Skip to main content
Oct 22, 2020
ဒီမိုကရေစီစနစ်တွင် မိမိတို့ကို အုပ်ချုပ်မည့်အစိုးရကို မိမိတို့ ကိုယ်တိုင် ရွေးချယ်ခန့်အပ်ခွင့်သည် အလွန်မြင့်မားခံ့ညားသော အခွင့်အရေးဖြစ်ပါသည်။ ယင်းသို့ ခန့်အပ်နိုင်ဖို့အတွက် လွတ်လပ် သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရ၏။ ထိုရွေးကောက်ပွဲများကတစ်ဆင့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခန့်အပ်ရ၏။ တိုင်းပြည်နှင့် နိုင်ငံသားတို့၏ အကျိုးကို တာဝန်ယူဆောင်ရွက်လိုသော နိုင်ငံရေး သမားတို့က ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးချယ်ခံရင်း ပြည်သူလူထု၏အဆုံးအဖြတ်ကို ခံယူ၏။
Oct 19, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် ယခုရက်သတ္တ ပတ်အတွင်း ဖြစ်ပွားနှုန်းကျဆင်းမှု မရှိသေးသော်လည်း ရောဂါအတက်၊ အကျနှုန်း တန်းနေသည့်သဘောကို တွေ့ရသည်။ ဆေးပညာရှင်များ၏ အဆိုအရ ရောဂါဖြစ်ပွားနှုန်းဂရပ်မျဉ်းသည် အကျဘက်သို့ ဆင်းလျှင်သော်လည်းကောင်း၊ တန်း၍နေလျှင်သော်လည်းကောင်း အခြေအနေကောင်း ဖြစ်သည်ဟု ခန့်မှန်းကြသည်။ ။
Oct 19, 2020
မြန်မာနိုင်ငံ၏ နှစ်တစ်ရာ အမှတ်တရများတွင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်သည် ပဓာန ကျသော အထိမ်းအမှတ်တစ်ခုဖြစ်ပါ သည်။ ထိုအထိမ်းအမှတ်သည် မြန်မာနိုင်ငံသားတို့အတွက် တန်ဖိုး ထား ထိန်းသိမ်းရမည့် အမွေအနှစ်တစ်ခုအဖြစ် ရှိနေပေသည်။ ။
Oct 17, 2020
ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ဘ၀ရှင်သန်ရေးကို ရုန်းကန်နေရသူဖြစ်စေ၊ သက်သောင့်သက်သာ ဖြတ်သန်းနေရသူ ဖြစ်စေ စစ်မှန်သော သာယာအေးမြမှုထက် ပိုပြီး ဘာကိုမှ ပိုလိုချင် စရာမရှိ။ ရင်တွင်းက နှလုံးသား၏စကားသံကို ခဏတာ အချိန်ပေး နားထောင်ကြည့်လျှင် လူတိုင်းသည် ငြိမ်းချမ်းမှုကို မည်မျှမြတ်နိုး သည် ဆိုခြင်းကို ပိုမိုသတိပြုမိပါလိမ့်မည်။ ။
Oct 17, 2020
ယခု ၂၀၂၀ ပြည့်နှစ်သည် ရန်ကုန်တက္ကသိုလ်ကြီးအတွက် လေးစားဂုဏ်ယူ မြတ်နိုးဖွယ်ရာ ရာပြည့်ကာလဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် ရန်ကုန်တက္ကသိုလ်ကြီး နှစ် ၁၀၀ သက်တမ်းပြည့်တော့မည် ဖြစ် သည်။ ယခုအခါ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ကာလ နီးကပ်လာပြီ ဖြစ်၍ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာတက္ကသိုလ်ကြီးနှင့် ဆက်နွှယ် ပတ်သက်ခဲ့ကြသူများ၊ ပညာသင်ကြား ပေးခဲ့ကြသည့်ဆရာ ဆရာမကြီးများ၊ ပညာရည်နို့သောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူဟောင်းများက လက်လှမ်းမီသရွေ့၊ တတ်နိုင်သရွေ့ ဝိုင်းဝန်းဂုဏ်ပြုချီးမြှင့်ပေးကြရမည် ဖြစ်သည်။
Oct 14, 2020
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သည့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) သည် ကယားပြည်နယ်မှလွဲ၍ နိုင်ငံအနှံ့တွင် ဖြစ်ပွားနေသည်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အချို့တွင် ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ )
Oct 14, 2020
ယခုနှစ် ၂၀၂၀ ပြည့်နှစ်သည် လွန်ခဲ့သောနှစ်တစ်ရာသမိုင်းကို အကြောင်း ပြု၍ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသော နှစ်ဖြစ်၏။
Oct 11, 2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ အောက်တိုဘာလ ၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းပြောကြားရာ၌ “ကျွန်မတို့ နေ့တိုင်း၊ နေ့တိုင်း အဆက်မပြတ်တစ်ချိန်လုံး ဒီရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အမြဲတမ်း စဉ်းစားနေပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ရွေးကောက်ပွဲက နိုင်ငံရေးနဲ့ ဆိုင်ပါတယ်။ လိုအပ်ချက်အသီးသီး အားလုံးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မတို့ ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။
Oct 11, 2020
ဒီမိုကရေစီစနစ်ကို တည်ထောင်မည်ဆိုသည့် မျှော်မှန်းချက်ဖြင့် ပြည်သူလူထုအများစုက ရုန်းကန်ခဲ့ကြသည်။ ယခုအခါတွင် ဒီမိုကရေစီ အခွင့်အရေးများကိုလည်း ရာခိုင်နှုန်းအပြည့် မဟုတ်သော်လည်း အတော်အသင့် ရပြီဟုဆိုနိုင်ပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေ ပြုပြင်ရေး၊ တရားစီရင်ရေးတို့တွင် ဒီမိုကရေစီအပြည့်အဝရရှိမှု နှင့် ပတ်သက်၍ အားထုတ်ကြိုးပမ်းစရာတို့ များစွာရှိသေးသည်ဆိုသော်လည်း လူတစ်ဦးချင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၌ ယခင်ကာလများနှင့် နှိုင်းယှဉ်လျှင် များစွာတိုးမြင့်လာနေသည် ဆိုခြင်းကို အငြင်းပွားစရာမရှိဟု မြင်ပါသည်။
Oct 08, 2020
၂၀၂၀ ပြည့်နှစ်သည် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အခါသမယဖြစ်သည်။ မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ်ကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ စည်စည် ကားကား ကျင်းပလိုသော်လည်း လက်ရှိကာလ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ဖြစ်နေ၍ မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနား ကို ခမ်းခမ်းနားနား ကျင်းပမည် မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ လတ်တလောတွင် မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြားမှ အပတ်စဉ် ထုတ်လွှင့်ပြသ နေသဖြင့် ရုပ်ရှင်ချစ်ပရိသတ်များ ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါသည်။