Jan 12, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ဟူသော အချက်တစ်ချက်လည်း ပါဝင်သည်။ နိုင်ငံတော်တာဝန်ကို ယူထားစဉ်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့် တုံ့ဆိုင်းမသွားစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်းပင်ဖြစ်သည်။
Jan 10, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် ကောင်းသောအကျိုး ရလဒ်များကို ဆောင်ကြဉ်းခဲ့သည်။
Jan 10, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်ကြိုးများ သွယ်တန်းမှု စနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ ပါဝင်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့၏ ဦးဆောင်မှုဖြင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
Jan 08, 2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့သည့်သဝဏ်လွှာတွင် “ မိမိတို့ ပြည်သူပြည်သားများ၏စွမ်းပကားဖြင့် နိုင်ငံတော် တိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြပါစို့” ဟု တိုက်တွန်း ထားသည်။ ပြည်သူ ပြည်သားများ၏ စွမ်းပကားဆိုသည်မှာ ကာယအား၊ ဉာဏအားအသိဉာဏ်ပညာကို အခြေခံသည့်အားဖြစ်သည်။ ထိုပြည်သူပြည်သားများ၏ အသိဉာဏ်ပညာစွမ်းပကားဖြင့် မိမိတို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်း တည်ဆောက်ကြ ဖို့ဖြစ်သည်။
Jan 08, 2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရာခိုင်နှုန်းမှာ နေ့စဉ် ၁ ရာခိုင်နှုန်းကျော်ကျော်ခန့် တွင်သာရှိနေပြီး ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုအနေဖြင့် ၅၃၀၀၀၀ ကျော်သာရှိနေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုက လွှမ်းမိုးလျက်ရှိရာ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံတွင် ကူးစက်မှုမှာ တစ်နေ့တည်းတွင် ၁ သန်းခန့်ရှိကြောင်း သတင်းများက မိမိတို့အနေဖြင့်လည်း သတိပြုဖွယ်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကယ်ဆယ်ရေးလေယာဉ် များဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ အချို့တွင် အိုမီခရွန်ကူးစက်ခံရသူအချို့ ပါရှိနေသည်ကို စစ်ဆေးတွေ့ရှိရပြီး သီးသန့်ခွဲခြားစောင့်ကြည့်မှုများ ပြုလုပ်ထားသည်ဟု သိရသည်။
Jan 02, 2022
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည်မှာ နှစ်ပေါင်း ၇၄ နှစ်ပြည့်တော့မည် ဖြစ်သည်။ ယခုနှစ်သည် မြန်မာ့သမိုင်းတွင် ထူးခြားလေးနက်သည့်နှစ်တစ်နှစ် ဖြစ်လာတော့မည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေခံအုတ်မြစ်ကို စိုက်ထူခဲ့သည့် စိန်ရတု ပြည်ထောင်စုနေ့နှင့် လာမည့်နှစ် ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုကာလဖြစ်သောကြောင့်တည်း။ မြန်မာနိုင်ငံ၏ ထူးခြားသော ဝိသေသလက္ခဏာ များကို ဆောင်ကြဉ်းသည့် နေ့ကြီးရက်ကြီးများသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအဖို့ သတိမူဆင်ခြင် ကြိုးပမ်းအားထုတ်ရမည့် အချိန်ကာလဖြစ်သည်။
Jan 02, 2022
“အဲဒီတော့ လွတ်လပ်ရေး ရပင်ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေး ဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြား လက်ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့ သိစေချင်တယ်” ဟူသော စကားစုကို မြန်မာ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည့် နောက်ဆုံးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်း ပြောကြားချက်များ အရ လွတ်လပ်ရေး၏ တာဝန်များသည် တိုင်းပြည်ကို ကာကွယ်ရန်နှင့် အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းထမ်းရွက်ရန်ဖြစ်သည်။
Dec 28, 2021
မြန်မာနိုင်ငံသည် တစ်ချိန်သောကာလက အားကစားဖြင့် မြန်မာ့ဂုဏ်ရောင်မြင့်မားခဲ့သည်။ မြန်မာတစ်မျိုးသားလုံးသည် မြန်မာ့ရိုးရာအားကစားကို တန်ဖိုးထားပြီး အားကစားဖြင့် ရွှေရောင်လွှမ်းသောခေတ်ကာလများကို ဖြတ်သန်းခဲ့ရဖူးသည်။ သို့သော် ခေတ်ကာလ ပြောင်းလဲလာသည့်အလျောက် မြန်မာ နိုင်ငံ၏ အားကစားကဏ္ဍအမျိုးမျိုး ဖွံ့ဖြိုးတိုးတက်မှု အားနည်းလာသည်ကိုတွေ့ရသည်။ ထို့ကြောင့် မြန်မာ့အားကစားကဏ္ဍအသီးသီး ပြန်လည် ဦးမော့လာရေး အတွက် နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ပေးသည်။
Dec 28, 2021
၂၀ရာစု ကမ္ဘာ့သမိုင်းကိုကြည့်လျှင် ကမ္ဘာနှင့်ချီသည့် စစ်ကြီးနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူသား သန်းပေါင်းများစွာ စစ်ပွဲများအတွင်း သေကျေပျက်စီးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွား သည့်အခါ ဝါဒချင်းမတူ ဆန့်ကျင်သည့် မဟာအင်အားကြီးနိုင်ငံနှစ်ခုက ဦးဆောင်သည့် အရှေ့နှင့်အနောက် နိုင်ငံအုပ်စုနှစ်စု တို့အကြား စစ်အေးတိုက်ပွဲဟုခေါ်သည့် အားပြိုင်မှု ဆယ်စုနှစ်များနှင့်ချီ၍ ဖြစ်ပွားခဲ့သည်။ ၂၀ရာစု၏ နောက်ဆုံး ဆယ်စုနှစ်အတွင်း အရှေ့အုပ်စု နိုင်ငံများမှာ စီးပွားရေးအရရော၊ ဝါဒရေးရာအရပါ ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေများနှင့် လိုက်လျောညီထွေ လိုက်ပါပြောင်းလဲနိုင်စွမ်း ကင်းမဲ့မှုကြောင့် ရှုံးနိမ့်ခဲ့ရပြီးတရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှခြင်းတို့ကို အခြေခံသည့် ဒီမိုကရေစီသို့ ဘက်ပြောင်းခဲ့ကြသည်။
Dec 25, 2021
မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် လွတ်လပ်ရေးနှင့်အတူ မြန်မာ့တပ်မတော် ပေါ်ပေါက်လာပြီးနောက် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပြီး ကျူးကျော်သူနယ်ချဲ့ နှင့်ဖက်ဆစ်တို့ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အမျိုးသားခေါင်းဆောင်များ ဦးဆောင်ပြီး တစ်တိုင်းပြည်လုံး စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းဆောင်ရွက်မှုကြောင့် လုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာခဲ့သည်။ ။
