Skip to main content
Jan 01, 2024
ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေဟူသော ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်သံများနှင့်အတူ ၂၀၂၄ ခုနှစ်သည် နေ့သစ်နှင့်အတူ အစပြုပြီဖြစ်သည်။ မိမိတို့တစ်ဦးချင်းအတွက်ဖြစ်စေ၊ မိမိမိသားစု၊ မိမိလူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ဖြစ်စေ အစရှိသည်ဖြင့် ပျော်ရွှင်မှုရရှိစေရန်မှာ လူတိုင်းကိုယ်စီက ဝိုင်းဝန်းတည်ဆောက်ကြရန်လိုသည်။ မိမိတို့၏ လူ့အဖွဲ့အစည်းသည် ကောင်းသောလူ့အဖွဲ့အစည်းဖြစ်မှသာလျှင် လူတိုင်းပျော်ရွှင်မှုကို ရရှိနိုင်မည်ဖြစ်သည်။
Jan 01, 2024
ယနေ့သည် ၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဟောင်း ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံးတွင် မိမိတို့ဆောင်ရွက်ခဲ့သမျှကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး နှစ်သစ် ၂၀၂၄ ခုနှစ်တွင် ကောင်းသောကိစ္စအဝဝတို့ကို ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မင်္ဂလာရှိသောနှစ်သစ်တွင် မကောင်းမှုများကို ရှောင်ရှားပြီး ကောင်းကျိုးများကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။ အားနည်းချက်များကိုပြုပြင်၍ အားသာချက်များဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
Dec 31, 2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးရက်သတ္တပတ် ပဉ္စမအကြိမ်မြောက် လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်း အမြို့မြို့အနယ်နယ်တို့တွင် ကျင်းပပြုလုပ်ကြပါသည်။ ပြည်သူများ ကျန်းမာစွာနေနိုင်ရေးအတွက် ကျန်းမာရေးကို အထောက်အကူပြုသည့် အားကစားတစ်မျိုးဖြစ်သော လမ်းလျှောက်ခြင်း၊ စုပေါင်းလမ်းလျှောက်ခြင်းကို ဒီဇင်ဘာလ၏ အပတ်စဉ်ရုံးပိတ်ရက်တိုင်းပြုလုပ်ခဲ့ရာ ယခုအပတ်တွင် ပဉ္စမအကြိမ်မြောက်ပြီးဆုံး ခဲ့ပြီဖြစ်သည်။
Dec 31, 2023
နှစ်ဟောင်းတစ်ခုကုန်ဆုံး၍ နှစ်သစ်ကိုကြိုဆိုကြရမည့်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤကာလသို့ရောက်တိုင်း နှစ်သစ်ကို မျှော်လင့်ချက်များစွာဖြင့် ကြိုဆိုခဲ့ကြသည့်တိုင် ခက်ခဲကြမ်းတမ်းမှုများနှင့် ရုန်းကန်ရင်ဆိုင်ရမှုများကိုသာ အများအားဖြင့် ကြုံတွေ့ခဲ့ကြရသည်ကို ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း တွေ့ရှိနိုင်သည်။ ပြည်ပနိုင်ငံအချို့၏ ပြည်တွင်းရေးစွက်ဖက်မှုများနှင့် ဖိအားပေးမှုများ၊ ပိတ်ဆို့ဟန့်တားမှုအနှောင့်အယှက်များ၊ ပြည်တွင်းစည်းလုံး ညီညွတ်မှုအားနည်းကျဆင်းနေမှုများ၊ အတွင်းအပြင်ပူးပေါင်း လုပ်ဆောင်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဝင်ရောက်ကူးစက်မှုများ၊ ဆန့်ကျင်အုံကြွမှုများနှင့် အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ စသည့်ပုံရိပ်အများစုကသာ အတိတ်နှစ်များကို လွှမ်းမိုးထား ခဲ့သည်။
Dec 30, 2023
​​​​​​​ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့သည် ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်အချိန်မှစတင်၍ ရှေ့ဆင့်နောက်ဆင့်ဆိုသလို လွတ်လပ်ရေးရရှိလာကြသည်။ အချို့နိုင်ငံများဆိုလျှင် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့သော်လည်း နိုင်ငံ၏ပြည်တွင်းရေးအခြေအနေ အမျိုးမျိုးတို့ကြောင့် စစ်ပြီးကာလ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုကျော်မှ လွတ်လပ်ရေးရရှိလာကြသည်။ လွတ်လပ်ရေးရရှိပြီးသည်နှင့် နိုင်ငံများသည် နိုင်ငံပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးကို အလျင်အမြန်လုပ်ဆောင်ကြသည်။
Dec 30, 2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်သည့် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် နံနက်စောစော စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပခြင်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ကြခြင်း အစီအစဉ်များမှာ ယခုရက်သတ္တပတ်တွင် နောက်ဆုံးအဖြစ် ကျင်းပကြမည်ဖြစ်သည်။ မိုးလေကင်းစင်၍ ရာသီဥတုအေးမြသည့် ဒီဇင်ဘာလကို လူထုအားကစားလှုပ်ရှားမှုလအဖြစ် သတ်မှတ်ပြီး တစ်နှစ်လုံးတွင် တစ်လ၊ တစ်လထဲတွင် တစ်ပတ်မှတစ်ကြိမ်မျှသာ လမ်းလျှောက်ကြခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်းက ပြည်သူလူထုကို နှိုးဆော်တိုက်တွန်းခြင်းမျှသာဖြစ်သည်။
Dec 29, 2023
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအားကောင်းလာအောင် ဆောင်ရွက်ရာတွင် အထူးစီးပွားရေးဇုန်စီမံကိန်းများသည် အရေးပါသည့် စီမံကိန်းလုပ်ငန်းများဖြစ်သည်။ အထူးစီးပွားရေးဇုန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင်ရှိသည့် သမားရိုးကျစီးပွားရေးဥပဒေများထက် ပို၍လွတ်လပ်သော စီးပွားရေးဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားသောနေရာဒေသဖြစ်သည်။ များပြားသောဇုန်များစုပေါင်းထားပြီး လွတ်လပ်သော ကုန်သွယ်ရေးဇုန်၊ ပို့ကုန်လုပ်ငန်းဇုန်၊ စက်မှုဇုန်၊ ဆိပ်ကမ်းနယ်မြေ၊ မြို့ပြဇုန်များပါဝင်ဖွဲ့စည်းထားသည်။
Dec 29, 2023
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်မားဆုံးဒေသဖြစ်သည့် အရှေ့တောင်အာရှတွင် တည်ရှိနေလင့်ကစား မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခများနှင့် ကာလရှည်ကြာလုံးထွေးရစ်ပတ်ရင်း ဖွံ့ဖြိုးမှုနောက်အကျဆုံးစာရင်းဝင်ဘဝမှပင် ရုန်းမထွက်နိုင်ဖြစ်နေရသည်။ လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်းများစွာအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုအမှားအယွင်းများ၊ နိုင်ငံတကာပိတ်ဆို့မှုများနည်းတူ ပြည်တွင်းစည်းလုံးညီညွတ်မှုဆိုင်ရာပြဿနာများနှင့် လက်နက်ကိုင်ပဋိပက္ခများကလည်း ကြီးစွာသော အနှောင့်အယှက်၊ အဟန့်အတားများဖြစ်သည်။
Dec 28, 2023
စစ်အေးခေတ်လွန်ကာလတွင် အင်အားကြီးနိုင်ငံများသည် ဝါဒမတူသည့် နိုင်ငံများအား ဝင်ရောက်စွက်ဖက် ထိန်းချုပ်ခြယ်လှယ်နိုင်ရန် သို့မဟုတ် ဩဇာလွှမ်းမိုးနိုင်ရန် သို့မဟုတ် ၎င်းတို့အလိုကျ အစိုးရတစ်ရပ်ဖြစ်ရန် သို့မဟုတ် နိုင်ငံမတည်မငြိမ်ဖြစ်ပြီး ပြိုကွဲပျက်စီးစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သံတမန်ရေး နယ်ပယ်တို့တွင်သာမက ပြည်သူများအပေါ် လွှမ်းမိုးနိုင်သည့် မီဒီယာများကိုပါ အသုံးချလာကြသည်ကို တွေ့ရမည်ဖြစ်သည်။
Dec 28, 2023
မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ စက်မှုဇုန်စီမံကိန်းနှင့် လူနေအိမ်ရာစီမံကိန်းဟူ၍ စီမံကိန်းသုံးရပ် ပေါင်းစပ်ပါဝင်လျက်ရှိရာ ရေနက်စီမံကိန်းကို ဦးစွာအကောင်အထည်ဖော်ခြင်းဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အစိတ်အပိုင်းတစ်ရပ် စတင်ပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။