ရန်ကုန် စက်တင်ဘာ ၃
မြန်မာကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့များသို့ ကုန်စည်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးလျက်ရှိသော မြန်မာနိုင်ငံကမ်းရိုးတန်း သွား ကုန်တင်ရေယာဉ် များအနေဖြင့် ဩဂုတ်လအတွင်း ကုန်ပစ္စည်းရရှိမှုပေါ် မူတည်ကာ သင်္ဘောများ ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များအနေဖြင့် ဩဂုတ် လအတွင်း ရန်ကုန်-ကော့သောင်း ခရီးစဉ်၊ ရန်ကုန်-မြိတ် ခရီးစဉ်၊ ရန်ကုန်-စစ်တွေခရီးစဉ်၊ ရန်ကုန်-ထားဝယ်ခရီးစဉ်တို့ကို အသွားအပြန် သင်္ဘော အစင်းရေ ကိုးစင်းဖြင့် ကုန်တန်ချိန် စုစုပေါင်း ၃၆၀၅ တန်ကို သယ်ယူပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ကုန်စည်များ သယ်ယူပို့ဆောင်ပေးရာတွင် အခြေခံစားကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများကို အဓိကထား သယ်ယူပို့ဆောင် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ကမ်းရိုးတန်းသင်္ဘောပိုင်ရှင်များအသင်းမှ ရန်ကုန်-စစ်တွေ ခရီးစဉ်ကို သင်္ဘောခြောက်စင်းဖြင့် စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်းများ ကုန်တန်ချိန် စုစုပေါင်း ၂၉၂၀ တန်ကို ပို့ဆောင်ပေး နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာ့ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များအနေ ဖြင့် ကုန်စည်ရရှိမှုအပေါ်မူတည်ကာ ပြေးဆွဲပေး လျက်ရှိပြီး ယခင် မော်တော် ယာဉ်လမ်းများ ဆိုးရွားစဉ် တစ်လလျှင် အစင်း ၄၀ ခန့်အထိ ပြေးဆွဲပေးခဲ့ရ ကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကုန်စည်များဝင်ရောက်ရာတွင် မြဝတီလမ်းကို အသုံးပြုသူများလာပြီး ကော့သောင်းဘက်မှ တင်ပို့မှု လျော့နည်းသွားသည့်အတွက် သင်္ဘောအစင်းရေ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များအနေဖြင့် ဇူလိုင်လ အတွင်း ရန်ကုန်-ကော့သောင်း၊ ရန်ကုန် - မြိတ်၊ ရန်ကုန်- စစ်တွေ၊ ရန်ကုန်- ထားဝယ်ခရီး စဉ်တို့ကို အသွားအပြန် သင်္ဘောအစင်းရေ ၁၃ စင်းဖြင့် ကုန်တန်ချိန် စုစုပေါင်း ၇၀၆၀ ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)