Skip to main content
Jan 08, 2024
မျက်မှောက်ခေတ်သည် အင်တာနက်ဆက်သွယ်ရေး တိုးတက်သုံးစွဲလာကြသည့်အလျောက် အမျိုးမျိုးသောထုတ်ကုန်ပစ္စည်းများ အွန်လိုင်းများမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ကို သတိပြုမိပါသည်။ သို့သော်လည်း အချို့သော အွန်လိုင်းရောင်းချမှုများသည် အဆင်ပြေချောမွေ့မှုရှိသလို အချို့သော အွန်လိုင်းရောင်းချမှုများမှာ အဆင်ပြေချောမွေ့မှု မရှိသည်များလည်း ရှိနိုင်ပါသည်။ ထိုသို့ အဆင်မပြေချောမွေ့မှုများရှိနေခြင်းကပင် အီလက်ထရွန်နစ် စျေးကွက်စီးပွားရေး ပီပီပြင်ပြင်ဖြစ်ပေါ်လာရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်နေသည်ကို တွေ့ရပေသည်။
Jan 06, 2024
နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒနှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်စွမ်းအားမြင့်မားလာသည်နှင့်အမျှ ပြည်တွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပပို့ကုန် ပိုမိုတိုးမြှင့်ပြီး နိုင်ငံသားတစ်ဦးချင်း၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေတို့ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။
Jan 06, 2024
သူတစ်ပါးကို ချီးမြှင့်ခြင်းသည် “သင်္ဂဟ” ဟုခေါ်ပါသည်။ ဤသင်္ဂဟတရားထွန်းကားမှ လောကကြီးငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ အခြေအနေအားလျော်စွာ ချီးမြှင့်ထိုက်သူ၊ ချီးမြှောက်ထိုက်သူတို့ကို ချီးမြှင့်ခြင်းတို့အား ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် လောကကောင်းကျိုးဖြစ်ထွန်းရုံသာမက ကြီးပွားချမ်းသာကြသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာစေတနာထားဆက်ဆံကြရာတွင် သင်္ဂဟတရားများသည် အလွန်အရေးကြီးပြီး တရားနှင့်လျော်ညီသည့် ကောင်းခြင်းမင်္ဂလာဖြစ်သည်။
Jan 05, 2024
ကမ္ဘာပေါ်ရှိနိုင်ငံအများစုသည် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများစွာတို့နှင့် ကြုံတွေ့ခဲ့ရသည်။ အခက်အခဲပဋိပက္ခများကြောင့် နိုင်ငံယိုယွင်းပျက်စီးလုနီးနီး ဖြစ်ခဲ့သည့်နိုင်ငံများရှိသည်။ ခေတ်ဆိုးကာလကြီးတွင် ပြည်သူများ ထိခိုက်ပျက်စီးခဲ့ကြရပြီး နာလန်မထူနိုင်အောင် ဖြစ်ခဲ့ကြရသည်။ သို့သော်လူဟူသည် အသိဉာဏ်စွမ်းပကားမြင့်မားသူများဖြစ်ကြသဖြင့် သုညအခြေအနေမှ ပြန်လည်မြင့်တက်နိုင်အောင် ကြိုးစားနိုင်ကြသည်။ ထိုနိုင်ငံများကို ယနေ့မြင်တွေ့နိုင်သည်။
Jan 05, 2024
​​​​​​​သမိုင်းပေးတာဝန်ဟူသည် မိမိတို့ရှင်သန်ဖြတ်သန်းနေကြသည့် ခေတ်ကာလ နိုင်ငံနှင့်လူမျိုး အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက်ကြီးပွားရေးတို့အတွက် နိုင်ငံသားတစ်ဦးအနေဖြင့် ထမ်းရွက်အပ်သော ဝတ္တရားဟူ၍ ယေဘုယျအားဖြင့် ဖွင့်ဆိုနိုင်သည်။ သမိုင်းပေးတာဝန်၏ အနက်အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် ဖွင့်ဆိုနိုင်မှသာ နိုင်ငံနှင့်လူမျိုး အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး ဖွင့်ဆိုမှုမှားယွင်းမည်ဆိုပါက လုပ်ရပ်အမှားများ ကျူးလွန်မိကာ သမိုင်းတွင် တရားခံဘဝကျရောက်မည်ဖြစ်သည်။
Jan 04, 2024
မြန်မာတိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ရှေးပဝေသဏီ နှစ်ပေါင်းများစွာကာလကပင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်စောင့်ရှောက် ကာကွယ်ခဲ့ကြသည်။ ကုန်းဘောင်ခေတ်နှောင်းကာလတွင် စည်းလုံးညီညွတ်မှုနှင့် နိုင်ငံအင်အားတောင့်တင်းခိုင်မာမှု လျော့နည်းလာသောကြောင့် ကိုလိုနီနယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ပြီး တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။
Jan 04, 2024
မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝ ကျရောက်နေချိန်တွင် နိုင်ငံ့စီးပွားအရင်းအမြစ်များ အားလုံးမှာ နယ်ချဲ့တို့လက်ထဲမှာသာ ရှိခဲ့သည့်အလျောက် ရရှိသမျှ အကျိုးအမြတ်အားလုံးသည်လည်း နယ်ချဲ့နောက်တော်ပါ နိုင်ငံခြားသားအရင်းရှင်တို့အတွက်သာ ဖြစ်ခဲ့သည်။ သယံဇာတပေါများကြွယ်ဝသည့်မြေပေါ်တွင် ရှင်သန်နေထိုင်ရင်း ဆင်းရဲတွင်းနက်ခဲ့ကြသည့် မြန်မာတို့မှာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်ရေးရသည့်အခါတွင် မိမိတို့လည်း ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ကြမည်ဟု မျှော်လင့်ခဲ့ကြသည်။
Jan 03, 2024
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရာနှင့်ချီသည့် ဘင်္ဂါလီလှေစီးရွှေ့ပြောင်းသွားလာသူများ အင်ဒိုနီးရှားသို့ တစ်သုတ်ပြီးတစ်သုတ်ရောက်ရှိလာကြောင်း၊ အာချေးပြည်နယ်တွင် ကမ်းရိုးတန်းသို့ ဦးတည်လာသည့် ဒုက္ခသည်လှေတစ်စင်းကို နိုင်ငံတကာရေပိုင်နက်သို့ ပြန်မောင်းပို့လိုက်ကြောင်း စသည်တို့ကို အင်ဒိုနီးရှားဘက်မှ သတင်းများအရသိရှိရပြီး ဒုက္ခသည်များဟု ညွှန်းဆိုထားသည့် အဆိုပါရွှေ့ပြောင်းသွားလာသူများနှင့်ပတ်သက်၍ အင်ဒိုနီးရှားအောက်လွှတ်တော်၏ အေဂျင်စီတစ်ခုမှ လက်ထောက်ဥက္ကဋ္ဌဆိုသူက မြန်မာနိုင်ငံအပေါ် အခြေအမြစ်မဲ့စွပ်စွဲပြစ်တင် ပုတ်ခတ်မှုပြုလုပ်ခဲ့သည့်အပြင် အာဆီယံနိုင်ငံများအတွင်း မမှန်မကန်လှုံ့ဆော်ရန်အထိပါ ပြောကြားခဲ့သည်ဟု သိရသည်။
Jan 02, 2024
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း (၇၆)နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ လွတ်လပ်ရေးသက်တမ်း အနှစ် ၇၀ ကျော်ခဲ့ပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လွတ်လပ်ရေးနှင့်ထိုက်တန်သည့် အကျိုးခံစားခွင့်များနှင့်ထိုက်သင့်သည့် တိုးတက်ဖြစ်ထွန်းမှုများ အပြည့်အဝမရှိသေးပေ။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံနှင့်ထိုက်တန်သော အရည်အချင်း၊ ဂုဏ်ဒြပ်များ ပြည့်စုံစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
Jan 02, 2024
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာနှင့်ရင်ပေါင်တန်းရာတွင် တိုင်းပြည်ကို အန္တရာယ်ရန်စွယ်အပေါင်းမှ ကာကွယ်ရန်အပြင် အများနှင့်တန်းတူ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စဉ်ဆက်မပြတ် တည်ဆောက်နေရခြင်းဖြစ်သည်။ တိုင်းပြည်ကာကွယ်ရေးနှင့် တည်ဆောက်ရေးအတွက် အဓိကကျသော ပြည်တွင်းအင်အားသည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ၇၆ နှစ် ကြာလာပြီဖြစ်သည့်တိုင် အပြည့်အဝစုစည်းညီညွတ်မှုမရသေး။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့လှမ်းချီ ဖြတ်ကျော်သွားကြချိန်တွင် မိမိတို့နိုင်ငံမှာမူ ရှိသင့်ရှိထိုက်သည့်အနေအထားသို့ ရောက်မလာဘဲ နောက်တွင် ကျန်နေရစ်ခဲ့ရသည်။