Skip to main content

Jan 23, 2024

၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လန်ပူရီမြို့လေဆိပ်၌ ယနေ့နံနက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ကြံခင်းအတွင်း ကြံခုတ်နေသည့် ဒေသခံပြည်သူများအား ယနေ့နံနက် ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မှော်နီကုန်းကျေးရွာကို ယနေ့နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၁။ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်၍ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ ဦးခိုလမ်းရှိ ဆယ်ထပ်ကြီးဘုရားဝန်းအတွင်း၌ ဟောပြောပွဲ နှင့် မြို့တွင်းသို့ လှည့်လည်၍ ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား စိတ်ဝင်စားမှုများပြားသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကောင်းကင်ပေါ်မှလေ့လာနိုင်သည့် မီးပုံးပျံကို စီးနင်းသူများထဲတွင် ယခုနောက်ပိုင်းကာလ၌ ပြည်တွင်းခရီးသွားများ ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။ မီးပုံးပျံကုမ္ပဏီများအနေဖြင့် စီးနင်းခများကို ဈေးလျှော့ပေးလာသည့်အတွက် ပြည်တွင်းခရီးသွားများ စီးနင်းမှုပိုမိုများပြားလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

အကြမ်းဖက်သောင်းကျန်းသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများပစ်ချတိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများအား အကာအကွယ်ယူ၍ ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခြင်း စသည်တို့ကို ကျုးလွန်လျက်ရှိရာ ယခုအခါ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား ဖြိုချဖျက်ဆီးခဲ့ပြီး စေတီတော်အတွင်း ဌာပနာပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နေသည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဆင်းတုတော်များကို ဖျက်ဆီးစော်ကားနေကြခြင်းကို တစ်နိုင်ငံလုံးက ကန့်ကွက်ရှုတ်ချနေသည့်ကြားက အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတစ်ဆူအား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးကာ စေတီအတွင်းဌာပနာထားသည့်ပစ္စည်းများအား ယူဆောင်သွားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်သည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ယုတ်မာရိုင်းစိုင်းစွာ ဖြိုချဖျက်ဆီးသည့်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ ဗုဒ္ဓဘာသာဝင်များ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား TNLA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့က ယခုလအတွင်းတွင် ဘက်ဟိုးဖြင့် ဖြိုချ ဖျက်ဆီးခဲ့ပြီး ဌာပနာထားသည့်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၁။ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်သောင်းကျန်းသူ များက ပစ်ခတ်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများအပါအဝင် အခြားအကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖြိုချဖျက်ဆီးခြင်း အပါအဝင် အကြမ်းဖက်လုပ်ရပ်ပေါင်းစုံကိုပြုလုပ်လျက်ရှိကြောင်းနှင့် TNLA အကြမ်းဖက်သောင်းကျန်းသူများက ဇန်နဝါရီလ ၁၀ ရက်မှ ၂၀ရက် အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်း ပေါ်၌ ဗုဒ္ဓဘာသာဝင်များ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး ဌာပနာထားသည့် ပစ္စည်းများကို ယူဆောင်ခဲ့သည်ကို မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးက လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများသည် ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား ရိုင်းစိုင်းစွာ ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လျက်ရှိပြီး ယခု အခါတွင်လည်း TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင် တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် သက်တမ်းရှည်စေတီတော်တစ်ဆူအား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးကာ စေတီတော်အတွင်း ဌာပနာထားသည့်ပစ္စည်းများကို ယူဆောင်သွားကြကြောင်း ကြားသိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ စစ်ရေးနှင့် မသက်ဆိုင်သည့် ဘာသာရေးဆိုင်ရာ အထင်ကရနေရာများအား အကြမ်းဖက်သောင်းကျန်းသူအချို့က ဖြိုချဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းသည် ဘာသာတရားတစ်ခု၏ ကိုးကွယ်ယုံကြည်မှုကို ရိုင်းပြစော်ကားသည့် လုပ်ရပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၁။ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးပြီး ဌာပနာပစ္စည်းများ ယူဆောင်သွားသည်ဟု သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

ဗုဒ္ဓဘာသာဝင်များ ယုံကြည်သက်ဝင်ကိုးကွယ်ပူဇော်နေသည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖြိုချဖျက်ဆီးပြီး ဌာပနာတိုက်အတွင်း ထည့်သွင်းပူဇော်ထားသည့် ရတနာပစ္စည်းများအား ယူဆောင်သွားသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၁။ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်နေသည့် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ဆင်းတုတော်များကို အကြမ်းဖက်သောင်းကျန်းသူအချို့က ဖြိုချဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် သိရှိခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်သည့် ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ရိုင်းပြစော်ကားသည့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ယခုလအတွင်းတွင် ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး ဌာပနာထားသည့်ပစ္စည်းများကိုယူဆောင်သွားခဲ့ကြောင်း တွေ့မြင်ကြားသိနေရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

မြန်မာနိုင်ငံအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်သောင်းကျန်းသူများက ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖြိုချဖျက်ဆီးခြင်း၊ ဘုရားစေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်