Skip to main content

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်များလှူဒါန်း

ရန်ကုန် ဖေဖော်ဝါရီ ၁၈

ကျေးရွာနှင့် ရပ်ကွက်များရှိ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ အလှူရှင်များက သုတ ရသ စာအုပ် ၁၆၀ ကို ဖေဖော်ဝါရီ ၁၅ ရက်က လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။

ယနေ့လှူဒါန်းသော စာအုပ်များမှာ တောင်ကြီးကောလိပ် (၁၉၆၁-၁၉၇၅) ငွေရတုသဘင် အာစရိယပူဇော်ပွဲအထိမ်းအမှတ် မဂ္ဂဇင်းစာအုပ် ၆၀ တန်ဖိုး ငွေကျပ် ၁၂ သိန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ဇေယျာစာပေဘဏ်တိုက်မဂ္ဂဇင်းစာအုပ် ၁၀၀ တန်ဖိုးငွေကျပ် ၃၅၀၀၀၀ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသည် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စာပေဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန် သုတ ရသစာအုပ်များကို ဖောင်ဒေးရှင်း၏ ရန်ပုံငွေဖြင့် နှစ်စဉ်ဝယ်ယူ၍ ထောက်ပံ့ခြင်း၊ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ဆောက်လုပ်ရန် ထောက်ပံ့ခြင်း၊ အလှူရှင်များက လှူဒါန်းသောစာအုပ်များကို လက်ခံ၍ ပေးပို့ခြင်းများကိုဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်၍ အလှူငွေနှင့် စာအုပ်များ လှူဒါန်းလိုပါက အတွင်းရေးမှူးဖုန်း ၀၉၅၁၄၂၅၆၄၊ ရုံးအဖွဲ့မှူးဖုန်း ၀၉၄၂၀၇၀၀၃၂၆ တို့ကို ဆက်သွယ်၍ လှူဒါန်းနိုင်ပါကြောင်း သိရသည်။

သတင်းစဉ်