Skip to main content
Dec 11, 2023
စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာများ ပိုမိုသုံးစွဲလာစေရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးသီးနှံများ အာဟာရဓာတ်ရရှိစေရန် ဓာတ်မြေဩဇာများ သုံးစွဲကြရာတွင် လိုသည်ထက်ပို၍သုံးစွဲခြင်း၊ သုံးစွဲမှုအချိုးအစား ညီမျှမှုမရှိခြင်းတို့ကြောင့် စိုက်ပျိုးမြေများတွင် ဓာတုညစ်ညမ်းမှု၊ မြေဆီလွှာပျက်စီးမှုစသော ဆိုးကျိုးများဖြစ်ပေါ် လာနိုင်သည်။ သဘာဝမြေဩဇာများသုံးစွဲရာတွင်မူ အဆိုပါဆိုးကျိုးများကို ရှောင်ရှားနိုင်သည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ဘေးထွက်ပစ္စည်းများကို အသုံးပြု၍ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ခြင်းကြောင့် စရိတ်ကုန်ကျမှုကိုလည်း သက်သာနိုင်စေသည်။
Dec 10, 2023
ကမ္ဘာပေါ်ရှိနိုင်ငံများသည် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ လွတ်လပ်စွာရှင်သန်နေထိုင်ကြသည်။ လူသားများ လွတ်လပ်စွာရှင်သန်နေထိုင်နိုင်ရန်အတွက် ခံစားပိုင်ခွင့်ရှိသည့် လူ့အခွင့်အရေးများရှိကြသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ၊ လူမျိုး၏ ပင်ကိုစရိုက်လက္ခဏာများအရ လူအချင်းချင်းလေးစားမှုနှင့် လူ့အခွင့်အရေးတို့ကို တန်ဖိုးထားလေးစားသည့်နိုင်ငံဖြစ်သည်။
Dec 10, 2023
စားအုန်းဆီနှင့် စက်သုံးဆီဟူသော ဆီနှစ်ဆီက မိမိတို့နိုင်ငံတွင် အများပြည်သူနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသော အရေးပါသည့် ကုန်စည်နှစ်မျိုးဖြစ်သည်။ ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်နိုင်ခြင်းမရှိသေးသည့်အလျောက် နိုင်ငံခြားငွေအမြောက်အမြားသုံးစွဲ၍ ပြည်ပမှဝယ်ယူတင်သွင်းနေရခြင်းဖြစ်ရာ ဆီနှစ်ဆီကို ချွေတာသုံးစွဲကြပါရန် စည်းရုံးလှုံ့ဆော်မှုများစွာ ပြုလုပ်နေသော်လည်း အသုံးအစွဲတို့လျော့ကျသွားခြင်းမရှိ။ ဈေးကွက်စီးပွားရေးခေတ်ဖြစ်သည့်အားလျော်စွာ ပုဂ္ဂလိကကဏ္ဍမှ ပြည်တွင်းဆီတင်သွင်းမှုများအပေါ် နိုင်ငံတော်အစိုးရက ပုံမှန်အတိုင်း ဆက်လက်ခွင့်ပြုပေးနေခြင်းကို တွေ့ရှိရသည်။
Dec 09, 2023
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် နှစ်စဉ်ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။ ဤနေ့ ဤရက်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာသူကမ္ဘာသားအားလုံး အဂတိကင်းဝေးပြီး အေးချမ်းသာယာဝပြောသည့် ကမ္ဘာလောက၊ လူ့ဘောင်လောက ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။
Dec 09, 2023
နိုင်ငံ့စီးပွားမြင့်မားစေရေးအတွက် အဓိကကျသည့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားမြှင့်တင်နိုင်ရန် အရေးကြီးသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး ယင်းအနက်မှ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် နှီးနွှယ်လျက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်မှာလည်း မြင့်မားလာမည်သာဖြစ်သည်။
Dec 08, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိရာတွင် “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူး”ဆိုသည့် မူနှင့်အညီ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် လူမှုရေးဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
Dec 08, 2023
အဂတိလိုက်စားမှုက ကမ္ဘာလုံးဆိုင်ရာပြဿာနာဖြစ်သည်။ အဂတိလိုက်စားမှုသည် ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်ခြင်းတို့ကိုအားပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေကာ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်နိုင်စေသည်ဟု ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံကဆိုသည်။ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့်အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုပြဿနာကို ကမ္ဘာသူကမ္ဘာသားတို့ အလေးအနက်ဂရုပြုလာကြစေရန်နှင့် တားဆီးနှိမ်နင်းနိုင်ကြစေရန်ရည်ရွယ်၍ ကုလသမဂ္ဂက နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။
Dec 07, 2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်၊ ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်။ ဤနေ့သည် မြန်မာတစ်မျိုးသားလုံးကို ဝံသာနုရက္ခိတစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်များ နိုးကြားထက်သန်လာအောင် တပ်လှန့်နှိုးဆော်လိုက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့မှ မွေးဖွားလာသည့် တစ်မျိုးသားလုံး အမျိုးသားအားမာန်များဖြင့် လွတ်လပ်သောနိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်နိုင်ခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော်လာပြီဖြစ်သည့် မျက်မှောက်ကာလတွင် ယင်းအမျိုးသားရေး အားမာန်များဖြင့်ပင် “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်သည်။
Dec 07, 2023
ယနေ့သည် (၁၀၃) နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၃ နှစ်က ဤနေ့ဤရက်တွင် အင်္ဂလိပ်နယ်ချဲ့လက်အောက်ခံ မြန်မာနိုင်ငံ၌ အမျိုးသားရေးစိတ်ဓာတ်ကို အရင်းခံကာ နယ်ချဲ့ကို ဆန့်ကျင်အုံကြွမှုဖြစ်ပေါ်ခဲ့သည်။ ယူနီဗာစီတီ အက်ဥပဒေကို ကန့်ကွက်သည့် အဆိုပါဆန့်ကျင်အုံကြွမှုသည် ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ဟု သမိုင်းမှတ်တမ်းတင် မော်ကွန်းတွင်ရစ်ခဲ့ပြီး အနှစ်သာရအားဖြင့် မြန်မာတစ်မျိုးသားလုံးကို အမျိုးသားရေးစိတ်ဓာတ် နိုးထရှင်သန်စေခဲ့ခြင်းဖြစ်သည်။
Dec 06, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်၌ ပြည်တွင်းထုတ်ကုန်များ တိုးတက်မြင့်မားရေးနှင့် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကို အလေးထားဆောင်ရွက်ခဲ့ရာ စီးပွားရေးဖွံ့ဖြိုးမှုတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့သည်။ သို့သော် ငွေကြေးဆိုင်ရာလည်ပတ်မှုနှင့် ပြည်ပသွင်းကုန်တင်သွင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အားနည်းချက်များကြောင့် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတွင် အဟန့်အတားဖြစ်စေခဲ့သည်။