နေပြည်တော် ဩဂုတ် ၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ ယမန်နေ့ ညနေ ၅ နာရီခွဲတွင် စတင်၍ ဗွီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
(၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်ကို ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) Dato Erywan Pehin Yusof က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံဒေသဆိုင်ရာဖိုရမ် (အေအာရ်အက်ဖ်) အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာ ဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များနှင့် အနာ ဂတ် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဘုံအကျိုးစီးပွားနှင့် အရေးကိစ္စများတွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် အဓိကဖိုရမ်တစ်ခု ဖြစ်သည့် အေအာရ်အက်ဖ်သည် အလွန် အရေးကြီးကြောင်း၊ အေအာရ်အက်ဖ် ပေါင်းစည်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ဦးစား ပေးကဏ္ဍ(၇) ခု ပါဝင်သော အေအာရ်ဖက်၏ အနာဂတ် လုပ်ငန်းစဉ် ဖြစ်သည့် အေအာရ် အက်ဖ်မျှော်မှန်းချက် စာတမ်းအား အကောင်အထည် ဖော်ခြင်းဆိုင်ရာ ဟနွိုင်း လုပ်ငန်းစီမံ ချက် အကောင်အထည်ဖော်ခြင်း၏ တိုးတက်မှုများအပေါ် အားရကျေနပ်ကြောင်း၊ ယင်းဦးစားပေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းသည် ယုံကြည်မှုတည်ဆောက် ရေးလုပ်ငန်းစဉ်များနှင့် သံတမန်နည်းလမ်းအရ ကြိုတင်ကာကွယ်ခြင်းကို အားပေးမြှင့်တင် နိုင်မည်ဖြစ်ပြီး အေအာရ်အက်ဖ်ကို အားလုံးငြိမ်းချမ်းစေပြီး ပိုမိုဦးစီးဦးဆောင်ပြုနိုင်သည့်ဖို ရမ် ဖြစ်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၆ ရက်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဗွီဒီယိုကွန်ဖရင့်စ်မှတစ်ဆင့် ပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက် အေအာရ်အက်ဖ် ကျွမ်းကျင်သူများအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကို အစည်းအဝေးသို့ အသိပေးပြောကြားခဲ့သည်။
ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင် ငံတွင် အရေးပေါ်အခြေအနေကြေညာခဲ့ရသည့် အကြောင်းရင်း၊ အာဆီယံနိုင်ငံ့ ခေါင်းဆောင် များအစည်းအဝေး၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် အခြေအနေ၊ ဩဂုတ် ၄ ရက်က အထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ခြင်းကိစ္စ၊ မြန်မာနိုင်ငံအနေ ဖြင့် အထူးကိုယ်စားလှယ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိမှုများနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အေအာရ်အက်ဖ် အဖွဲ့ဝင်နိုင်ငံများက အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းကို ကြိုဆိုကြရာ၌ ၎င်းတို့၏ ပံ့ပိုးမှုများ သည် အာဆီယံ တူညီဆန္ဒ(၅) ချက်နှင့် မြန်မာနိုင်ငံမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်တို့ကို အထောက်အကူဖြစ်စေရန် အလေးပေးပြောကြားခဲ့ပြီး ယင်းထက် ကျော်လွန် ဆောင်ရွက်မှုများသည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံတို့အတွက် အကူအညီဖြစ်မည်မဟုတ်ကြောင်း၊ အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးမှု (meaningful political dialogue) ဆောင်ရွက်ရန်ကိစ္စတွင် နိုင်ငံအတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေ သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တရားမဝင် အသင်းအဖွဲ့များ မပါ(မပါ) ဝင်သင့် ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက NUG နှင့် CRPH ကဲ့သို့ တရားမဝင်အဖွဲ့အစည်းများ၊ အကြမ်းဖက်အုပ်စုများထံမှ ငွေကြေးအကူ အညီနှင့် အထောက်အပံ့များ ရယူထားသည့် People Defense Force (PDF) မှ အကြမ်း ဖက်မှုလုပ်ရပ်များ ကျူးလွန်နေခြင်းကို အေအာရ်အက်ဖ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရှုတ်ချ သင့်ကြောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ အာဆီယံ ပဏာမဆန်းစစ် လေ့လာရေးအဖွဲ့၏ အစီရင် ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပြီး၊ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုကို အလေးထားပြောကြားလိုကြောင်းနှင့် အာဆီယံ ဒေသဆိုင်ရာဖိုရမ်အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိုက်တွန်းပြောကြားစေလိုကြောင်း မေတ္တာရပ်ခံခဲ့သည်။ အဆိုပါ (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)