Sep 23, 2023

၂၀၂၃ ခုနှစ် နွေရာသီကို အပူဆုံးနှစ်အဖြစ် နာဆာမှ ရာသီဥတုဆိုင်ရာသိပ္ပံ ပညာရှင်များက မှတ်တမ်းတင်ထားကြောင်း သိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် အသိပေးချက်အရ လာမည့်နွေရာသီ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် နာဆာမှ မှတ်တမ်းတင်ထားသည့် အခြားသောနှစ်များထက် သုညဒသမ ၄၁ ဒီဂရီဖာရင်ဟိုက်ထက် ပိုပူမည်ဖြစ်ကြောင်း၊ ၁၉၅၁ ခုနှစ်၊ ၁၉၈၀ ပြည့်နှစ် နွေရာသီပျမ်းမျှအပူချိန်ထက် ၂ ဒသမ ၁ ဒီဂရီဖာရင်ဟိုက် ပိုပူမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
Sep 23, 2023

မူးယစ်ဆေးဝါးပြဿနာက မိမိတို့နိုင်ငံတွင်ရော တစ်ကမ္ဘာလုံးတွင်ပါ ရင်ဆိုင်နေကြရသည့် ပြဿနာဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တစ်ခုတွင် အမေရိကန်စစ်သားများ ခိုးသွင်းလာသည့် ဓာတုဆေးခြောက်များ သိမ်းဆည်းရမိမှုနှင့် ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုလိုက်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာသည့်သတင်းများကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာကို မြို့ပြများတွင်သာမက ကျေးလက်ဒေသများတွင်ပါ တွေ့ရှိနေရသည်ဟု ဆိုသည်။
Sep 22, 2023

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ မူလတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့် ကလေးငယ်ပေါင်း ၂ ဒသမ ၇ သန်းခန့် ရှိကြောင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံအတွင်း အသက် (၁၅) နှစ်နှင့်အထက် စာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းခန့်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။ အကြောင်းအမျိုးမျိုးဖြင့် ပညာမသင်ကြားနိုင်ခဲ့ခြင်းသည် နိုင်ငံဖွံ့ဖြိုးရေးနှင့်ဘဝတိုးတက်ရေးအတွက် နစ်နာမှုများစွာဖြစ်စေခဲ့သည်။
Sep 22, 2023

ယခုနှစ်ဒုတိယနှစ်ဝက်ကာလအတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။ အယ်နီညိုသည် အစွန်းရောက်ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရေပြင်တွင် ရေများပုံမှန်မဟုတ်ဘဲ ပူနွေးလာသည့်အခြေအနေတစ်ရပ်ဖြစ်သည်။ ပင်လယ်ရေပြင်ပူနွေးလာခြင်းကြောင့် ငါးများအုပ်စုလိုက် ပြောင်းရွှေ့သွားကြသည်ကို တွေ့ရှိကြရပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ ခန့်ကပင် ပီရူးမှ ငါးဖမ်းသမားတံငါသည်များက အယ်နီညိုဖြစ်စဉ်ကို သတိပြုမိခဲ့ကြသည်ဟုဆိုသည်။
Sep 21, 2023

မြန်မာစာသည် မြန်မာလူမျိုးတို့၏ အသက်ဝိညာဉ်ဖြစ်သည်။ စာပေယဉ်ကျေးမှု မရှိသောလူမျိုးသည် အသက်ဝိညာဉ်ကင်းမဲ့သော ခန္ဓာနှင့်တူသည်။ စာပေယဉ်ကျေးမှု ထွန်းကားသောလူမျိုးသည် ကမ္ဘာပေါ်တွင် တင့်တောင့်တင့်တယ်နေနိုင်သော လူမျိုးအဖြစ် ရပ်တည်နေနိုင်ကြောင်းတွေ့ရသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများသည် စာပေအသိပညာဗဟုသုတများ ထွန်းကားနေစေရန် အစဉ်ကြိုးပမ်းနေကြသည်။
Sep 21, 2023

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခေတ်မီစက်မှုနိုင်ငံအဖြစ် ထူထောင်ရန်ကြိုးပမ်းမှုများ အောင်မြင်မှုမရရှိစေရန် အဓိကအဟန့်အတားနှစ်ရပ်ရှိသည်။ ၎င်းအဟန့်အတားနှစ်ရပ်တို့ ထုထည်ပမာဏကြီးမားစွာ ရှိနေသရွေ့၊ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းမှု မပြုလုပ်နိုင်သရွေ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန်ဆိုသည်မှာ မဖြစ်နိုင်လောက်အောင်ပင် ခဲယဉ်းမည်ဖြစ်သည်။ အဂတိလိုက်စားမှုနှင့် တရားမဝင်ကုန်သွယ်မှု တို့သည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ပြင်းပြင်းထန်ထန်ပိတ်ဆို့ ဟန့်တားလျက်ရှိသည့် မြေပေါ်ရန်သူများဟုဆိုနိုင်ပြီး ထိထိရောက်ရောက်တိုက်ဖျက်သွားရန် လိုအပ်လျက်ရှိသည်။
Sep 20, 2023
(၇)ကြိမ်မြောက် အာဆီယံ-တရုတ်စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ်အခမ်းအနားနှင့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတို့ကို တရုတ်နိုင်ငံ နန်နင်းမြို့၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများနှင့်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်၊ စီးပွားရေးမြှင့်တင်နိုင်စေရန် အာဆီယံ-တရုတ်နိုင်ငံများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်မှုများသည် မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါသည်။
Sep 20, 2023

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် နိုင်ငံတော်က အလေးအနက်ပြင်ဆင်လျက်ရှိပြီဖြစ်သည်။ နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် ကျေးလက်ဒေသတွင်နေထိုင်ကြသော မိမိတို့နိုင်ငံတွင် စာမတတ်သူအများစုမှာလည်း ကျေးလက်ဒေသတွင်ရှိနေသည်။ ဆင်းရဲမွဲတေခြင်းနှင့် စာမတတ်ခြင်း၊ ပညာရေးနိမ့်ကျခြင်းတို့မှာ အပြန်အလှန် ဆက်စပ်လျက်ရှိရာ စာမတတ်သူများကို စာသင်ပေးခြင်း၊ ပညာတတ်မြောက်စေခြင်းဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်စေမည်ဖြစ်သည်။
Sep 19, 2023

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်ဆုတ်ခွာသွားပြီဖြစ်သည်။ ထို့အပြင် အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ စတင်ဆုတ်ခွာသွားနိုင်ပြီး စက်တင်ဘာလ ၂၆ ရက် နေ့မှ အောက်တိုဘာလ ၁ ရက်နေ့တွင် မြစ်ဝကျွန်းပေါ်ဒေသများမှဆုတ်ခွာသွားကာ ထိုအချိန်မှစ၍ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမှ ဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ အသိပေးထုတ်ပြန်ထားသည်။
Sep 19, 2023

“ယဉ်ကျေးမှု” ဟူသည့် ဝေါဟာရ၏အနက်အဓိပ္ပာယ်မှာ လွန်စွာကျယ်ဝန်းနက်ရှိုင်းသည်။ ယဉ်ကျေးမှုသည် လူတစ်ဦးချင်းနှင့်ရော လူမျိုးတစ်မျိုးနှင့်ပါ သက်ဆိုင်သောအရာများလည်းဖြစ်သည်။ မိမိတို့သည် မွေးသည်မှအစ သေသည်အဆုံး ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ယဉ်ကျေးမှုနှင့်အတူနေထိုင်နေကြခြင်းဖြစ်သည်။ ယဉ်ကျေးမှုသည် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး၏ ဝိသေသလက္ခဏာဖြစ်ပြီး မတူကွဲပြားခြားနားမှုများဖြင့် မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုးဟူ၍ သိသာထင်ရှားစေသည်။ သို့ဖြစ်ရာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများ အသီးသီးရှိနေကြပြီး ကောင်းမွန်သည့်ယဉ်ကျေးမှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းခြင်း၊ အဆင့်အတန်း မြင့်သည်ထက်မြင့်အောင် မြှင့်တင်ခြင်းအားဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကမ္ဘာတွင် ထင်ရှားပေါ်လွင်လာအောင် ဆောင်ရွက်ကြမြဲဖြစ်သည်။