Dec 08, 2021
မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အနောက်နိုင်ငံများမှ မီဒီယာများက မမျှမတ၊ တစ်ဖက်စောင်းနင်း ဖော်ပြကြသည်မှာ အစဉ်အလာတစ်ရပ် ဖြစ်နေပြီဖြစ်သည်။ အကယ်၍ မှားယွင်းသွားကြောင်း သိရှိသည့်အခါမျိုးတွင်ပင် မီဒီယာ၏ကျင့်ဝတ်နှင့်အညီ ပြင်ဆင်မှုမပြုလုပ်ဘဲ မသိမသာ ထိမ်ချန်ထားကာ ပြီးပြီးပျောက်ပျောက် အမေ့ခံထားလိုက်ကြသည်။ မြန်မာနိုင်ငံတွင် မည်သို့သော အစိုးရကတာဝန်ယူနေသည်ဖြစ်စေ အနောက်မီဒီယာများ၏ သတင်းခန်းများမှ ပုံဖော်မှုများမှာ အစဉ်သဖြင့် မကောင်းသတင်းများသာဖြစ်ပြီး ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်များမှာ မကောင်းသည့် ပုံရိပ်များသာဖြစ်သည်။ ၎င်းတို့၏ သတင်းရင်းမြစ်များမှာ အစိုးရကို ဆန့်ကျင် နေသည့် အုပ်စုများ၊ ပြည်ပြေးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အနောက်အုပ်စု ပါလီမန်များကို ချဉ်းကပ်ကာ မြန်မာ့မြေကိုဖဲ့ယူရန် ကြံစည်နေသူများမှသည် လတ်တလော ဖြစ်ရပ်များတွင် ပြည်တွင်း အကြမ်းဖက်သမားများနှင့် ကျင့်ဝတ်မဲ့မီဒီယာအချို့တို့အထိ ပါဝင်ရာ မှန်ကန်သော သတင်းအချက်အလက်များ မဟုတ်ဘဲ ပုံပျက်ပန်းပျက် သတင်းများသာ ဖြစ်နေသည်မှာ အဆန်းမဟုတ်ဟု ဆိုရမည်ဖြစ်သည်။
Dec 05, 2021
အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးနီးပါး ဖွင့်လှစ်လျက်ရှိရာ လာမည့်လတွင် ပထမအစမ်းစာမေးပွဲ ပြုလုပ်ပြီး ၂၀၂၂ခုနှစ် မတ်လကုန်တွင် အတန်းတင်စာမေးပွဲများ ကျင်းပမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းကျဆင်းလာသဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ၏ ပညာရေး အတော်အတန် ခရီးရောက်လာပြီဖြစ်သည်။ စာသင်နှစ်အောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် စိန်ခေါ်မှုများကို အထူးသတိထားပြီး ကျော်လွှားကြရမည်ဖြစ်သည်။
Dec 05, 2021
နိုင်ငံတစ်နိုင်ငံ ကောင်းရန်အတွက် နိုင်ငံသားကောင်းများ လိုအပ်သည်။ နိုင်ငံသားတို့ စိတ်ဓာတ်မြင့်မား၊ အရည်အချင်းမြင့်မားမှသာ နိုင်ငံကိုလည်း မြင့်မြင့်မားမား တည်ဆောက်နိုင်မည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံတွင် နိုင်ငံသားပြည်သူများ၏ ကဏ္ဍမှာ ပိုမို ကြီးမားကျယ်ပြန့်သည့်အလျောက် နိုင်ငံသားတစ်ဦးချင်းစီတွင် အရည်အသွေး ပြည့်ဝနေကြရမည်ဖြစ်သည်။ နိုင်ငံသားကောင်း၏ အရည်အသွေးများကို ဉာဏ်အမြော်အမြင် (Intelligence)၊ မိမိ ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း (Self-Control)၊ အကောင်းအဆိုး ခွဲခြားနိုင်သည့် အသိတရား (Conscience) ဟူ၍ အရည်အသွေး သုံးရပ် သတ်မှတ်ထားရာအားလုံးသည် ပညာအပေါ်မှာသာ အခြေခံထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
Dec 03, 2021
မိုးသက်မုန်တိုင်းများစဲသောအခါ လေပြည်လေညင်းလေးများကို ထိတွေ့ ခံစားရသလို တိမ်သလ္လာဖုံးအုပ်နေသည့် မှောင်မိုက်သော အမှောင်ထုအောက်မှ တိမ်သလ္လာကင်းစင်သည့် လမင်းကြီး၏ အေးမြသည့်အာဝါသကို ခံစားရသလို နိုင်ငံတော်အတွင်း၌ ခက်ခဲကြမ်းတမ်းသော ခရီးလမ်းများကို ဖြတ်သန်းကျော်ဖြတ်ခဲ့ပြီးနောက် ဖြောင့်ဖြူးသာယာသောလမ်းပေါ်တွင် လျှောက်လှမ်း နေကြပြီဖြစ်သည်။
Dec 03, 2021
အဂတိလိုက်စားမှုသည် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် ပြဿနာဖြစ်သည်။ အဂတိလိုက်စားမှု မှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီးတို့ကိုပါ ပျက်စီးယိုယွင်း စေသည်။ အဂတိလိုက်စားခြင်း၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ကွဲလွဲမှုများရှိသော်လည်း အဓိကအားဖြင့် ပုဂ္ဂလိက အကျိုးစီးပွားရယူရန်အတွက် လုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ အများ ပြည်သူဆိုင်ရာ ပစ္စည်းများကိုလည်းကောင်း အလွဲသုံးစားပြုလုပ်ခြင်းဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက်က အရေးပါသည်။
Nov 30, 2021
“စာအုပ်စာပေလူ့မိတ်ဆွေ” ဟူ၍ အဆိုရှိသည်။ သို့ရာတွင် လူတိုင်းနှင့် မိတ်ဆွေဖြစ်နိုင်သည်မဟုတ်။ စာအုပ်သည်လည်း လူတို့နှယ်ပင် ကိုယ်ခင်မှ သူခင်သည့်သဘောရှိသည်။ သူ့ကို မိတ်ဆွေဖွဲ့မှသာ ကိုယ်၏ မိတ်ဆွေဖြစ်လာသည်။ ရှေးကရဟန်းပညာရှိ အကျော်အမော် ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာထဲကကဲ့သို့ "မှတ်ဖွယ်မှတ်ရာ၊ ထိုထို စာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်” ကြရန်လိုသည်။ စာကောင်းပေမွန် တို့ကို ရှာဖွေ၍ စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာခြင်းအားဖြင့် “သား မယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်” ဟု ဆိုသည့်အတိုင်း မိမိ ကိုယ်တိုင်သာမက ဇနီးသားသမီးတို့ပင် စာပေကြောင့် ထူးခြား လိမ္မာလာရသည်။ စာအုပ်စာပေမှ ရရှိသည့် အသိအမြင် အလိမ္မာတို့က စာဖတ်သူတို့သာလျှင် ရရှိနိုင်သည့် အကျိုးရလဒ်ကောင်းများ ဖြစ် သည်။
Nov 29, 2021
အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအချို့က နိုဝင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံနှင့် ပက်သက်သည့် ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည့်အပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ ပူးတွဲကြေညာချက်တွင် အစိုးရ ဆန့်ကျင်သူများကို တပ်မတော်က အင်အားအလွန်အကျွံ သုံးစွဲချေမှုန်းနေကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း စသည့်အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် အစိုးရဆန့်ကျင်နေသူများ၊ အကြမ်းဖက်အဖွဲ့များထံမှ ရရှိသည့်အချက်များကို အခြေခံထားခြင်းဖြစ်ရာ မှန်ကန်မှု မရှိသော အချက်များပင်ဖြစ်သည်။
Nov 26, 2021
“သတင်းမီဒီယာကောင်စီဖွဲ့စည်းရသည့် ရည်ရွယ်ချက်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားများ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကိုပါ အကာအကွယ်ပေးရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာ သမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့် ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်းအချက် အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
Nov 26, 2021
တိုင်းရင်းသားလူမျိုးပေါင်းစုံ လူမျိုးစုပေါင်း ၁၀၀ ကျော်တို့ အတူတကွ နေထိုင်ကြသည့် မြန်မာနိုင်ငံတွင် အမျိုးသားရေးအယူဝါဒနှင့် အမျိုးသားရေးစိတ်ဓာတ်မှာ လွန်စွာအရေးကြီးသည်။ မိမိတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင်လည်း ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများ ရှိနေကြပြီး တစ်ခုတည်းသော အမျိုးသားရေးစိတ်ဓာတ်များ ထားရှိကာ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့ကို ချစ်မြတ်နိုးစွာဖြင့် ပေါင်းစည်းနေထိုင်လျက်ရှိကြသည်။
Nov 24, 2021
ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ဘဝရှင်သန်ရပ်တည်နေထိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို မိမိတို့ အစိုးရနှင့်အတူ မိမိတို့ ကိုယ်တိုင် ကြိုးပမ်းအားထုတ်နေကြသည်။ နိုင်ငံတော်နှင့် လူမှု အသိုက်အဝန်းများ တိုးတက် ဖွံ့ဖြိုးကောင်းမွန်လာရေးတွင် ပြင်ပမှ အကူအညီ အထောက်အပံ့များရှိခဲ့သော်လည်း နိုင်ငံ တိုးတက်ရေးကို မိမိတို့ကိုယ်တိုင် ဥစ္စာရင်လို ဥစ္စာရင်ခဲ ကြိုးစားအားထုတ်ခဲ့ရသည်။
