ရန်ကုန် စက်တင်ဘာ ၂၁
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ကိုဗစ်အကူအညီ ပေးရေးကော်မတီက စက်တင်ဘာ၂၁ ရက်အထိ သတင်း သမား ၈၇ ဦးကို ဆက်သွယ်၍ အကူအညီပေးအပ်ခဲ့ရာ ကူညီငွေကျပ် ၁၂၃ သိန်း ကူညီခဲ့ပြီး ရန်ပုံငွေ နည်းပါး နေသဖြင့် အကူအညီပေးမှုကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း သတင်း အလုပ်နှင့် ဆက်စပ်သွားလာလုပ်ကိုင်စဉ် ကူးစက်ခံရပြီး အတည်ပြုလူနာ အဖြစ်သတ်မှတ်ခံရသည့် သတင်းသမား များ၊ ကူးစက်ခံရသူနှင့် ထိတွေ့မှုကြောင့် Home Quarantine သို့မဟုတ် Facility Quarantine Center များတွင် အသွားအလာကန့်သတ်ခြင်းခံနေရသည့် သတင်းမီဒီယာ သမားများအား အထောက် အပံ့ပေးရေး အသိပေးကြေညာချက်ကို စက်တင်ဘာ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက် ကြေညာပြီးနောက် သတင်းသမားများပေးပို့လာသည့် စာရင်းများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကိုဗစ်အကူအညီပေးရေး ကော်မတီက စိစစ်ပြီး စက်တင်ဘာ ၁၆ ရက်မှ စက်တင်ဘာ ၂၁ ရက်အထိ သတင်းသမား စုစုပေါင်း ၈၇ ဦးကို ဆက်သွယ်၍ အကူအညီပေးအပ်ခဲ့ကာ ပိုးတွေ့ရှိသူအဖြစ် အတည်ပြုခံရသူ သုံးဦး၊ Facility Quarantine ဝင်ရသူ ၃၃ ဦးနှင့် Home Quarantine ဝင်ရသူ ၅၁ ဦးတို့အား ကူညီငွေကျပ် ၁၂၃ သိန်း ကူညီခဲ့ပြီး ဖြစ်သည်။
သန့်ဇင်ဝင်း