Skip to main content

Jan 23, 2024

၁။ ဗုဒ္ဓဘာသာဝင်များကိုးကွယ်သည့် ဘုရားစေတီများအား ဖြိုချဖျက်ဆီးခြင်း၊ ဌာပနာထည့်သွင်းပူဇော်ထားသည့် ရတနာများ ယူဆောင်ခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများအား ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ကြားသိနေရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၁။ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဗုဒ္ဓဘာသာဝင် တို့၏ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် ခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူအား ဖြိုချဖျက်ဆီးပြီး ဌာပနာများ ထည့်သွင်းပူဇော်ထားသည့် ရတနာများ ယူဆောင်သွားသည်ဟု စိတ်နှလုံး မချမ်းမြေ့ဖွယ် ကြားသိရပါကြောင်းနှင့် ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်များအား ပြောင်ပြောင်တင်းတင်း စော်ကားနေမှုများအပေါ် လွတ်မြောက်ခြင်း အသင်းတော် (ရန်ကုန်) က လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၁။ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်း ပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတစ်ဆူအား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးပြီး စေတီအတွင်း ဌာပနာထားသည့် ရတနာ ပစ္စည်းများကို TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ယူဆောင်သွားခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နေသည့် ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဖြိုချဖျက်ဆီးနေသည်ကို စိတ်မကောင်းစွာ မြင်တွေ့ကြားသိနေရပြီး ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင် တို့၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာ၊ သာသနာတို့အား ယုတ်မာရိုင်းစိုင်းစွာ စော်ကားနေသည့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များကို ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်) မှ လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ပစ်ခတ် ဖျက်ဆီးခြင်းများ ပြုလုပ်ခြင်းနှင့် ဘုရားစေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများ ပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ရာ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓ ဆင်းတုတော်များအား ရိုင်းစိုင်းစွာ ဖြိုချဖျက်ဆီးလျက်ရှိပြီး ယခု အခါ၌လည်း TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးကာ စေတီအတွင်း၌ ဌာပနာထားသည့် ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်သည့် ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများအား လူမဆန်စွာ ပြုလုပ် လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် TNLA အကြမ်းဖက် သောင်းကျန်းသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ ဗုဒ္ဓဘာသာဝင်များ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား ဇန်နဝါရီလ ၁၀ ရက်မှ ၂၀ ရက်အထိ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး ဌာပနာထားသည့် ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် ဘုရားကုန်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရန် 2D ဆိုက်စမစ် (Seismic) တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်မွေးမြူရေးဖွံ့ဖြိုးရေးဌာနစု (ပေါင်းငူ)၏ နွားမျိုးမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် မြန်မာတို့၏ လေးစားမြတ်နိုးဖွယ်ရာကောင်းသော အနုသုခုမပညာရပ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းမြှင့်တင်ခြင်း လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာ့ဆိုင်းဝိုင်းပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက် ပစ္စည်းအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် လုပ်ငန်းရှင်များ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ပိုက်ကျော်ခြင်း (အမျိုးသား) ပွဲစဉ်များကို Boxing Indoor Stadium လက်ဝှေ့အားကစားရုံနှင့် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံတို့၌ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူများသည် အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားအားကစား သမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားပေး စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

မန္တလေးတိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု ၂၁ ခုမှ ပြည်သူ ၅၀၈ ဦး၊ အမရပူရမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၂၇ ခုမှ ပြည်သူ ၄၂၀ စုစုပေါင်း ၉၂၈ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်၌ တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများဆောင်ရွက်စဉ် PNLO ယူနီဖောင်း ဝတ်ဆင်ထားသူများ လိုက်ပါလာသော မော်တော်ယာဉ်ငါးစီးကိုတွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦးက သေနတ် စတင်ပစ်ဖောက်မှုဆောင်ရွက် လာသည့်အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး PNLO အ ဖွဲ့က ၎င်းတို့ယာဉ်တန်းမှယာဉ်များကို မီးရှို့ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်များပေါ်ရှိ ခဲယမ်း ဟု ယူဆရသောပစ္စည်းများပေါက်ကွဲ၍ စံဖူးကျေးရွာ ရှိ ဒေသခံပြည်သူများ၏ နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့သည့်သတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါ မီးလောင်ပျက်စီးခဲ့သည့်နေရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဝင်းဇော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မီးဘေးသင့်ပြည်သူများအားဆန်၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) မှ နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီး လာရောက်ကြသည့် ဒုတိယနှစ် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံးအမှတ် (၁၆) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီး၊ကြီးကြပ်သူ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” သို့ တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း/ပြည်ပ သုတေသနပညာရှင်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် အခမ်းအနားကျင်းပမည့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-12 သို့ တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးသမိုင်း ပြခန်း၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန အမှတ် (၅) ဇီဝကလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်