Skip to main content
Dec 27, 2023
သတင်းဟုဆိုသည်နှင့် မှန်ကန်တိကျရမည်၊ ဘက်မလိုက်ဘဲ မျှတရမည်ဟူသည့် အခြေခံကျင့်ဝတ်တို့ကို မီဒီယာအဖွဲ့အစည်းတိုင်းက အနိမ့်ဆုံးအားဖြင့် စောင့်ထိန်းကြရသည်။ အကယ်၍ မှန်ကန်မှုမရှိ၊ လွဲမှားနေသောအချက်အလက်များကို ဖော်ပြ၊ ထုတ်လွှင့်မိပါကလည်း အနီးဆုံးအချိန်တွင် ပြန်လည်ပြင်ဆင်ထုတ်ပြန်ပေးကြရသည်။ သတင်းဆိုသည်မှာ မီဒီယာတို့က ထုတ်ပြန်လိုက်ပြီးသည်နှင့် လူထုအတွင်းပျံ့နှံ့ရိုက်ခတ်မှုတို့ ဖြစ်ပေါ်စမြဲဖြစ်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော မီဒီယာတိုင်းက မိမိတို့သတင်းကြောင့် လူ့အဖွဲ့အစည်း၏ကောင်းကျိုးကို မဆောင်ကြဉ်းနိုင်သည့်တိုင် လူ့အဖွဲ့အစည်းထိခိုက်မှုမရှိစေရန်၊ ပျက်စီးရာ ပျက်စီးကြောင်းမဖြစ်စေရန် သတိကြီးစွာဖြင့် ဆောင်ရွက်ကြရမြဲဖြစ်သည်။
Dec 26, 2023
ယနေ့အခါသမယသည် ခရစ်ယာန်ဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအရ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသောခရစ္စမတ်ကာလဖြစ်သည်။ ကမ္ဘာတစ်ဝန်း ပြည်သူပြည်သားအပေါင်းတို့အနေဖြင့် နှစ်သစ်ကူးပြောင်းတော့မည့် မင်္ဂလာရှိသော အချိန်အခါသမယဖြစ်သည်။ ထိုသို့ပျော်ရွှင်ချမ်းမြေ့ပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်ကာလတွင် နိုင်ငံသူနိုင်ငံသားအပေါင်း ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ ငြိမ်းချမ်းသာယာဝပြောကြစေကြောင်း မေတ္တာပို့သကောင်းကျိုးဆောင်ကြရမည် ဖြစ်သည်။
Dec 26, 2023
ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသော နိုင်ငံတိုင်းသည် ကိုလိုနီဘဝသို့ ကျရောက်ခဲ့ဖူးကြသည်။ သို့သော် ကိုလိုနီဘဝကျရောက်ခဲ့သည့် နိုင်ငံတိုင်းဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည်မဟုတ်ဟုဆိုသည်။ ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီအင်ပါယာများ တစ်ခုပြီးတစ်ခု ပြိုလဲရာမှ မြန်မာအပါအဝင် နိုင်ငံအမြောက်အမြား လွတ်မြောက်ခဲ့ကြပြီး နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်ကြိုးပမ်းခဲ့ကြရာတွင် အောင်မြင်သည်လည်းရှိ၊ မအောင်မြင်သည်လည်းရှိခဲ့ကြသည်။ အောင်မြင်ရခြင်း၊ မအောင်မြင်ရခြင်းတို့တွင် အကြောင်းအကျိုး ဆက်စပ်မှုများလည်း ရှိနေသည်။
Dec 25, 2023
ယနေ့သည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းသာယာဝပြောစေကြောင်းနှင့် ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းပြည့်စုံသည့် မေတ္တာဓာတ်များလွှမ်းခြုံနေကြောင်း တောင်းဆုခြွေကြသည့် ခရစ္စမတ်ပွဲတော်အခါသမယဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ယေရှုခရစ်တော် ဖွားမြင်သည့်နေ့ကို အထိမ်းအမှတ်ပြု၍ နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ ခရစ္စမတ်ပွဲတော်များကို ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပကြသည်။
Dec 25, 2023
နိုင်ငံတစ်နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာသည့် အညွှန်းကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်းကို အကျိုးကျေးဇူးဖြစ်ထွန်းစေသကဲ့သို့ ရပ်ရွာဒေသတွင်းနှင့် နိုင်ငံအတွင်း လူ့အဖွဲ့အစည်းတစ်ခုလုံး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကိုပါ အကျိုးကျေးဇူး ဖြစ်ထွန်းစေသည်။
Dec 24, 2023
​​​​​​​မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီရှည်လျားသည့် မြန်မာ့အမွေအနှစ်ဖြစ်သည်။ သမိုင်းစဉ်တစ်လျှောက် ဖြစ်ထွန်းတည်တံ့ခဲ့သည့် အမျိုးသားဆေးပညာဖြစ်သည်။ မြန်မာလူမျိုးတို့အား ခေတ်အဆက်ဆက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် တိုင်းရင်းဆေးပညာဖြစ်သည်။ မြန်မာတို့သည် မြန်မာတိုင်းရင်းဆေးများကို အားကိုးအားထားပြုပြီး ကျန်းမာစွာရှင်သန်နေထိုင်ခဲ့သည်။
Dec 24, 2023
​​​​​​​ယခုကဲ့သို့သော ခရစ္စမတ်အခါသမယသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် အေးချမ်းသာယာမှုနှင့်အတူ ပျော်ရွှင်မှုများ၊ လူသားအချင်းချင်း အပြန်အလှန်မေတ္တာတရားပြသမှုများဖြင့် မကြာမီကျရောက် လာမည့် နှစ်သစ်ကူးကာလအထိ စိတ်နှလုံးချမ်းမြေ့ကြည်နူးဖွယ်တို့ကို ဖြတ်သန်းကြချိန်ဖြစ်သည်။ စစ်ပူနေသည့်နိုင်ငံများ၊ မငြိမ်းချမ်းသည့် အရပ်ဒေသများတွင်မူ ယင်းသို့သော ချမ်းမြေ့ကြည်နူး ဖွယ်ရာများနှင့် ဆန့်ကျင်စွာတုန်လှုပ်ချောက်ချားမှု၊ စိုးရိမ်ထိတ်လန့်မှုနှင့် အကြောက်တရားတို့ကသာ လွှမ်းမိုးနေမည် ဖြစ်သည်။
Dec 22, 2023
ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် တိုင်းရင်းသားလူမျိုးအားလုံးတို့သည် နှစ်ပရိစ္ဆေဒကြာမြင့်စွာ မရှိအတူရှိအတူ၊ အေးအတူပူအမျှ စည်းလုံးညီညွတ်စွာဖြင့် အတူတကွနေထိုင်လာခဲ့ကြသည်။ ၁၉ ရာစုအတွင်း၌ ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများ၏ အပြိုင်အဆိုင်ကျူးကျော်လာမှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များသည် နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ခဲ့ကြသည်။
Dec 22, 2023
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင်စာတတ်မြောက်မှု ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စာတတ်မြောက်မှု ၈၉ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ စာမတတ်သူအရေအတွက်အားဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူ ၃ ဒသမ ၅၅ သန်းခန့် ရှိနေပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းခန့်ရှိနေသည်ဟု သိရသည်။
Dec 21, 2023
မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်နှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာသောနိုင်ငံဖြစ်သည်။ အထူးသဖြင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ တပ်မတော်တွင် စည်းကမ်းဥပဒေများကို တိကျစွာ ပြဋ္ဌာန်းထားသည့်အတိုင်း လိုက်နာပြီး ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။