Skip to main content
Dec 21, 2023
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။ သူတစ်ပါးကျွန်ဘဝမှ ပြန်လည်လွတ်မြောက်လာခဲ့ရသည့်အတွေ့အကြုံကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ထိုခေတ်မြန်မာပြည်သူလူထုတစ်ရပ်လုံးက လွတ်လပ်သောနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းရပ်တည်ကာ ဖွံ့ဖြိုးတိုးတက်လာမည့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်ကို စိတ်အားထက်သန်စွာ မျှော်လင့်ခဲ့ကြကြောင်း ထိုခေတ်ကို သိမီခဲ့သူတို့ ရေးသားခဲ့ကြသည့် စာပေမှတ်တမ်းများတွင် တွေ့ရသည်။
Dec 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် လူမှုရေးဦးတည်ချက်ဒုတိယအချက်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ကို ချမှတ်ထားသည်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာမျှဝေပေးမှု၊ ဆေးကုသမှုလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသည်။
Dec 20, 2023
“အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသော မြန်မာတို့၏ဆိုရိုးစကားအရ အစာအာဟာရကို ညီညွတ်မျှတစွာစားသုံးပါက ကျန်းမာရေးနှင့်ပြည့်စုံသည့်ချမ်းသာသုခကိုရရှိစေနိုင်ကြောင်းကို မြန်မာတို့ရှေးကပင်သိနားလည်ခဲ့ကြပုံပေါ်သည်။ သို့ရာတွင် စားရေရိက္ခာပြည့်စုံဖူလုံသည့် ရေခံ၊ မြေခံကောင်းတွင် နေထိုင်ကြရသော်ငြားလည်း မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတို့မှာ အစာအာဟာရတို့ကို ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် စားသောက်တတ်မှုအရာတွင် အားနည်းလှသည်။
Dec 18, 2023
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးအင်အား တောင့်တင်းခိုင်မာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုင်းပြည်ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်းသည် မိမိတိုင်းပြည်တွင် အခက်အခဲများ၊ စိန်ခေါ်မှုများမည်သို့ပင်ရှိနေသော်လည်း စီးပွားရေးတိုးတက်ကောင်းမွန်လာအောင် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရသည်။
Dec 18, 2023
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် ကျင်းပသွားမည်ဖြစ်ရာ ပြခန်းများခင်းကျင်းပြင်ဆင်မှု၊ ဖွင့်ပွဲအခမ်းအနားအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြီးပြည့်စုံခဲ့ပြီဖြစ်သည်။ ပွဲတော်တွင် ဝန်ကြီးဌာန ၁၅ ခုမှ ပြခန်းပေါင်း ၆၂ ခန်း ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊ တိုင်းရင်းသားရိုးရာ အစားအစာဆိုင်များ၊ စာအုပ်အရောင်းဆိုင်များလည်း စီစဉ်ပါရှိကြောင်း သိရသည်။
Dec 18, 2023
​​​​​​​တရားမဝင်ကုန်သွယ်မှု သို့မဟုတ် မှောင်ခိုရောင်းဝယ်မှုသည် ခေတ်အဆက်ဆက်ကတည်းက ရှိလာခဲ့သောပြဿနာတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးစီးပွားထိခိုက်စေသော ရောင်းဝယ်ဖောက်ကားမှုဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုသည် ကျယ်ပြန့်နက်ရှိုင်းပြီး လူသုံးကုန်ပစ္စည်းအသေးအမွှားမှအစ မူးယစ်ဆေးဝါး၊ လက်နက်ပစ္စည်း စသည့်အကြီးစားများအထိပါဝင်သည်။ တရားမဝင်ကုန်သွယ်မှုကို အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်နေသော်လည်း ဆက်လက်ရှိနေသေးသည်မှာ ဝိသမလောဘသားများ အကျိုးအမြတ်များစွာဖြစ်ထွန်းမှု၊ ရှောင်ကွင်းလမ်းများရှိနေမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် မသမာမှုများရှိနေမှု၊ သတင်းအချက်အလက်ကြိုတင် မရရှိမှု၊ အရောင်းအဝယ် တွင်ကျယ်နေမှုစသည့် အကြောင်းများကြောင့် ဖြစ်နိုင်သည်။
Dec 18, 2023
(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို နေပြည်‌တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နိုင်ငံတော်အဆင့် ကျင်းပသွားမည် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ်မပျက်မကွက်ကျင်းပလာခဲ့သော အဆိုပါညီလာခံကို ၂၀၁၉ ခုနှစ်တွင် အကြိမ်(၂၀)မြောက် ကျင်းပခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ဆိုင်းငံ့ထားခဲ့ရာမှ ယမန်နှစ်က (၂၁) ကြိမ်မြောက် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
Dec 17, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ ယခင်က တပ်မတော်ပိုင်လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို (၁၃) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခု (၁၄) ကြိမ်မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစားဖြစ်သည့် Su-30 SME တိုက်လေယာဉ်နှစ်စင်းကို တပ်တော်ဝင်ပြီး တပ်မတော် (လေ) သို့ ဂုဏ်ယူဝင့်ကြွားဖွယ် လွှဲပြောင်းပေးအပ်ခဲ့သည်။
Dec 17, 2023
မြန်မာ - ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်ကာလအတွင်း ထိုင်းနိုင်ငံသို့  သွားရောက်ခဲ့စဉ် ထိုင်းရောက်မြန်မာအလုပ်သမားများနှင့် တွေ့ဆုံမှုများလည်း ပြုလုပ်ခဲ့သည်။ ထိုသို့တွေ့ဆုံမှုများတွင် အလုပ်သမားများ၏ဥပဒေပါ ရပိုင်ခွင့်များ ပြည့်ပြည့်ဝဝရရှိရေး၊ လုပ်ငန်းခွင်အခက်အခဲပြဿနာ များဖြစ်ပေါ်ပါက အကူအညီရရှိရေး၊ မြန်မာအလုပ်သမားများရရှိသည့်လစာ၏ ၂၅ ရာခိုင်နှုန်းကို ၎င်းတို့၏မိသားစုထံ တရားဝင်လမ်းကြောင်းမှ အလွယ်တကူစနစ်ဖြင့် လွှဲပို့နိုင်ရေးတို့အပြင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပေးဆောင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
Dec 16, 2023
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားလူမျိုးများအားလုံး မရှိအတူရှိအတူ၊ အေးအတူပူအမျှအတူတကွ လက်တွဲနေထိုင်လျက်ရှိသည်။ ပြည်ထောင်စုတစ်ဝန်းလုံး တန်းတူညီမျှဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးလျက်ရှိရာတွင် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် လမ်းပန်းဆက်သွယ်ရေး၊ ပထဝီအနေအထားနှင့်အကြောင်း အမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက်ရှိသည်။