ရန်ကုန် စက်တင်ဘာ ၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ TERUMO SINGAPORE PTE, LTD (ရန်ကုန်ရုံးခွဲ)မှ အကြောဆေး သွင်းရာတွင် ထိန်းညှိပေးသော စက် (Infusion Pumps) ငါးလုံး ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေ သနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
လှူဒါန်းပွဲ အခမ်းအနားတွင် ဆေးသုတေသဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက အမှာစကား ပြောကြားပြီး TERUMO SINGAPORE PTE, LTD (ရန်ကုန်ရုံးခွဲ)မှ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေးမန်နေဂျာ ဒေါက်တာ နေမြတ်ထွဋ်က လှူဒါန်း ရခြင်းအကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ ဒေါက်တာနေမြတ်ထွဋ်က အကြောဆေးသွင်းရာတွင် ထိန်းညှိပေးသောစက်ငါးလုံးကို ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ယနေ့လှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ တွင် အသုံးပြုရန်အတွက် TERUMO SINGAPORE PTE, LTD (ရန်ကုန်ရုံးခွဲ)က အမေရိကန်ဒေါ်လာ ၅၀၀ဝ တန်ဖိုးရှိ Infusion Pumps ငါးလုံးကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဇော်မင်းလတ်(MNA)