Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာ စကားပြောကြား

 
နေပြည်တော် စက်တင်ဘာ ၆
 
တနင်္သာရီတိုင်း၊ စစ်ကိုင်း ၊ မန္တလေးဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွင်း ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီတိုင်း၊ စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုင်ငံတော်၏စီမံချက်ဖြစ် သည့် ပန်းခင်းစီမံချက်အား မိမိတို့ဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်သည် သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ် လုပ်ငန်းပမာဏ ပြည့်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက် ကြရမည့်အခြေအနေ၊ ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေး ရသည့်အပေါ် စနစ်တကျသုံးသပ်ကာ ဆောင်ရွက်နိုင်သမျှ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက် ကြရန်လို အပ်မှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်‌ရေး အခြအနေ၊ လုပ်ငန်းများ ထိရောက် အောင်မြင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနေမှု၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ ကလည်း ဒေသအာဏာပိုင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် အခြေအနေ၊ မီဒီယာပိုင်းမှ online / offline အသုံးပြု၍ ပြည်သူများ သိရှိနားလည် ဆောင်ရွက်နိုင်ရေး အတွက် စီမံဆောင်ရွက်နေမှု အခြေအနေ၊ လက်ရှိအခြေအနေအရ တပ်မတော်အပါ အဝင် အဖွဲ့အစည်း အသီးသီးသို့ ဆက်သွယ်အသိပေးကာ စာရင်းဇယားများ ကောက်ယူဆောင်ရွက်ရေးနှင့် ရုံးများသို့ လာရောက်ဆောင် ရွက်နိုင်မည့် အရေ အတွက် သတ်မှတ်ကန့်သတ်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ အလိုက် တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရင်း ရည်မှန်းချက်သို့ အောင်မြင်‌အောင် ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
 
ထို့နောက် တနင်္သာရီတိုင်း၊ စစ်ကိုင်း၊ မန္တလေးဒေသကြီးနှင့် ရခိုင်ပြည်နယ် ဦးစီးမှူးများက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက် များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပန်းခင်းစီမံချက်သည် နိုင်ငံသားတိုင်း လူမှုဘဝပြည့်စုံနိုင်ရေးအတွက် အရေးကြီးသော အထောက်အထားထုတ်ပေး သည့် စီမံချက်ဖြစ် သည်နှင့်အညီ ပြည်သူများ သိရှိဆောင်ရွက် စေရေး နည်းမျိုးစုံ အသုံးပြု၍ အလေးထားဆောင်ရွက် ကြရန်မှာကြားသည်။
 
(သတင်းစဉ်)