Oct 08, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဗွီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် Indo-ASEAN Business Summit & Expo သို့ တက် ရောက်အမှာ စကားပြောကြားသည်။
Oct 01, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် သတင်းစာရှင်းလင်းပွဲ အမှတ်စဉ် (၉/၂၀၂၁) သို့ တက်ရောက်လာကြသည့် ပြည်တွင်း/ ပြည်ပသတင်းမီဒီယာများအား ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Sep 28, 2021
တိရစ္ဆာန်အစာပင် ပြောင်းစိုက်ခင်း ရိတ်သိမ်းခြင်းနှင့် ပြောင်းချဉ်ဖတ်ပြုလုပ်ခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် သဲကောလေးကျေးရွာ၌ ကျင်းပသည်။
Sep 11, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနဧည့်ခန်း၌ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ ဗဟိုဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။
Sep 06, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်ပြီး တာဝန်ခံကျောင်းအုပ်၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများ ပြန်လည်ဖွင့်လှစ် သည့်အခါအေးချမ်းစွာ ပညာသင်ကြား သင်ယူနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားမှု များကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
Sep 06, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ အမှတ်(၁) စက်မှု သင်တန်းကျောင်း(ဆင်တဲ) (Industrial Training Centre -ITC) သို့ရောက်ရှိပြီး ပုံမှန် သင်တန်းများ ပြန်လည်ဖွင့်လှစ်လျှင် အဆင်သင့်ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ထားရန်၊ သင်တန်းကျောင်းရှိ သင်ထောက်ကူပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အစဉ်အမြဲ စစ်ဆေး၍ ပြုပြင်ထိန်းသိမ်းထားရန်၊ သင်တန်းသားများအား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု ရှိစေရေးအတွက် နည်းပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် နှလုံးရည် (Knowledge, Skill, Attitude) အားလုံး ပြည့်ဝအောင်လေ့ကျင့်သင်ကြားပေးရန်၊ သင်တန်းများအား “လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်မှု အခြေပြုပညာရေးနှင့် လေ့ကျင့်ရေးစနစ်” Competency based education and Training စနစ်ဖြင့် သင်ကြားပို့ချရန် မှာကြားကာ သင်တန်းကျောင်း အတွင်းရှိ သင်ထောက်ကူပစ္စည်းအသုံးပြု သင်ကြားရေးဓာတ်ခွဲခန်းများ၊ အလုပ်ရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းတစ်ခုချင်းအလိုက် မိမိသင်တန်း မိမိပြန်လည် ဆန်းစစ်သည့်အစီရင်ခံစာ (Self Assessment Report) ပြုစုတင်ပြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Sep 06, 2021
တနင်္သာရီတိုင်း၊ စစ်ကိုင်း ၊ မန္တလေးဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွင်း ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီတိုင်း၊ စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
Sep 06, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျေးလက်ဒေ သဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
Aug 30, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလင်ပိဋကတ်တိုက်နှင့် ရုပ်ရှင်စတူဒီယိုတို့သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Aug 26, 2021
အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) ကပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
Aug 18, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပျဉ်မနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(ပျဉ်မနား)သို့ ရောက်ရှိပြီး ဗဟိုဌာနသင်တန်းခန်းများနှင့် အစည်းအဝေးခန်းများကို ကြည့်ရှုစစ်ဆေးသည်။
Aug 07, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ ယမန်နေ့ ညနေ ၅ နာရီခွဲတွင် စတင်၍ ဗွီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
Jun 25, 2021
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းရှိ ဘောလုံးအားကစားကွင်းအနီး မြေကွက်လပ်၌ ကျင်းပသည်။
Jun 13, 2021
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတို့၏ စီစဉ်မှုဖြင့် လားရှိုးမြို့ တွင် တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက် အအုံသစ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
May 03, 2021
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။
May 01, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရွေးချယ်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။
Apr 29, 2021
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 27, 2021
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
Feb 15, 2021
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ဝန်ထမ်းများ အပန်းဖြေရိပ်သာ (Recreation Centre) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။
