Skip to main content

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ပံ့ကူညီသည့် ဆေးရုံသုံးလက်အိတ်များနှင့် လူသားချင်းစာနာ ထောက်ထားမှုဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင်ဝန်ထမ်းများ တင်ဆောင်လာသော အထူးလေယာဉ်ရောက်ရှိ

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ထောက်ပံ့ကူညီသည့် ဆေးရုံ သုံး လက်အိတ်များနှင့် လူသားချင်းစာနာထောက်ထားမှု ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင် ဝန်ထမ်းများ တင်ဆောင်လာသော အထူးလေယာဉ်သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video conferencing ဖြင့် ကျင်းပသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်လူနာများအား သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးလျက်ရှိသောကြောင့် များစွာအထောက်အကူရရှိ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်လူနာများ ရောဂါသက်သာပျောက်ကင်း၍ ကျန်းမာရေးကောင်းမွန်လာပါက အဆိုပါ ကျန်းမာရေးကောင်းမွန်လာသူများ၏ သွေးရည်ကြည်ကိုအသုံးပြုကာ ကိုဗစ်ရောဂါပြင်းထန်သူများအား သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးလျက်ရှိသောကြောင့် ကိုဗစ်လူနာများအတွက် များစွာ အထောက်အကူရရှိစေကြောင်း သွေးရည်ကြည်ကုထုံး Ad-hoc ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြက ပြောသည်။

ဧရာဝတီစင်တာသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်၊ အစ္စရေး၊ အီတလီနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ လာရောက်လေ့လာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက ကိုဗစ်-၁၉ လူနာများအား ကုသပေးလျက်ရှိသည့် ဧရာဝတီစင်တာသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်၊ အစ္စရေးနှင့် အီတလီနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ လာရောက်လေ့လာကြသည်။

POSCO International Corporation မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် Test kits များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားနိုင်ငံထုတ် RT-PCR Test Kits and Rapid Antigen Test Kits များအား ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

မြန်မာနိုင်ငံ ရေဝပ်ဒေသမှ ဆောင်းခိုငှက်များကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်လို

မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်များအတွက် လုံလောက်သောအစာရေစာများကို ထောက်ပံ့ပေးစွမ်းနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုနည်းပါးခြင်းတို့ကြောင့် ဆောင်းရာသီကာလတွင် ဆောင်းခိုငှက် အများအပြား နှစ်စဉ်ရောက်ရှိလာကြသဖြင့် ငှက်မျိုးစိတ်များ ပျောက်ပျက်မှုမရှိစေရေးဝိုင်းဝန်း ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင်က ပြောသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေးအတွက် (Social Distancing)နှင့် အညီမဲစာရင်းများ ကြည့်ရှုနိုင်ရန် စီစဉ် ဆောင်ရွက်ပေးထား

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက် ပွဲ အတွက် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများကို အောက်တိုဘာ(၁)ရက်မှစတင်ကာ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေး အတွက် (Social Distancing)နှင့် အညီ မဲစာရင်းများ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

အာရှနှင့် အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်၌ ဂျိုင်းတံတားကြီး တည်ဆောက်နေ

ကရင်ပြည်နယ် ဘားအံခရိုင် အာရှလမ်းမကြီးအမှတ် (၁) နှင့် အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ် ဂျိုင်းမြစ် ကိုဖြတ်၍ လေးလမ်းသွား ဂျိုင်း-ကော့ကရိတ် တံတားကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာနက တည် ဆောက် လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ သံဃာတော်များအား အနီးကပ်ကြပ်မတ်ကုသနိုင်မည့်၄၄-ခုတင်ဆံ့ အထူးကြပ်မတ်ကုသဆောင်နှင့် ကြပ်မတ်ကုသဆောင်များ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါပိုးတွေ့သံဃာတော်များအား အနီးကပ် ကြပ်မတ်ကုသစောင့်ရှောက်ထားရှိနိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသ ကြီး ကမ္ဘာအေးကုန်းမြေရှိ သာသနာ့ဆေးရုံ ဟောင်းဝင်းအတွင်း၌ ကြပ်မတ်ကုသဆောင် (HDU) ၃၆- ခုတင်နှင့် အထူး ကြပ်မတ်ကုသဆောင် (ICU) ၈-ခုတင်ပါဝင် သော ၄၄- ခုတင်ဆံ့ အထူးကြပ်မတ်ကုသဆောင်များအတွက် ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများ၌ထားရှိသည့် မြန်မာသင်္ဘောသား ၃၁၁ ဦး ရှိနေပြီဖြစ်

ပြည်ပနိုင်ငံများမှရောက်ရှိလာကြသည့် မြန်မာသင်္ဘောသားအလုပ်သမားများအား Sea Rangers (Myanmar Seafarers Donation Group)မှ ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိ ဓမ္မမာမက ဓမ္မရိပ်သာနှင့် ဓမ္မရံသီ မိုးကုတ်ရိပ်သာ ကန့်သတ် စောင့်ကြည့်ရေးစင်တာတို့၌ ကုန်ကျစရိတ်များတာဝန်ယူ၍ ထားရှိပေးထားရာ ယနေ့အထိ စုစုပေါင်း ၃၁၁ ဦး ရှိနေပြီဖြစ် ကြောင်း Sea Rangers အဖွဲ့မှ သိရသည်။
Subscribe to ရန်ကုန်