Skip to main content
Jun 16, 2023
အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တစ်လပြည့်မြောက်သည့်အချိန်တွင် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်မှု အခြေအနေမှာ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိနေသည်ကို တွေ့မြင်နေကြရပြီဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာထားသည့် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်များ၊ ချင်းပြည်နယ်မှ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်များတွင် မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
Jun 15, 2023
မျက်မှောက်ကာလတွင် အများပြည်သူတို့အနေဖြင့် လူမှုကွန်ရက်ပေါ်မှ နည်းပညာများနှင့် ဆိုရှယ်မီဒီယာများကိုအသုံးပြုနေကြသည်။ လူမှုကွန်ရက်သည် အများပြည်သူတို့ ပြောဆိုဆက်နွှယ်မှု၊ လူမှုစီးပွားဘဝများချိတ်ဆက်ဆောင်ရွက်မှု၊ သတင်းအချက်အလက်နှင့်အသိပညာဗဟုသုတများ မျှဝေခံစားမှုတို့ကို ပြုလုပ်သည့်နေရာဖြစ်သည်။ လူမှုကွန်ရက်သည် လူသားကမ္ဘာတွင် ကောင်းကျိုးများကိုဆောင်ကြဉ်းနိုင်ရန် ဖန်တီးထားသည့် နည်းပညာကွန်ရက်တစ်ခုဖြစ်သည်။
Jun 15, 2023
မြန်မာနိုင်ငံသည် ဒီရေတောအများအပြားရှိသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောအများဆုံးပိုင်ဆိုင် ထားသည့်နိုင်ငံဖြစ်သည်။ ဒီရေတောများသည် ပင်လယ်ကမ်းရိုးတန်း ကမ်းဦးရေတိမ်ပိုင်းကမ်းတက်မြေများနှင့် ပင်လယ်ဒီရေဝင်ရောက်သော မြစ်ချောင်းကမ်းစပ်များတွင် သဘာဝအလျောက် ပေါက်ရောက်နေသောတောများဖြစ်ပြီး လူနှင့် အခြားသက်ရှိဇီဝမျိုးစုံတို့အတွက် လွန်စွာအရေးပါသည့်တိုင် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးဆုံးရှုံးနေရသည့် သယံဇာတများလည်းဖြစ်သည်။
Jun 13, 2023
က‌မ္ဘောဒီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဇွန်လ ၄ ရက်နေ့မှစ၍ အားကစားနည်း ၁၄ နည်းဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အားကစားနည်းရှစ်နည်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်ဆု ၁၅ ဆု၊ ငွေတံဆိပ်ဆု ၂၂ ဆု၊ ကြေးတံဆိပ်ဆု ၁၉ ဆု စုစုပေါင်း ဆုတံဆိပ် ၅၆ ဆုရရှိကာ နိုင်ငံအဆင့် ၆ ဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။
Jun 13, 2023
သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုများတိုးမြှင့်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေသည်။ စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါးတွင် မိမိတို့နေ့စဉ် မဖြစ်မနေဖြေရှင်းကြရသည်မှာ စားရေးဖြစ်ပြီး ဆန်၊ ဆီကဲ့သို့သော အခြေခံစားသုံး ကုန်များ၊ ငရုတ်၊ ကြက်သွန်ကဲ့သို့သော မီးဖိုချောင်သုံးကုန်များ နှင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက် စသည်တို့၏ ကုန်ဈေးနှုန်းများ က တရိပ်ရိပ်မြင့်တက်လျက်ရှိရာ ပြည်သူလူထုအများစုကြီး၏ နေ့စဉ်ဘဝများအပေါ်တွင် ဖိစီးလျက်ရှိနေခြင်းကြောင့် ဖြေရှင်းပေးနိုင်ရန် နိုင်ငံတော်က ကြိုးပမ်းနေခြင်းဖြစ်သည်။
Jun 12, 2023
စားရေရိက္ခာ ဖူလုံအဆင်ပြေခြင်းသည် ပြည်သူများရှင်သန်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသောကဏ္ဍဖြစ်သည်။ တစ်နေ့တခြား တိုးပွားလာသောလူဦးရေအတွက် စားရေရိက္ခာလောက်ငဖူလုံအောင် နိုင်ငံအများက အစဉ်ကြံဆကြိုးပမ်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ရေခံ၊ မြေခံ၊ သဘာဝအခြေခံကောင်းများစွာ ပိုင်ဆိုင်ထားသဖြင့် တိုးပွားလာသောလူဦးရေအတွက် လိုအပ်မည့်စားရေရိက္ခာနှင့်ပတ်သက်၍ ပူပန်စရာမရှိပေ။
Jun 12, 2023
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ဇွန် (၃) ရက်မှ (၉) ရက် နေ့အထိ ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများ ဇွန်လ ၁၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ လာရာ ရန်ကုန်လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည့်မြင်ကွင်းမှာ ဝမ်းမြောက်ကြည်နူးဖွယ်ပင်ဖြစ်သည်။ မသန်သော်လည်း စွမ်းဆောင်နိုင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများက အာဆီယံနိုင်ငံများမှ ပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ကာ မိမိတို့၏ စွမ်းဆောင်ရည်များဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။
Jun 11, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်တွင်ပါရှိသည့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဦးတည်ချက်ကို အကောင်အထည် ဖော်လျက်ရှိသည်။
Jun 11, 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်း၌ပင် စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ရှစ်သန်းကျော်ရှိနေသည်။ ရန်ကုန်သည် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံးတွင် အကျယ်အဝန်းပမာဏ အသေးငယ်ဆုံးဖြစ်သော်လည်း လူဦးရေအများပြားဆုံးနှင့် လူနေအထူထပ်ဆုံးဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးအချက်အချာဒေသဖြစ်သည်။
Jun 10, 2023
အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။