လားရှိုး ဇွန် ၁၂
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတို့၏ စီစဉ်မှုဖြင့် လားရှိုးမြို့ တွင် တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက် အအုံသစ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးတို့က လူထုအခြေပြုဗဟိုဌာနအဆောက်အအုံကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး အများပြည်သူအသုံးပြုနိုင်ရန် စီစဉ်ပေးထားသည့် ပြခန်း၊ ကွန်ပျူတာ သင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ ဘက်စုံသုံးခန်းမ၊ အစည်းအဝေးခန်းမနှင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှုအားပေး သည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ အသိပညာ ဆည်းပူး ရေး၊ အမှားအမှန် ပိုင်းခြားသိမြင်ခွဲခြားနိုင်ရေး ဆောင်ရွက်ကြရန်နှင့် အသိပညာ ဆည်းပူးရန်၊ လားရှိုးမြို့တွင် ပြည်သူများ အသိပညာဗဟုသုတ ရှာဖွေလေ့လာ ဆောင်ရွက်နိုင်ရန်အတွက် လူထုအခြေပြုဗဟိုဌာန အဆောက်အအုံကြီး ဖွင့်လှစ်ပေးထားပြီးဖြစ်သည့်အတွက် လေ့လာဆည်းပူး၍ ဒေသအကျိုး၊ နိုင်ငံတော်အကျိုးကို သယ်ပိုး ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်