Jan 25, 2022
ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး ဆောင်ရွက်လျက်ရှိရာ လာမည့် ၂၀၂၃ ခုနှစ် ဇွန်လ သို့မဟုတ် ဇူလိုင်လတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပမည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းအဝေးတွင်မြောက်ဦးဒေသကမ္ဘာ့ အမွေအနှစ်စာရင်းဝင်သည့် ကိစ္စမှာ အဆုံးအဖြတ် ဖြစ်လာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ရှေးပျူ မြို့ဟောင်းများသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂ ရက်တွင်လည်းကောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်တွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး ဖြစ်သည့်အတွက် မြောက်ဦးသည် မြန်မာနိုင်ငံ၏ တတိယ မြောက်ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာမည် ဖြစ်သည်။
Jan 23, 2022
လွန်ခဲ့သောနှစ်ပေါင်း ၇၅ နှစ်က မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် မြန်မာတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသခဲ့ကြရသည်။ လွတ်လပ်ရေးအတွက် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြသည့် ကာလတစ်လျှောက်လုံးတွင် ပြည်သူလူထု စည်းလုံးညီညွတ်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတို့ကို ကျစ်လျစ်သိပ်သည်းစွာ တည်ဆောက်၍ ညီညွတ်မှုအင်အားဖြင့် လွတ်လပ်ရေးအောင်ပန်းကို ရယူခဲ့ကြရခြင်းဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတစ်ခုတွင် လွတ်လပ်ရေးသည် လမ်းဆုံးမဟုတ်ဘဲ လမ်းကြောင်းသာဖြစ်သည်ဟု ဆိုခဲ့ပြီး လွတ်လပ်ရေးသည် လက်ထဲသို့ရောက်ရုံဖြင့် မပြီးသေးဘဲ ရပြီးသည့်လွတ်လပ်ရေးကို တည်တံ့အောင်၊ တည်တံ့သည့် လွတ်လပ်ရေး၏ အရသာကို ခံစားရအောင် ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းစဉ် ခြောက်ရပ်ကိုလည်း ချပြခဲ့သည်။
Jan 22, 2022
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှာ ၇၅ နှစ်ကာလသို့ ဝင်ရောက်လာပြီ လူတိုင်းလူတိုင်းသိကြမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံစာရင်းတွင်ရှိနေသည်။ ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်ပင် လိုအပ်ချက်များ ရှိနေသေးသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုပ်လုပ်ကြရမည် ဖြစ်သည်။ အလုပ်လုပ်နိုင်ရန်အတွက် လုပ်ချင်ကိုင်ချင်စိတ်နှင့် အလုပ်လုပ်နိုင်သော အခြေအနေ၊ အခွင့်အလမ်းများ ရှိရမည်ဖြစ်သည်။
Jan 22, 2022
ကယားပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုနိုင်မှု မရှိသည့် သတင်းအရင်းအမြစ်များ၊ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့အစည်းများထံမှ ရရှိသည့် အချက်အလက်များကို အခြေခံကာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် စိုးရိမ်ပူပန်ကြောင်း သတင်းထုတ်ပြန်ခဲ့ သည့် နိုင်ငံအချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ လုပ်ရပ်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကြေညာ၍ တုံ့ပြန်လိုက်သည်။ ။
Jan 20, 2022
ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့သည့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ ပြည်ပကုန်သွယ် စီးပွားလုပ်ငန်းများကို ပြုလုပ်ရာတွင် အများအားဖြင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို အဓိကအားပြုလျက် ရှိပြီး လွန်ခဲ့သောကာလများက တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးကို ခေတ္တပိတ်ထား လိုက်သဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သူနှင့်ကုန်သည်များ ထိခိုက်နစ်နာမှုများစွာ ဖြစ်ခဲ့ရသည်။
Jan 20, 2022
ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်အဟုန် ပြန်လည်မြင့်တက်လာခဲ့ရာ နိုင်ငံအချို့၌ နေ့စဉ်ကူးစက်မှုများ စံချိန်တင်လျက်ရှိကြောင်း နိုင်ငံတကာသတင်းများ၌ တွေ့ရှိနေရသည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခုဖြစ်သည့် အမေရိကန် နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်သန်းခွဲအထိ ပင်ရှိခဲ့ကြောင်း သိရပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင် ကမ္ဘာ့ ဒုတိယအများဆုံး ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် နေ့စဉ် ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော် ရှိနေသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ကပ်ရောဂါကူးစက်မှု အရှိန်မပြေသေးသည်မှာလည်း ဂရုပြုဖွယ်ဖြစ်သည်။
Jan 16, 2022
“နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံသည့် ပညာတတ်လူသား အရင်းအမြစ်များစွာ မွေးထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အခြေခံပညာ သင်ကြားသည့် အသက်အရွယ်မှစ၍ နှစ်စဉ်တန်းစဉ် ကူးပြောင်းမှုရာခိုင်နှုန်းကို မြင့်မားလာအောင် လုပ်ဆောင်ပြီး အမှန်တကယ် ပညာတတ်မြောက်မှုရှိအောင် သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၄ ရက်တွင် ထားဝယ်တက္ကသိုလ်သို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားခဲ့သည်။
Jan 16, 2022
၂၁ ရာစု ကမ္ဘာကြီး၏ အခင်းအကျင်းတွင် အင်ဒို-ပစိဖိတ်ရပ်ဝန်း က အင်အားကြီးတို့၏ အာရုံကျက်စားရာ ဖြစ်လာသည်။ မြန်မာနိုင်ငံအဖို့မူ အာရှနိုင်ငံကြီး နှစ်နိုင်ငံအကြားတွင် ပေါင်းကူးသဖွယ် ဆက်စပ်နေခြင်း၊ ကမ္ဘာ့စီးပွားရေးတွင် ထိပ်တန်းသို့ တက်လှမ်းလာသည့် နိုင်ငံ၊ ကမ္ဘာ့လူဦးရေထူထပ်သိပ်သည်းမှု အများဆုံး နိုင်ငံတို့နှင့် နယ်နိမိတ်များ ထိစပ်နေခြင်း၊ အိန္ဒိယ သမုဒ္ဒရာနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သော ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူလျက် ပင်လယ်ကမ်းရိုးတန်းများ ပိုင်ဆိုင်ထားခြင်း ဆိုသည့် ပထဝီနိုင်ငံရေးဆိုင်ရာ အချက်အလက်များက မိမိတို့နိုင်ငံ အတွက် အဓိကလိုအပ်ချက်တစ်ရပ်ကို ပြဋ္ဌာန်းထားသည်။ ယင်းအချက်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားလူမျိုးများ အားလုံး တစ်ခဲနက်စည်းလုံးညီညွတ်ကြရန် လိုအပ်ချက်ပင် ဖြစ်သည်။ ။
Jan 14, 2022
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသောပြည်သူများ လျှပ်စစ်မီးအသုံးပြုရန် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းရှိ အိမ်ထောင်စုဦးရေ စုစုပေါင်း ၁၀ ဒသမ ၉ သန်းရှိသည့်အနက် လက်ရှိတွင် အိမ်ထောင်စု ၆ ဒသမ ၆ သန်းခန့်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများ ရယူသုံးစွဲလျက်ရှိသည်။ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရန် အဓိကအားဖြင့် ရေအားလျှပ်စစ်မှထုတ်လုပ်ပြီး ထပ်မံလိုအပ်သည် များကို သဘာဝဓာတ်ငွေ့သုံးနှင့် အခြားဓာတ်အားပေးစနစ်များဖြင့် ထုတ်လုပ်ပေးလျက်ရှိသည်။
Jan 14, 2022
လူတိုင်းစာဖတ်ကြဖို့လိုသည်။ စာဖတ်သူက စာမဖတ်သူထက် ပို၍အသိပညာဗဟုသုတ နယ်ပယ် ကျယ်ပြန့်သည်။ ခေါင်းတစ်လုံးပို၍ မြင့်သည်။ စဉ်းစားဉာဏ် နှင့် ဆင်ခြင်တုံတရားတို့ ပိုသည်။ စာဖတ်သည့် အလေ့အကျင့်ကို ငယ်စဉ်ကပင် ပျိုးထောင်ပေးခြင်းဖြင့် ကလေးဘဝ၊ လူငယ်ဘဝ ကတည်းက စာဖတ်သည့် အကျင့် စွဲလာသည်။ စာပေမှရရှိသည့် အသိသုတတို့က ဘဝ လမ်းကြောင်းကို မတိမ်းမစောင်းအောင်၊ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်အောင် ထိန်းကျောင်းပေးနိုင်သည်။
