ယနေ့သည် ၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဖြစ်သည်။ တပ်မတော်နေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ ၂၇ ရက်နေ့တွင် အစဉ်အလာမပျက် ခမ်းခမ်းနားနား ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော coVID-19 ရောဂါကြောင့် အများပြည်သူ ကျန်းမာရေးကို ရှေးရှု၍ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထားခဲ့သည်။
လူ့အသက်ကိုသေစေနိုင်သော COVID-19ရောဂါသည် တစ်ကမ္ဘာလုံးကူးစက် ပျံ့နှံ့၍နေချေပြီ။ မြန်မာနိုင်ငံသည်လည်း နောက်ဆုံးမှ ကူးစက်ခံရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏တရားဝင်သတင်း ထုတ်ပြန်ချက် ၌ မတ်လ ၂၄ ရက်နေ့တွင် ကူးစက် ခံရသူ နှစ်ဦး၊ ၂၅ ရက်တွင် ကူးစက် ခံရသူ တစ်ဦး စုစုပေါင်းသုံးဦးရှိပြီဖြစ်ကြောင်း သိရသည်။
စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်။ မကောင်းသည့် နယ်ပယ် ၌ ကျက်စားတတ်သည်။ ဤသည်မှာ ပုထုဇဉ်တို့၏ သဘောပင်ဖြစ်သည်။ မကောင်းသည့် အတွေးအကြံ ၊ မကောင်းသည့် အပြောအဆို၊ မကောင်း သည့် အပြုအမူတို့ကို စိတ်က ဦးဆောင်သည်။ စိတ်က ကြီးမှူးသည်။ စိတ်က ဖန်တီးသည်။ မကောင်းသော စိတ်ရှိသူ၏ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တို့၏ နောက်သို့ မကောင်းကျိုးက နွားခြေရာ နောက်တွင် နွားလှည်းဘီးက လိုက်သကဲ့သို့ တစ်ထပ်တည်း လိုက်သည်။ ကောင်းသည့် အတွေးအကြံ၊ ကောင်းသည့် အပြောအဆို၊ ကောင်းသည့် အပြုအမူတို့ကို ဦးဆောင်သည်မှာလည်း စိတ်ပင် ဖြစ်သည်။ ကောင်းမှု တို့ကို ကြီးမှူးသည်မှာလည်း စိတ်၊ ကောင်းမှုတို့ကို ဖန်တီးသည်မှာ လည်း စိတ်ပင်ဖြစ်သည်။ ကောင်းသ
ကမ္ဘာနှင့်အဝန်း နိုင်ငံအများစု ရောဂါဖြစ်ပွားနေချိန်၊ ဗိုင်းရပ်စ်ပိုး လုံးဝမတွေ့ရှိသေးသည့် အနည်းစုမျှသောနိုင်ငံထဲတွင် ပါဝင်နေသည့် မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၁၅ မိနစ် က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နှစ်ဦး စတင်တွေ့ရှိနေသည် ဆိုသည့်အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာသွားပါသည်။
တစ်ဦးက ချင်းပြည်နယ်သို့ ရောက်လာသည့် အမေရိကန် ပြည်ထောင်စုမှ ပြန်လာသူဖြစ်ပြီး၊ အခြားတစ်ဦးက ယူကေမှ ပြန်လာသည့် ရန်ကုန်ရောက်နေသူ ဖြစ်ပါသည်။ နှစ်ဦးစလုံး စိတ်ချလုံခြုံသည့် ဆေးရုံများမှာရှိနေကာ စနစ်တကျ ဆေးကုသမှု ခံယူနေပြီး ယခုအချိန်ထိ စိုးရိမ်ဖွယ်မရှိဟု သိရပါသည်။
တစ်ကမ္ဘာလုံးဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် ကမ္ဘာ့ပြည်သူ အားလုံး ထိတ်လန့်တုန်လှုပ် ဖြစ်ကြမည်မှာ အမှန်ဖြစ်သည်။ အထူးသဖြင့် ရောဂါပြင်းထန်စွာ ကူးစက်ခံရသော၊ အများဆုံး ဖြစ်ပွားသေဆုံးကြသော နိုင်ငံ ၁၀ နိုင်ငံမှ ပြည်သူများဖြစ်သည်။ နေ့စဉ်နေ့တိုင်း နိုင်ငံအများကူးစက် ပြန့်ပွားခဲ့ရာ ယခုအခါတွင် ကမ္ဘာ့နိုင်ငံများ အားလုံးနီးပါး ကူးစက်ခံနေရပြီး မြန်မာနိုင်ငံသည် နိုင်ငံလက်ကျန်နောက်ဆုံးတွင်မှ ကူးစက်ခံရသူနှစ်ဦး ပေါ်ပေါက်ကြောင်း သိရှိလိုက်ရသည်။
ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော COVID-19 ကို ကမ္ဘာ့ပြည်သူများ ရင်ဆိုင်နေရသည်။ ထိုရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်း မရှိသေးဘဲ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက် နေကြသည်။ COVID-19 ရောဂါသည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပြီး ထိတွေ့မှုများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အသက်ရှူမှုနှင့်ပတ်သက်၍ လေထုသန့်ရှင်းရေးတို့ကို သတိထား ရမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် COVID-19 ရောဂါအတည်ပြုလူနာ မတွေ့ရသေးသော နိုင်ငံဟူ၍ လက်ချိုးရေတွက်၍ ရနိုင်သည့် အခြေအနေသို့ ရောက်သွားပြီ ဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း COVID-19 ရောဂါ အတည်ပြုလူနာများ စတင်တွေ့ရှိ လာရပြီဖြစ်သည်။ ရောဂါကူးစက် ပြန့်ပွားနေသည့် နိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများစွာတို့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာခြင်းနှင့်အတူ နိုင်ငံတွင်းရောဂါ ဝင်ရောက်ဖြစ်ပွားနိုင်ခြေ လွန်စွာမြင့်မားမှုအပေါ် ပြည်သူလူထုအတွင်း၌လည်း စိုးရိမ်စိတ်တို့ကြီးထွားလာလျက် ရှိနေသည်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID-19 ရောဂါကြောင့် တစ်ကမ္ဘာလုံးတွင် စီးပွားရေး နှောင့်နှေးမှုများနှင့် ကြုံတွေ့နေရသည်။ ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်နှင့် စီးပွားရေးဂယက်ရိုက်ခတ်မှုသည် ကြီးမားပြင်းထန်လှသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် အလုပ်အကိုင်များရပ်ဆိုင်းပြီး စီးပွားရေးတုံ့ဆိုင်းမှုများဖြစ်ပေါ်လာရာ အစိုးရက ပြည်သူများအား ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးနေသည်။
တရုတ်နိုင်ငံ ဂူဟန်ဒေသမှ စတင်ဖြစ်ပွားလိုက်သည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် လပိုင်းအတွင်းမှာပင် နိုင်ငံတကာအနှံ့ ပျံ့နှံ့ကူးစက်သွားခဲ့သည်။ ၂-၃ -၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံ အနက် အနှီရောဂါ ကူးစက်ပြန့်ပွားကာ ဖြစ်ပွားနေသည့် နိုင်ငံပေါင်း ၁၈၄ နိုင်ငံ ရှိနေပြီဖြစ်သည်။
