal က မြန်မာနိုင်ငံ တွင် လူဦးရေ ၁၅ သန်းကျော်ကို ဖိုက်ဘာ (Fixed)ကွန်ရက် ၀န်ဆောင်မှုပေးနေသော 5BB Broadband သည် Downland 57.97 Mbps ဖြင့် ကမ္ဘာ့အဆင့် သုံးဆင့် မြင့်တက်ကာ အဆင့် ၁၁၈ သို့ ရောက်ရှိသွားကြောင်း ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ MICT Park ၀င်းရှိ 5BB Broadband ရုံးချုပ်၌ တာဝန်ရှိသူက ပြောသည်။
“ကမ္ဘာ့အဆင့် အင်တာနက်မြန်နှုန်းသတ်မှတ်တဲ့ အမေရိကန်နိုင်ငံ အခြေစိုက် Ookal အဖွဲ့အစည်းက Speedtest ကို တစ်ကမ္ဘာလုံး အတိုင်း အတာအနေနဲ့ နိုင်ငံအလိုက် အင်တာနက်မြန်နှုန်းတွေကို ထုတ်ပြန်ပေး တယ်။ အဲဒီမှာ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေကတော့ 1 to 10 ကနေအဆင့်လိုက် ရှိတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ Fixed Broadband က ၂၀၁၉ ခုနှစ်မှာ အဆင့် ၁၂၁ ကနေ ၂၀၂၀ ပြည့်နှစ်မှာ အဆင့် ၁၁၈ ကို Downland 57.97 Mbps နဲ့ အခု သြဂုတ်လမှာ ရရှိခဲ့တယ်။ ဒါကိုကျွန်တော် တို့လို အိမ်သုံး/ရုံးသုံး အခြားစီးပွားရေး လုပ်ငန်းသုံး Fixed အင်တာနက်တွေ ရှိတယ်။ ဒါ့အပြင် အစိုးရဝန်ကြီးဌာနတွေကလည်း ဒီထက်ပိုမိုပြီး ကောင်းမွန် တဲ့ မူဝါဒတွေထုတ်ပြန်ပြီး အားလုံး ပူးပေါင်းလုပ်ကြမယ်ဆိုရင် ပျမ်းမျှအဆင့် ၁၀၀ ထဲ၀င်လာမယ်။
အဆင့် ၅၀ အတွင်း ရောက်လာမယ်။ ဒီလိုဖြစ်လာတာနဲ့အမျှ မြန်မာ ပြည်မှာ အင်တာနက်ပလက်ဖောင်းကို အသုံးပြုနေတဲ့ လုပ်ငန်းတွေ။ ပြည်သူ လူထုတွေဟာ ငွေကြေးနည်းနည်းနဲ့ ဒီထက်မကကောင်းမွန်တဲ့ အင်တာနက် ဝန်ဆောင်မှုကောင်းတွေကို ပိုမိုရရှိမှာဖြစ်ပါတယ်"ဟု 5BB Broadband မှ CEO ဦးသိန်းသန်းတိုးက မီဒီယာများကို ပြောသည်။ အဆိုပါ အမေရိကန် နိုင်ငံအခြေစိုက် Ookal အဖွဲ့အစည်းက မြန်မာနိုင်ငံ၏ Fixed Speedtest Award ဆုအတွက် ပြည်တွင်း Fixed သုံးစွဲသူ ၁၅၃၉၄၀၆ ဦး၏ မြန်မာပြည် တစ်ဝန်း Fixbed ကွန်ရက်များအတွက် အမြန်နှုန်းစမ်းသပ်မှု အက်ပလီ ကေးရှင်းအပေါ် အခြေခံကာ တိကျမှန်ကန်သည့် လေ့လာဆန်းစစ်မှုအတိုင်း ပေးအပ်ခြင်းဖြစ်သည်။ ထို Fixbed ကွန်ရက် မြန်နှုန်းမြင့်မားမှုတွင် အခြား Fixbed ဝန်ဆောင်မှုများထက် 5BB Broadband ဝန်ဆောင်မှုက ရရှိခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက် ကမ္ဘာ့အဆင့်ဖိုက်ဘာ( Fixbed )ဝန်ဆောင်မှုအဆင့် သုံးဆင့်မြင့်တက်အောင် ဆောင်ရွက်ပေးသော 5BB Broadband အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဘားအံ၊ မော်လမြိုင်၊ ကျိုက်ထို၊ သထုံ၊ ပြည် စသော မြို့ကြီးများကို ကွန်ရက်ဖြန့်ကြက်ထားပြီး မြို့ကြီး ၂၆ မြို့အထိ ဖြန့်ကြက်သွားရန်လျာထားကြောင်း ယနေ့ရှင်းလင်းပွဲမှ သိရသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ကမ္ဘာ့အင်တာနက်အမြန်ဆုံးနိုင်ငံ မှာ စင်ကာပူနိုင်ငံဖြစ်ပြီး Download Speed 213.18 Mbps ဖြစ်သည်။ ကမ္ဘာ့ ပျမ်းမျှအင်တာနက်မြန်နှုန်းမှာ Download Speed 81.46 Mbps ရှိသည်။ ယင်းအချိန်တွင် 5BB Broadband မှ Fixed Broadband မှ မြန်မာ့အင်တာနက် Download Speed မှာ 57.97 Mpbs ရှိနေကြောင်း သိရသည်။ ယခင် ၂၀၁၉ ခုနှစ်တွင် အဆင့် ၁၂၁ အဆင့်မှ ယခု ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၁၁၈ အဆင့် သို့ အဆင့်သုံးဆင့်မြင့်ကာ တိုးတက်လာခြင်းဖြစ်ကြောင်း ယနေ့မီဒီယာ ရှင်းလင်းပွဲမှ သိရသည်။
မြင့်မောင်